လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန၊ ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်တိုင်းဦးစီးမှူးရုံးမှ တာဝန်ရှိသူများ သည် (၂၁-၅-၂၀၁၉) ရက်နေ့၊ (၁၀:၀၀) နာရီမှ (၁၂:၀၀) နာရီအထိ တပ်ကုန်းမြို့နယ်၊ ကံလှကျေးရွာအုပ်စု၊ ဂတ်ရှိုင်းကျေးရွာ၊ သာသနာ့မဏ္ဍိုင်ဘုန်းကြီးကျောင်း၌ ပြည်သူများ သဘာဝဘေးအန္တရာယ်များနှင့်ပတ်သက်သော ဆောင်ရန်/ ရှောင်ရန်အချက်များအား သိရှိ လိုက်နာဆောင်ရွက်နိုင်ရေးအတွက် သဘာဝဘေးအန္တရာယ်ဆိုင်ရာ အသိပညာပေးဟောပြော ပွဲကို ကျင်းပပြုလုပ်ခဲ့ရာ ပြည်သူလူထု (၂၀၀) ဦးခန့် တက်ရောက်ခဲ့ပြီး အဆိုပါတက်ရောက် လာသူများအား သဘာဝဘေးအသိပညာပေးလက်ကမ်းစာစောင်များ၊ ဗွီနိုင်းပိုစတာများနှင့် နံရံကပ်ပိုစတာများ ဖြန့်ဝေပေးခဲ့ပါကြောင်းသတင်းရရှိပါသည်။
#ar
#npw_may2019
Source: ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်တိုင်းဦးစီးမှူးရုံး (ဘစမ)