Category Archives: News
-
သောက်သုံးရေလှူဒါန်းနေမှုသတင်း
လူမူဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည ်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲ့မှုဦးစီးဌာန၊ ဖျာပုံခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် မေလ (၂၂) ရက်နေ့တွင် ဖျာပုံမြို့နယ်၊ အမာမြို့၊ မြို့ကုန်းကျေးရွာအုပ်စု၊ ခရုချောင်းကျေးရွာ၊ ကျုံလှကျေးရွာနှင့် နန်းစံကျေးရွာတို့တွင် သောက်သုံးရေရှားပါးမှု ဖြစ်ပေါ်နေခြင်းအတွက် သောက်သုံးရေဂါလံ (၁၀၄၀၀) ကိုဖြန့်ဝေ လှူဒါန်းပေးခဲ့ကြောင်း သတင်းရရှိပါသည်။ #ha_drg #ayy_may2019 Source – ဖျာပုံခရိုင်ဦးစီးမှူးရုံး (ဘစမ)
-
လေဘေးထောက်ပံ့မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ် ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ဆိပ်ဖြူမြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ဆိပ်ဖြူမြို့နယ် ကူရှည်ကျေးရွာအုပ်စု၊ တပေါင်းကျေးရွာတွင် (၂၁-၅-၂၀၁၉)ရက်နေ့ (၁၇:၃၀) နာရီအချိန်၌ လေပြင်းတိုက်ခတ်မှုကြောင့် အမိုးလန်ပျက်စီးခဲ့သည့် အိမ်ခြေ (၄၈) လုံး၊ အိမ်ထောင်စု (၄၈) စု၊ လူဦးရေ (၂၃၇) ဦးတို့အား ဆန်ရိက္ခာ (၇) ရက်စာဖိုး (၄၉၇၇၀၀/-) ကျပ်၊ အိမ်ဆောက်ပစ္စည်းဖိုး (၁၅၁၀၀၀၀/-) ကျပ်၊ စုစုပေါင်း (၂၀၀၇၇၀၀/-) ကျပ်အား ဆိပ်ဖြူမြို့နယ် အထွေထွေ အုပ်ချူပ်ရေးဦးစီးဌာနရုံး၌ (၂၂-၅-၂၀၁၉) ရက်နေ့တွင် … Read more
-
သဘာဝဘေးလျော့ပါးရေး အသိပညာပေးဟောပြောပွဲကျင်းပပြုလုပ်မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ကျိုင်းတုံခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂၂-၅-၂၀၁၉) ရက်နေ့၊ (၀၉:၃၀) နာရီချိန်တွင် တာချီလိတ်ခရိုင်၊ တာလေမြို့၊ မိုင်းလင်းအနောက်ကျေးရွာအုပ်စု၌ တက်ရောက်သူ(၁၀၀)ဦးအားလည်းကောင်း၊ (၁၃း၀၀)အချိန်တွင် မိုင်းလင်းအရှေ့ကျေးရွာအုပ်စု၌ တက်ရောက်သူ(၁၀၀)ဦးအားလည်းကောင်း၊ သဘာဝဘေးအန္တရာယ်များနှင့် ပတ်သက်သော ဆောင်ရန်/ ရှောင်ရန်အချက်များအား သိရှိလိုက်နာဆောင်ရွက်နိုင်ရေးအတွက် သဘာဝဘေးအန္တရာယ်ဆိုင်ရာ အသိပညာပေးဟောပြောပွဲကို ကျင်းပပြုလုပ်ခဲ့ပြီး တက်ရောက်လာသူများအား သဘာဝဘေးအသိပညာပေး လက်ကမ်းစာစောင်များဖြန့်ဝေပေးခဲ့ကြောင်း သတင်းရရှိပါသည်။ #ar #shn_may2019 Source: ကျိုင်းတုံခရိုင်ဦးစီးမှူးရုံး (ဘစမ)
-
