Category Archives: News
-
သဘာဝဘေးအန္တရာယ်ဆိုင်ရာ အသိပညာပေးဟောပြောပွဲကျင်းပမှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန၊ ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်တိုင်းဦးစီးမှူးရုံးမှ တာဝန်ရှိသူများ သည် (၂၁-၅-၂၀၁၉) ရက်နေ့၊ (၁၀:၀၀) နာရီမှ (၁၂:၀၀) နာရီအထိ တပ်ကုန်းမြို့နယ်၊ ကံလှကျေးရွာအုပ်စု၊ ဂတ်ရှိုင်းကျေးရွာ၊ သာသနာ့မဏ္ဍိုင်ဘုန်းကြီးကျောင်း၌ ပြည်သူများ သဘာဝဘေးအန္တရာယ်များနှင့်ပတ်သက်သော ဆောင်ရန်/ ရှောင်ရန်အချက်များအား သိရှိ လိုက်နာဆောင်ရွက်နိုင်ရေးအတွက် သဘာဝဘေးအန္တရာယ်ဆိုင်ရာ အသိပညာပေးဟောပြော ပွဲကို ကျင်းပပြုလုပ်ခဲ့ရာ ပြည်သူလူထု (၂၀၀) ဦးခန့် တက်ရောက်ခဲ့ပြီး အဆိုပါတက်ရောက် လာသူများအား သဘာဝဘေးအသိပညာပေးလက်ကမ်းစာစောင်များ၊ ဗွီနိုင်းပိုစတာများနှင့် နံရံကပ်ပိုစတာများ ဖြန့်ဝေပေးခဲ့ပါကြောင်းသတင်းရရှိပါသည်။ #ar #npw_may2019 … Read more
-
သောက်သုံးရေများဖြန့်ဝေပေးမှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီး ဌာန၊ ညောင်ဦးခရိုင်ဦးစီးမှူးရုံးက တာဝန်ရှိသူများသည် ညောင်ဦးမြို့နယ်၊ ထီးပုကျေးရွာအုပ်စု၊ ဂျမ်းလှီးကျေးရွာရှိ အိမ်ထောင်စု (၁၀၅)စုမှ လူဦးရေ (၅၀၀)ဦးအတွက် ရေဂါလံ (၁,၆၀၀) ကို တောင်ဇင်းမြို့မီးသတ်တပ်ဖွဲ့မှ တာဝန်ရှိသူများနှင့်အတူ (၂၁-၅-၂၀၁၉) ရက်နေ့တွင် သွားရောက် ဖြန့်ဝေပေးခဲ့ကြောင်း သိရှိရပါသည်။ #ha_drg #mdy_may2019 Source:ညောင်ဦးခရိုင်ဦးစီးမှူးရုံး(ဘစမ)
-
သဘာဝဘေးအန္တရာယ်လျော့ချရေးဆိုင်ရာစီမံကိန်း မိတ်ဆက်ခြင်းအခမ်းအနားနှင့် အလုပ်ရုံဆွေးနွေးပွဲ (မြို့နယ်အဆင့်) ကျင်းပပြုလုပ်မှုသတင်း
(၂၁.၅.၂၀၁၉)ရက်နေ့တွင် မြေပုံမြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ရုံးခန်းမ၌ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှု ဦးစီးဌာနနှင့် CERA အဖွဲ့အစည်းတို့ ပူးပေါင်းကျင်းပပြုလုပ်သော သဘာဝဘေးအန္တရာယ်လျော့ချရေးဆိုင်ရာစီမံကိန်း မိတ်ဆက်ခြင်းအခန်းအနားနှင့် အကြံဉာဏ်များရယူခြင်း အလုပ်ရုံဆွေးနွေးပွဲ (မြို့နယ်အဆင့်) အား လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန၊ ရခိုင်ပြည်နယ်ဦးစီးမှူးရုံး၏ ပြည်နယ်ဦးစီးမှူးမှ အဖွင့်အမှာစကားပြောကြားခြင်း၊ လုပ်ငန်းအကြောင်းအရာများရှင်းပြခြင်း၊ CERA