လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန၊ သရက်ခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် အောင်လံမြို့နယ်၊ ဒုရင်္ဂဗိုလ်ကျေးရွာအုပ်စု၊ ဒုရင်္ဂဗိုလ်ကျေးရွာနှင့် ကသစ်ကန်ကျေးရွာတို့တွင် (၁၆.၅.၂၀၁၉)ရက်နေ့၊ (၁၈:၃၀)နာရီမှ (၁၈:၅၀)နာရီအချိန်အထိ လေပြင်းတိုက်ခတ်မှုကြောင့် ပြိုကျနေအိမ်(၃)လုံးနှင့် နေအိမ်(၁၅)လုံးအမိုးလန်ပျက်စီးခဲ့ပြီး အိမ်ခြေ(၁၈)လုံး၊ အိမ်ထောင်စု(၁၈)စု၊ လူဦးရေ စုစုပေါင်း(၇၉)ဦး ဘေးသင့်ခဲ့ရာ ဘေးသင့်လူဦးရေ (၇၉)ဦးအတွက် ဆန်ရိက္ခာဖိုး(၇)ရက်စာ ၁၆၅၉၀၀/-၊ ပြိုကျနေအိမ်(၃)လုံးအတွက် အိမ်ဆောက်ပစ္စည်းဖိုး ၃၀၀၀၀၀/-၊ အမိုးလန်နေအိမ်(၁၅)လုံးအတွက် အိမ်ဆောက်ပစ္စည်းဖိုး ၃၇၉၀၀၀/-၊ ရန်ပုံငွေစုစုပေါင်း ၈၄၄၉၀၀/- ၊ကယ်ဆယ်ရေးပစ္စည်း(၁၅)မျိ ု း- (၃)အိမ်ထာင်စာနှင့် ကယ်ဆယ်ရေးပစ္စည်း(၁၀)မျိုး-(၁၅)အိမ်ထောင်စာတို့အား (၂၀.၅.၂၀၁၉) ရက်နေ့တွင် အောင်လံမြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ တာဝန်ရှိသူများ၏ ရှေ့မှောက်တွင် ကျေးရွာအုပ်ချုပ်ရေးမှူ းများ လက်ဝယ်သို့လွှဲပြောင်းထောက်ပံ့ပေးအပ်ခဲ့ကြောင်း သတင်းရရှိပါသည်။
#ha_sgw
#mgy_may2019
Source – သရက်ခရိုင်ဦးစီးမှူးရုံး(ဘစမ)