လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ် ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ တောင်ငူခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၁၈-၅-၂၀၁၉) ရက်နေ့၌ ဖြစ်ပွားခဲ့သော လေပြင်းတိုက်ခတ်မှုကြောင့် ဖြူးမြို့နယ်၊ လှသင်းမောင်ကျေးရွာ အုပ်စု၊ လှသင်းမောင်ကျေးရွာနှင့် ကင်မွန်းခြုံကျေးရွာတို့ရှိ အမိုးလန်နေအိမ် (၁၄) လုံးအတွက် အိမ်ဆောက်ပစ္စည်းဖိုး (၆၄၇၀၀၀/-) ကျပ်ကို တာဝန်ရှိသူများနှင့်အတူ (၂၁-၅-၂၀၁၉) ရက်နေ့တွင် ထောက်ပံ့ပေးအပ်ခဲ့ပါကြောင်းသတင်းရရှိပါသည်။
#ha_sgw
#bgo_may2019
Source: တောင်ငူခရိုင်ဦးစီးမှူးရုံး (ဘစမ)