အဖွဲ့အစည်း၏ ဒါရိုက်တာ ဦးကျော်နိုင်စိုးမှ ဆွေးေမြေပုံခန်းအနားရည်ရွယ်ချက်များအား ရှင်းပြပေးခြင်းများနှင့်တကွ မြေပုံမြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြို့နယ်အုပ်ချုပ်ရေးမှူးနှင့် ဌာနဆိုင်ရာဝန်ထမ်း (၃၃)ဦး၊ ရပ်ကွက်/ကျေးရွာအုပ်ချုပ်ရေးမှူး(၁၂)ဦး၊ စုစုပေါင်းတက်ရောက်လူဦးရေ(၅၀)ဦးခန့်တို့နှင့်အတူ အလုပ်ရုံဆွေးနွေးပွဲကို အောင်မြင်စွာ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရှိရပါသည်။ … Read more
-
လေဘေးထောက်ပံ့မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ် ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ တောင်ငူခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၁၈-၅-၂၀၁၉) ရက်နေ့၌ ဖြစ်ပွားခဲ့သော လေပြင်းတိုက်ခတ်မှုကြောင့် ဖြူးမြို့နယ်၊ လှသင်းမောင်ကျေးရွာ အုပ်စု၊ လှသင်းမောင်ကျေးရွာနှင့် ကင်မွန်းခြုံကျေးရွာတို့ရှိ အမိုးလန်နေအိမ် (၁၄) လုံးအတွက် အိမ်ဆောက်ပစ္စည်းဖိုး (၆၄၇၀၀၀/-) ကျပ်ကို တာဝန်ရှိသူများနှင့်အတူ (၂၁-၅-၂၀၁၉) ရက်နေ့တွင် ထောက်ပံ့ပေးအပ်ခဲ့ပါကြောင်းသတင်းရရှိပါသည်။ #ha_sgw #bgo_may2019 Source: တောင်ငူခရိုင်ဦးစီးမှူးရုံး (ဘစမ)
-
လေဘေးထောက်ပံ့မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ပဲခူးတိုင်းဒေသကြီးဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၁၄-၅-၂၀၁၉)ရက်နေ့၌ လေဘေးဖြစ်ပွားခဲ့သော ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ အုတ်ဖိုမြို့နယ်၊ ရပ်ကွက်(၂)ရပ်ကွက်၊ အုပ်စု(၅)အုပ်စုတို့တွင် အမိုးလန်နေအိမ်(၂၈)လုံးနှင့် ပြိုလဲနေအိမ်(၂)လုံးတို့အတွက် အိမ်ဆောက်ပစ္စည်းဖိုးထောက်ပံငွေ(၉၈၇၅၀၀/-)ကျပ်၊ပြိုလဲနေအိမ်(၂)လုံးမှ လူဦးရေ(၈)ဦးအတွက် ဆန်ရိက္ခာဖိုးထောက်ပံငွေ(၁၆၈၀၀/-)ကျပ်၊ စုစုပေါင်းထောက်ပံငွေ(၁၀၀၄၃၀၀/-)ကျပ် ကယ်ဆယ်ရေးပစ္စည်း(၁၆)မျိုး(ပလပ်စတစ်ပုံးအပါ)(၂)အိမ်ထောင်စာ၊ (၁၉-၅-၂၀၁၉)ရက်နေ့၌ သာယာဝတီခရိုင်၊အုတ်ဖိုမြို့နယ်၊ ကျေးရွာအုပ်စု(၃)အုပ်စုတွင် ဖြစ်ပွားခဲ့သော လေဘေးမှ အမိုးလန်နေအိမ်(၃၇)လုံးနှင့် ပြိုလဲနေအိမ်(၁၀)လုံးတို့အတွက် အိမ်ဆောက်ပ္စည်းဖိုးထောက်ပံငွေ(၂၂၁၈၅၀၀/-)ကျပ်နှင့် ပြိုလဲနေအိမ်(၁၀)လုံးမှ လူဦးရေ(၃၈)ဦးတို့အတွက် ဆန်ရိက္ခာဖိုးထောက်ပံငွေ(၇၉၈၀၀/-)ကျပ်၊စုစုပေါင်းထောက်ပံငွေ(၂၂၉၈၃၀၀/-)ကျပ် ကယ်ဆယ်ရေးပစ္စည်း(၁၆)မျိုး(ပလပ်စတစ်ပုံးအပါ) (၁၀)အိမ်ထောင်စာအား(၂၁-၅-၂၀၁၉) ရက်နေ့၊ (၁၀:၀၀)နာရီအချိန်တွင် အုတ်ဖိုမြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး၌ ကရင်တိုင်းရင်းသားလူမျိုးရေးရာဝန်ကြီး ဒေါ်နော်ပွယ်စေး၊ မြို့နယ်အုပ်ချုပ်ရေးမှူးရုံးမှတာဝန်ရှိသူများ၊ သက်ဆိုင်ရာကျေးရွာအုပ်ချုပ်ရေးမှူးများနှင့်အတူ ပြည်သူလက်ဝယ်အရောက် … Read more
-
လေဘေးထောက်ပံ့မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန၊ သရက်ခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် အောင်လံမြို့နယ်၊ ဒုရင်္ဂဗိုလ်ကျေးရွာအုပ်စု၊ ဒုရင်္ဂဗိုလ်ကျေးရွာနှင့် ကသစ်ကန်ကျေးရွာတို့တွင် (၁၆.၅.၂၀၁၉)ရက်နေ့၊ (၁၈:၃၀)နာရီမှ (၁၈:၅၀)နာရီအချိန်အထိ လေပြင်းတိုက်ခတ်မှုကြောင့် ပြိုကျနေအိမ်(၃)လုံးနှင့် နေအိမ်(၁၅)လုံးအမိုးလန်ပျက်စီးခဲ့ပြီး အိမ်ခြေ(၁၈)လုံး၊ အိမ်ထောင်စု(၁၈)စု၊ လူဦးရေ စုစုပေါင်း(၇၉)ဦး ဘေးသင့်ခဲ့ရာ ဘေးသင့်လူဦးရေ (၇၉)ဦးအတွက် ဆန်ရိက္ခာဖိုး(၇)ရက်စာ ၁၆၅၉၀၀/-၊ ပြိုကျနေအိမ်(၃)လုံးအတွက် အိမ်ဆောက်ပစ္စည်းဖိုး ၃၀၀၀၀၀/-၊ အမိုးလန်နေအိမ်(၁၅)လုံးအတွက် အိမ်ဆောက်ပစ္စည်းဖိုး ၃၇၉၀၀၀/-၊ ရန်ပုံငွေစုစုပေါင်း ၈၄၄၉၀၀/- ၊ကယ်ဆယ်ရေးပစ္စည်း(၁၅)မျိ ု း- (၃)အိမ်ထာင်စာနှင့် ကယ်ဆယ်ရေးပစ္စည်း(၁၀)မျိုး-(၁၅)အိမ်ထောင်စာတို့အား (၂၀.၅.၂၀၁၉) … Read more
-
မီးဘေးသင့်ပြည်သူများအား ထောက်ပံ့ပေးမှုသတင်း
(၁၆.၅.၂၀၁၉) ရက်နေ့ (၁၆:၀၀)နာရီတွင် ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ အိမ်မဲမြို့နယ်၊ ပုလုညောင်ဝိုင်းကျေးရွာအုပ်စု၊ နန်ပါလောကျေးရွာရှိ နေအိမ်မီးဖိုချောင်မီးကြွင်းမီးကျန်မှတစ်ဆင့် မီးစတင်လောင်ကျွမ်းခဲ့ရာ ဓနိမိုး၊ ဓနိကာ၊ ဝါးတိုင်၊ ဝါးကြမ်းခင်းနေအိမ် (၁)လုံး မီးလောင်ဆုံးရှုံးခဲ့ပြီး အိမ်ထောင်စု (၁) စုမှ လူဦးရေ (၂)ဦး မီးဘေးသင့် ခဲ့သဖြင့် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှု ဦးစီးဌာန၊ မြောင်းမြခရိုင်ဦးစီးမှူးရုံးမှတာဝန်ရှိသူများသည်(၂၁.၅.၂၀၁၉)ရက်နေ့၊နံနက်ပိုင်းတွင် ကယ်ဆယ်ရေး ပစ္စည်း(၁၆)မျိုး၊ (၁)အိမ်ထောင်စုစာ၊အိမ်ဆောက်ပစ္စည်းဖိုး (၄၀,၀၀၀)၊ ဆန်ရိက္ခာ (၇)ရက်စာဖိုးငွေ (၄,၂၀၀)ကျပ်၊ စုစုပေါင်းထောက်ပံ့ငွေ (၄၄,၂၀၀) ကျပ်တို့ကို … Read more