လေဘေးထောက်ပံ့မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ် ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ရေကြည်မြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ရေကြည် မြို့နယ်၊ သစ်ဖြူပင်ကျေးရွာအုပ်စု၊ ဇရပ်လှကျေးရွာအုပ်စုနှင့် ပိတောက်ချောင် ကျေးရွာအုပ်စု တို့တွင် (၂၀-၅-၂၀၁၉) ရက်နေ့တွင် ဖြစ်ပွားခဲ့သော လေပြင်းဘေးကြောင့် (တစ်စိတ်တပိုင်း/ အမိုးလန်) ပျက်စီး နေအိမ် (၁၉) လုံးအတွက် အိမ်ဆောက်ပစ္စည်းဖိုး (၉၅၀၀၀၀/-) ကျပ်၊ ပြိုကျပျက်စီးနေအိမ် (၅) လုံးအတွက် ကယ်ဆယ်ရေးပစ္စည်း (၁၆) မျိုး (၅) အိမ်ထောင်စု၊ အိမ်ဆောက်ပစ္စည်းဖိုး (၅၀၀၀၀၀/-) ကျပ်၊ လူဦးရေ (၉၈) … Read more
-
လေဘေးသင့်ပြည်သူများအား ထောက်ပံ့ပေးမှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ မြောက်ဦးခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၁၈-၅-၂၀၁၉) ရက်နေ့တွင် ဖြစ်ပွားခဲ့သော လေပြင်းတိုက်ခတ်မှု ကြောင့် မြောက်ဦးမြို့နယ်အတွင်းရှိ ကျေးရွာ(၁၀)ရွာမှ လုံးဝပျက်စီးသွားသောနေအိမ် (သွပ်မိုး၊ဓနိမိုး၊ဝါးကာ၊ဝါးခင်း) (၁၁)လုံးအတွက် ကယ်ဆယ်ရေးပစ္စည်း(၁၅)မျိုး၊ (၁၁)အိမ်ထောင်စုစာ၊ အိမ်ဆောက်ပစ္စည်းဖိုး(၁၁၀၀၀၀၀/-)၊ တစ်စိတ်တစ်ပိုင်းပျက်စီးသွားသောနေအိမ် (သွပ်မိုး၊ဓနိမိုး၊ဝါးကာ၊ဝါးခင်း) (၈၄)လုံးအတွက် ကယ်ဆယ်ရေးပစ္စည်း(၁၀)မျိုး၊ (၈၄)အိမ်ထောင်စုစာ၊ အိမ်ဆောက်ပစ္စည်းဖိုး(၁၆၈၀၀၀၀/-)၊ လူဦးရေ(၄၅၁)ဦးအတွက် ဆန်ရိက္ခာ(၇)ရက်စာဖိုး (၉၄၇၁၀၀/-)နှင့် တစ်စိတ်တစ်ပိုင်းပျက်စီးသွားသော ဘုန်းတော်ကြီးကျောင်း(၂)ကျောင်းအတွက်ကျောင်းဆောက်ပစ္စည်းဖိုး(၂၀၀၀၀၀/-)၊စုစုပေါင်း(၃၉၂၇၁၀၀/-) တို့အား(၂၂-၅-၂၀၁၉)ရက်နေ့တွင်မြို့နယ်အုပ်ချုပ်ရေးမှူးနှင့်အတူထောက်ပံ့ပေးအပ်ခဲ့ကြောင်း သတင်းရရှိပါသည်။ #ha_sgw #rke_may2019 Source: မြောက်ဦးခရိုင်ဦးစီးမှူးရုံး (ဘစမ)
-
မိုးကြိုးဘေးနှင့် လေဘေးထောက်ပံ့မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ မြောင်းမြခရိုင်ဦးစီးမှူးရုံးမှတာဝန်ရှိသူများသည် ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ အိမ်မဲမြို့နယ်၊ တကောကျေးရွာ အုပ်စု၊ ညောင်ပင်စုကျေးရွာတွင်(၂၀.၅.၂၀၁၉) ရက်နေ့၊ (၁၅း၀၀)နာရီ၌ ဦးအောင်မိုး(ဘ)ဦးမြမောင် လယ်လုပ်သည် ၎င်းလယ်သို့ မိုးစပါးသွားရောက် ပို့စဉ်မိုးကြိုးထိမှန်သေဆုံးခဲ့ပါသဖြင့် သေဆုံး ထောက်ပံ့ငွေ(၃၀၀၀၀၀/-)နှင့် (၂၁.၅.