လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန၊ ပူတာအိုခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများနှင့် စေတနာ့ဝန်ထမ်းဆရာ/မများသည် (၂၀.၅.၂၀၁၉) နေ့ (၁၀းဝဝ) ချိန်မှ (၁၂း၀၀) ချိန်ထိအား ပူတာအိုခရိုင် ခရိုင်/မြို့နယ်အဆင့် (G6) ပြန်လည် မွမ်းမံသင်တန်း၌ ဆရာ/မ (၄၄၀)ဦးခန့်အားလည်းကောင်း (၁၄း၀၀)ချိန်မှ(၁၆း၀၀)နာရီချိန်ထိအား မြို့နယ်အဆင့်(G-3)ပြန်လည်မွမ်းမံသင်တန်း၌ ဆရာ/မ(၇၀)ဦးခန့်အားလည်းကောင်း ငလျင်ဘေးအန္တရာယ်နှင့် အခြားဘေးအန္တရာယ်ဆိုင်ရာသိကောင်းစရာများနှင့် ဆောင်ရန်/ရှောင်ရန်များအား ဟောပြောဆွေးနွေးခဲ့ပြီး တက်ရောက်လာသော ဆရာ/ဆရာမများအား စာသင်ကျောင်းများတွင် မြေငလျင်ဇာတ်တိုက်လေ့ကျင့်ခြင်း ဆောင်ရွက်ပုံအဆင့်ဆင့်လက်ကမ်းစာအုပ် စာသင်ကျောင်းများတွင် ငလျင်ဘေးအန္တရာယ်ကြောင့် ထိခိုက်ဆုံးရှုံးနိုင်ခြေလျှော့ချရေးဆိုင်ရာ လက်ကမ်းစာအုပ်နှင့် ငလျင်ဘေးအန္တရာယ်ဆိုင်ရာ ဆောင်ရန်/ရှောင်ရန်လက်ကမ်းစာစောင်များအား ဖြန့်ဝေခဲ့ပါကြောင်း သတင်းရရှိပါသည်။
#ar
#kcn_may2019
Source: ပူတာအိုခရိုင်ဦးစီးမှူးရုံး (ဘစမ)