လေဘေးထောက်ပံ့မှုသတင်း

21_Pic_01

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ် ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ဟင်္သာတခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၁၆-၅-၂၀၁၉) ရက်နေ့တွင် လေပြင်းတိုက်ခတ်မှုကြောင့် ပျက်စီးခဲ့သော အင်္ဂပူမြို့နယ်၊ ကညင်ငူအုပ်စု၊ ကြို့ကုန်းကြီးကျေးရွာရှိ အမိုးလန်ပျက်စီးခဲ့သော ဘုန်းတော်ကြီးကျောင်းအတွက် ကျောင်း ဆောက်ပစ္စည်းဖိုး (၅၀၀၀၀/-) ကျပ်ကို (၂၀-၅-၂၀၁၉) ရက်နေ့တွင် တာဝန်ရှိသူများနှင့်အတူ ဘုန်းတော်ကြီးကျောင်း ဆရာတော်ထံ ဆက်ကပ်လှူဒါန်းခဲ့ပါကြောင်းသတင်းရရှိပါသည်။

#ha_sgw

#ayy_may2019

Source: ဟင်္သာတခရိုင်ဦးစီးမှူးရုံး (ဘစမ)

Sign Up

Upcoming Events