-
သောက်သုံးရေလှူဒါန်းနေမှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ မိုင်းဖြတ်မြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂၀.၅.၂၀၁၉) ရက်နေ့တွင် မိုင်းဖြတ်မြို့နယ်၊ ဝမ်ဟွေရပ်ကွက်အတွက် သောက်သုံးရေ ဂါလံ (၂၄၀၀) လှူဒါန်းခဲ့ကြောင်း သတင်းရရှိပါသည်။ #ha_drg #shn_may2019 Source – မိုင်းဖြတ်မြို့နယ်ဦးစီးမှူးရုံး (ဘစမ)
-
လေဘေးထောက်ပံ့မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ် ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ဟင်္သာတခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၁၆-၅-၂၀၁၉) ရက်နေ့တွင် လေပြင်းတိုက်ခတ်မှုကြောင့် ပျက်စီးခဲ့သော အင်္ဂပူမြို့နယ်၊ ကညင်ငူအုပ်စု၊ ကြို့ကုန်းကြီးကျေးရွာရှိ အမိုးလန်ပျက်စီးခဲ့သော ဘုန်းတော်ကြီးကျောင်းအတွက် ကျောင်း ဆောက်ပစ္စည်းဖိုး (၅၀၀၀၀/-) ကျပ်ကို (၂၀-၅-၂၀၁၉) ရက်နေ့တွင် တာဝန်ရှိသူများနှင့်အတူ ဘုန်းတော်ကြီးကျောင်း ဆရာတော်ထံ ဆက်ကပ်လှူဒါန်းခဲ့ပါကြောင်းသတင်းရရှိပါသည်။ #ha_sgw #ayy_may2019 Source: ဟင်္သာတခရိုင်ဦးစီးမှူးရုံး (ဘစမ)
-
သဘာဝဘေးလျော့ပါးရေး အသိပညာပေးဟောပြောပွဲကျင်းပပြုလုပ်မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန၊ ပူတာအိုခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများနှင့် စေတနာ့ဝန်ထမ်းဆရာ/မများသည် (၂၀.၅.၂၀၁၉) နေ့ (၁၀းဝဝ) ချိန်မှ (၁၂း၀၀) ချိန်ထိအား ပူတာအိုခရိုင် ခရိုင်/မြို့နယ်အဆင့် (G6) ပြန်လည် မွမ်းမံသင်တန်း၌ ဆရာ/မ (၄၄၀)ဦးခန့်အားလည်းကောင်း (၁၄း၀၀)ချိန်မှ(၁၆း၀၀)နာရီချိန်ထိအား မြို့နယ်အဆင့်(G-3)ပြန်လည်မွမ်းမံသင်တန်း၌ ဆရာ/မ(၇၀)ဦးခန့်အားလည်းကောင်း ငလျင်ဘေးအန္တရာယ်နှင့် အခြားဘေးအန္တရာယ်ဆိုင်ရာသိကောင်းစရာများနှင့် ဆောင်ရန်/ရှောင်ရန်များအား ဟောပြောဆွေးနွေးခဲ့ပြီး တက်ရောက်လာသော ဆရာ/ဆရာမများအား စာသင်ကျောင်းများတွင် မြေငလျင်ဇာတ်တိုက်လေ့ကျင့်ခြင်း ဆောင်ရွက်ပုံအဆင့်ဆင့်လက်ကမ်းစာအုပ် စာသင်ကျောင်းများတွင် ငလျင်ဘေးအန္တရာယ်ကြောင့် ထိခိုက်ဆုံးရှုံးနိုင်ခြေလျှော့ချရေးဆိုင်ရာ လက်ကမ်းစာအုပ်နှင့် ငလျင်ဘေးအန္တရာယ်ဆိုင်ရာ ဆောင်ရန်/ရှောင်ရန်လက်ကမ်းစာစောင်များအား ဖြန့်ဝေခဲ့ပါကြောင်း သတင်းရရှိပါသည်။ … Read more









