လေပြင်းတိုက်ခတ်ခြင်း၊ မိုးသည်းထန်စွာရွာသွန်းခြင်းများကြောင့် အိုးအိမ်များထိခိုက်ပျက်စီးမှုအတွက် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာနမှ ထောက်ပံ့ကူညီမှုများ ဆောင်ရွက်လျက်ရှိ

20 Pic_01 20 Pic_02၁။       ၂၀၁၉ခုနှစ်၊ ဧပြီလ(၁၇)ရက်နေ့နှင့် (၁၈)ရက်နေ့တို့၌ မကွေးတိုင်းဒေသကြီးအတွင်း၌ လေပြင်း တိုက်ခတ်ခြင်း၊ မိုးသည်းထန်စွာရွာသွန်းခြင်းများဖြစ်ပွားခဲ့ရာ မင်းတုန်း၊ ဆင်ပေါင်ဝဲ၊ မကွေး၊ တောင်တွင်းကြီး၊ ပေါက်၊ ဂန့်ဂေါနှင့် မြိုင်မြို့နယ်တို့တွင်  နေအိမ်(၂၆)လုံး ပြိုကျခဲ့ပြီး နေအိမ်(၅၃၀) ကျော်ခန့်နှင့် ဘာသာရေးအဆောက်အဦ(၁၃)လုံး ထိခိုက်ပျက်စီးခဲ့ကြောင်း၊ အလားတူ စစ်ကိုင်း တိုင်းဒေသကြီး၊ ဝက်လက်၊ ဆားလင်းကြီး၊ ပုလဲ၊ အရာတော်နှင့် မုံရွာမြို့နယ် တို့တွင် နေအိမ်(၁၅)လုံး ပြိုကျခဲ့ပြီး နေအိမ်(၄၀၀)လုံးခန့်နှင့် ဘာသာရေးအဆောက်အဦ(၆)လုံး ထိခိုက်ပျက်စီးခဲ့ကြောင်းနှင့် ရှမ်းပြည်နယ်၊ ပင်လောင်းနှင့် ဆီဆိုင်မြို့နယ်တို့တွင် နေအိမ်(၆၀)လုံးခန့်နှင့် ဘာသာရေး အဆောက်အဦ(၂)လုံး ထိခိုက်ပျက်စီးခဲ့ကြောင်း သိရှိရပါသည်။

၂။       လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာနအနေဖြင့် လေဘေးကြောင့် နေအိမ်ထိခိုက်ပျက်စီးခဲ့သည့် ဘေးသင့်ပြည်သူများအတွက် ဆန်ရိက္ခာဖိုး၊ အိမ်ဆောက် ပစ္စည်းဖိုးများနှင့် ကယ်ဆယ်ရေးပစ္စည်းများကို ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဉီးစီးဌာန၊ သက်ဆိုင်ရာ တိုင်းဒေသကြီး/ပြည်နယ်ဦးစီးမှူးရုံးများနှင့် ခရိုင်ဉီးစီးမှူးရုံးများမှ တာဝန်ရှိသူများက ဘေးသင့်နေရာ များသို့ အမြန်ဆုံးသွားရောက် ထောက်ပံ့ပေးလျက်ရှိရာ ပစ္စည်းနှင့်ငွေသားစုစုပေါင်း ကျပ်သိန်း (၃၂၀)ကျော် ထောက်ပံ့ပြီးဖြစ်ကြောင်းနှင့် ထောက်ပံ့မှုများ ဆက်လက်ဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိပါသည်။

၃။       ပြည်သူလူထုအနေဖြင့် ယခုကဲ့သို့ နွေရာသီကာလမတ်လနှင့်ဧပြီလများအတွင်း နေ့အပူချိန်များ တဖြည်းဖြည်းမြင့်တက်လာရာမှ လေပြင်းများတိုက်ခတ်ခြင်း၊ အချိန်အခါမဟုတ် မိုးသည်းထန်စွာ ရွာသွန်းခြင်း၊ မိုးသီးကြွေခြင်းတို့ဖြစ်ပွားတတ်သဖြင့် အထူးသတိပြုနေထိုင်ကြပါရန်နှင့် သဘာဝဘေး အန္တရာယ်များနှင့်ပတ်သက်၍ လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန တွင် ဖွင့်လှစ်ထားရှိသည့် Hot-line ဖုန်းများဖြစ်သော ၀၆၇-၃၄၀၄၆၆၆ နှင့် ၀၆၇-၃၄၀၄၇၇၇ တို့သို့ ဆက်သွယ်အကူအညီတောင်းခံနိုင်ပါကြောင်းလည်း သိရှိရပါသည်။

#ha_sgw

#apr2019

Source:         က.ဆ.ရ

 

 

Sign Up

Upcoming Events