(၂၁.၅.၂၀၁၉)ရက်နေ့တွင် မြေပုံမြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ရုံးခန်းမ၌ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှု ဦးစီးဌာနနှင့် CERA အဖွဲ့အစည်းတို့ ပူးပေါင်းကျင်းပပြုလုပ်သော သဘာဝဘေးအန္တရာယ်လျော့ချရေးဆိုင်ရာစီမံကိန်း မိတ်ဆက်ခြင်းအခန်းအနားနှင့် အကြံဉာဏ်များရယူခြင်း အလုပ်ရုံဆွေးနွေးပွဲ (မြို့နယ်အဆင့်) အား လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန၊ ရခိုင်ပြည်နယ်ဦးစီးမှူးရုံး၏ ပြည်နယ်ဦးစီးမှူးမှ အဖွင့်အမှာစကားပြောကြားခြင်း၊ လုပ်ငန်းအကြောင်းအရာများရှင်းပြခြင်း၊ CERA အဖွဲ့အစည်း၏ ဒါရိုက်တာ ဦးကျော်နိုင်စိုးမှ ဆွေးေမြေပုံခန်းအနားရည်ရွယ်ချက်များအား ရှင်းပြပေးခြင်းများနှင့်တကွ မြေပုံမြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြို့နယ်အုပ်ချုပ်ရေးမှူးနှင့် ဌာနဆိုင်ရာဝန်ထမ်း (၃၃)ဦး၊ ရပ်ကွက်/ကျေးရွာအုပ်ချုပ်ရေးမှူး(၁၂)ဦး၊ စုစုပေါင်းတက်ရောက်လူဦးရေ(၅၀)ဦးခန့်တို့နှင့်အတူ အလုပ်ရုံဆွေးနွေးပွဲကို အောင်မြင်စွာ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရှိရပါသည်။
Source: ရခိုင်ပြည်နယ်ဦးစီးမှူးရုံး (ဘစမ)