လေဘေးသင့်ပြည်သူများအားထောက်ပံ့မှုသတင်း

20 Pic_01လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ မင်းတပ်ခရိုင်ဦးစီးမှူးရုံးမှတာဝန်ရှိသူများသည် ချင်းပြည်နယ်၊ မင်းတပ်ခရိုင်၊ မတူပီ်မြို့နယ်၊ ကျေးရွာအုပ်စုတို၌ (၃၁-၃-၂၀၁၉) ရက်နေ့မှ (၂-၄-၂၀၁၉) ရက်နေ့အထိ ဖြစ်ပွားခဲ့သောလေပြင်းတိုက်ခတ်မှုကြောင့် (တစ်စိတ်တစ်ပိုင်းပျက်စီး) လူနေအိမ် (၂၃၂)လုံးအတွက် အိမ်ဆောက်ပစ္စည်းဖိုးထောက်ပံ့ငွေ (၂၀,၁၅၀,၀၀၀/-) ကျပ်၊ လူဦးရေ (၁,၁၆၈)ဦးအတွက် ဆန်ရိက္ခာ(၇)ရက်စာဖိုးထောက်ပံ့ငွေ (၂,၄၅၂,၈၀၀/-) ကျပ်၊ (လုံးဝပျက်စီး)ကျောင်း(၂) ကျောင်းအတွက် ကျောင်းဆောက်ပစ္စည်းဖိုးထောက်ပံ့ငွေ (၁,၁၉၅,၀၀၀/-)  ကျပ်၊ (တစ်စိတ်တစ်ပိုင်းပျက်စီး) နေအိမ်(၈)လုံးအတွက် ကယ်ဆယ်ရေးပစ္စည်း (၁၁) မျိုး (၈) အိမ်ထောင်စုစာအားလည်းကောင်း၊ (၉-၄-၂၀၁၉) ရက်နေ့တွင်ဖြစ်ပွားခဲ့သောလေပြင်းတိုက်ခတ်မှုကြောင့် (တစ်စိတ်တစ်ပိုင်းပျက်စီး)နေအိမ် (၂)လုံးအတွက် အိမ်ဆောက်ပစ္စည်းဖိုးထောက်ပံ့ငွေ (၁၆၀,၀၀၀/-) ကျပ်၊ အိမ်ထောင်စု(၂)စုမှ လူဦးရေ (၁၃) ဦးအတွက် ဆန်ရိက္ခာဖိုး(၇)ရက်စာထောက်ပံ့ငွေ (၂၇,၃၀၀/-) ကျပ်၊ ကယ်ဆယ်ရေးပစ္စည်း (၁၁) မျိုး (၂) အိမ်ထောင်စုစာတို့အားလည်းကောင်း၊ (၁၉-၄-၂၀၁၉) ရက်နေ့တွင် မတူပီမြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနနှင့်ပူးပေါင်း၍ ဘေးသင့်ပြည်သူများအား ထောင်ပံ့ပေးအပ်ခဲ့ပါ ကြောင်း သတင်းရရှိပါသည်။

#ha_sgw

#chn_apr2019

Source:         မင်းတပ်ခရိုင်ဦးစီးမှူးရုံး (ဘစမ)

 

 

Sign Up

Upcoming Events