လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ပဲခူးတိုင်းဒေသကြီးဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၁၄-၅-၂၀၁၉)ရက်နေ့၌ လေဘေးဖြစ်ပွားခဲ့သော ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ အုတ်ဖိုမြို့နယ်၊ ရပ်ကွက်(၂)ရပ်ကွက်၊ အုပ်စု(၅)အုပ်စုတို့တွင် အမိုးလန်နေအိမ်(၂၈)လုံးနှင့် ပြိုလဲနေအိမ်(၂)လုံးတို့အတွက် အိမ်ဆောက်ပစ္စည်းဖိုးထောက်ပံငွေ(၉၈၇၅၀၀/-)ကျပ်၊ပြိုလဲနေအိမ်(၂)လုံးမှ လူဦးရေ(၈)ဦးအတွက် ဆန်ရိက္ခာဖိုးထောက်ပံငွေ(၁၆၈၀၀/-)ကျပ်၊ စုစုပေါင်းထောက်ပံငွေ(၁၀၀၄၃၀၀/-)ကျပ် ကယ်ဆယ်ရေးပစ္စည်း(၁၆)မျိုး(ပလပ်စတစ်ပုံးအပါ)(၂)အိမ်ထောင်စာ၊ (၁၉-၅-၂၀၁၉)ရက်နေ့၌ သာယာဝတီခရိုင်၊အုတ်ဖိုမြို့နယ်၊ ကျေးရွာအုပ်စု(၃)အုပ်စုတွင် ဖြစ်ပွားခဲ့သော လေဘေးမှ အမိုးလန်နေအိမ်(၃၇)လုံးနှင့် ပြိုလဲနေအိမ်(၁၀)လုံးတို့အတွက် အိမ်ဆောက်ပ္စည်းဖိုးထောက်ပံငွေ(၂၂၁၈၅၀၀/-)ကျပ်နှင့် ပြိုလဲနေအိမ်(၁၀)လုံးမှ လူဦးရေ(၃၈)ဦးတို့အတွက် ဆန်ရိက္ခာဖိုးထောက်ပံငွေ(၇၉၈၀၀/-)ကျပ်၊စုစုပေါင်းထောက်ပံငွေ(၂၂၉၈၃၀၀/-)ကျပ် ကယ်ဆယ်ရေးပစ္စည်း(၁၆)မျိုး(ပလပ်စတစ်ပုံးအပါ) (၁၀)အိမ်ထောင်စာအား(၂၁-၅-၂၀၁၉) ရက်နေ့၊ (၁၀:၀၀)နာရီအချိန်တွင် အုတ်ဖိုမြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး၌ ကရင်တိုင်းရင်းသားလူမျိုးရေးရာဝန်ကြီး ဒေါ်နော်ပွယ်စေး၊ မြို့နယ်အုပ်ချုပ်ရေးမှူးရုံးမှတာဝန်ရှိသူများ၊ သက်ဆိုင်ရာကျေးရွာအုပ်ချုပ်ရေးမှူးများနှင့်အတူ ပြည်သူလက်ဝယ်အရောက် ထောက်ပံပေးအပ်ခဲ့ကြောင်း သတင်းရရှိပါသည်။
#ha_sgw
#bgo_may2019
Source – ပဲခူးတိုင်းဒေသကြီးဦးစီးမှူးရုံး(ဘစမ)