ဟင်္သာတခရိုင်ဦးစီးမှူးရုံးမှ ကမ်းပြိုဘေးထောက်ပံ့မှုသတင်း

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ဟင်္သာတခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးကျော်မျိုးလင်း၊ ကြံခင်းမြို့နယ်ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်  ဒေါ်က်တာထွန်းလင်းမော်၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးကျော်ကျော်လွင်နှင့် တာဝန်ရှိသူများသည် (၈-၄-၂၀၁၉)ရက်နေ့ ကြံခင်းမြို့နယ်၊ ရေလယ်ကျွန်းအုပ်စုအထက်ကုန်းနှင့် တဲတန်းကျေးရွာတို့တွင် ဖြစ်ပွားခဲ့သော ကမ်းပြိုရွှေ့ပြောင်းအိမ်ခြေ (၂၀)လုံးအတွက် အိမ်ဆောက်ပစ္စည်းဖိုးကျပ် (၂,၀၀၀,၀၀၀) ဘေးသင့်လူဦးရေ (၅၃) ဦးအတွက် ဆန်ရိက္ခာ (၇) ရက်စာ ရန်ပုံငွေကျပ်(၁၁၁,၃၀၀)၊ ကယ်ဆယ်ရေးပစ္စည်း (၁၀)မျိုး ( ၂၀)  အိမ်ထောင်စာတန်ဖိုးငွေ (၃၇၀,၂၀၀) care myanmar ပိုက်ဖျာ( ၂၀)ချပ် စုစုပေါင်းထောက်ပံ့မှုတန်ဖိုး( ၂၄၈၁,၅၀၀) ကျပ်တို့အား ကြံခင်းမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၌ ကမ်းပြိုရွှေ့ပြောင်းကြရသည့် ပြည်သူများအတွက်  ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သတင်းရရှိပါသည်။

Sign Up

Upcoming Events