မီးဘေးသင့်ပြည်သူများအား ထောက်ပံ့ပေးမှုသတင်း

21_Pic_01
(၁၆.၅.၂၀၁၉) ရက်နေ့ (၁၆:၀၀)နာရီတွင် ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ အိမ်မဲမြို့နယ်၊ ပုလုညောင်ဝိုင်းကျေးရွာအုပ်စု၊ နန်ပါလောကျေးရွာရှိ နေအိမ်မီးဖိုချောင်မီးကြွင်းမီးကျန်မှတစ်ဆင့် မီးစတင်လောင်ကျွမ်းခဲ့ရာ ဓနိမိုး၊ ဓနိကာ၊ ဝါးတိုင်၊ ဝါးကြမ်းခင်းနေအိမ် (၁)လုံး မီးလောင်ဆုံးရှုံးခဲ့ပြီး အိမ်ထောင်စု (၁) စုမှ လူဦးရေ (၂)ဦး မီးဘေးသင့် ခဲ့သဖြင့် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှု ဦးစီးဌာန၊ မြောင်းမြခရိုင်ဦးစီးမှူးရုံးမှတာဝန်ရှိသူများသည်(၂၁.၅.၂၀၁၉)ရက်နေ့၊နံနက်ပိုင်းတွင် ကယ်ဆယ်ရေး ပစ္စည်း(၁၆)မျိုး၊ (၁)အိမ်ထောင်စုစာ၊အိမ်ဆောက်ပစ္စည်းဖိုး (၄၀,၀၀၀)၊ ဆန်ရိက္ခာ (၇)ရက်စာဖိုးငွေ (၄,၂၀၀)ကျပ်၊ စုစုပေါင်းထောက်ပံ့ငွေ (၄၄,၂၀၀) ကျပ်တို့ကို ဘေးသင့်ပြည်သူများ ထံသို့ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရှိရပါ သည်။
#ha_fir
#ayy_may2019
Source: မြောင်းမြခရိုင်ဦးစီးမှူးရုံး (ဘစမ)

Sign Up

Upcoming Events