၂၀၁၉) ရက်နေ့၊ (၀၅း၀၀)နာရီချိန်၌ အိမ်မဲမြို့နယ်၊ နီစပ်ကြီးကျေးရွာတွင် လေပြင်းတိုတ်ခတ်မှုကြောင့် နီစပ်ကြီးဘုန်းတော်ကြီးကျောင်းအမိုးလန်ပျက်စီးခဲ့ရာ ကျောင်းဆောက်ပစ္စည်းဖိုးထောက်ပံ့ငွေ (၅၀၀၀၀/-) စုစုပေါင်းထောက်ပံ့ငွေ(၃၅၀၀၀၀/-)တို့အား (၂၂.၅.၂၀၁၉)ရက်နေ့၊ နံနက်ပိုင်းတွင် ဘေးသင့်ပြည်သူများ ထံသို့ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သတင်းရရှိပါသည်။ #ha_sgw #ayy_may2019 Source – မြောင်းမြခရိုင်ဦးစီးမှူးရုံး(ဘစမ)
-
သောက်သုံးရေဖြန့်ဝေမှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ် ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ပခုက္ကူခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂၂-၅-၂၀၁၉) ရက်နေ့တွင် သောက်သုံးရေအခက်အခဲဖြစ်ပေါ်နေသော ပခုက္ကူမြို့နယ်၊ ပန်းတိုင်းခြုံကျေးရွာ အုပ်စု၊ မြောက်လူးကန်ကျေးရွာရှိ ကျေးရွာနေပြည်သူ အိမ်ထောင်စု (၅၁၀) စုအတွက် သောက်သုံးရေဂါလံ (၇၂၀၀) ကိုလည်းကောင်း၊ မွန်းလွဲပိုင်းတွင် ရေစကြိုမြို့နယ်၊ ထန်းတိုကျေးရွာအုပ်စု၊ မြစ်လှချောင်ကျေးရွာနေပြည်သူ အိမ်ထောင်စု (၁၀၀) အတွက် သောက်သုံး ရေဂါလံ (၃၆၀၀) ကိုလည်းကောင်း၊ ညနေပိုင်းတွင် ရေစကြိုမြို့နယ်၊ ခွေးမြှပ်ကျေးရွာအုပ်စု၊ ယာကြီးကုန်းကျေးရွာရှိ ကျေးရွာနေပြည်သူ အိမ်ထောင်စု (၈၅) စုအတွက် … Read more
-
မီးဘေးသင့်ပြည်သူများအား ထောက်ပံ့ပေးမှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ရန်ကုန်တိုင်းဒေသကြီးဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် အင်းစိန်မြို့နယ်၊ အောင်ဆန်းရပ်ကွက်၊ သစ္စာဝါဒီလမ်း၊ အမှတ်(၈၂၀)၊ ပိုင်ရှင်ဦးရဲမင်းသိန်း (ဘ)ဦးသိန်းမြင့်နေအိမ်တွင ်(၂၁-၅-၂၀၁၉) ရက်နေ့ (၁၈:၄၅) နာရီအချိန်၌ ဆီမီးပူဇော်စဉ်ဖယောင်းတိုင်မီးလဲကျရာမှ မီးလောင်မှုဖြစ်ပွားခဲ့ပြီး၊ နေအိမ်(၁)လုံးမီးလောင်ဆုံးရှုံးခဲ့ပြီး၊ အိမ်ထောင်စု(၁)စုမှ လူဦးရေ(၇)ဦးတို့ မီးဘေးသင့်ခဲ့ရာ၊ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာနမှ (၂၂-၅-၂၀၁၉) ရက်နေ့တွင် ကယ်ဆယ်ရေးပစ္စည်း (၁၆) မျိုး (၁) အိမ်ထောင်စုစာ၊ အိမ်ဆောက်ပစ္စည်းဖိုးထောက်ပံ့ငွေကျပ် (၂,၀၀,၀၀၀/-) နှင့် လူဦးရေ (၇) ဦးအတွက် ဆန်ရိက္ခာဖိုးထောက်ပံ့ငွေ (၁၄,၇၀၀/-)အား တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ်၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ တာဝန်ရှိသူများနှင့်အတူ ဘေးသင့်ပြည်သူများထံသို့ … Read more
-
လေဘေးသင့်ပြည်သူများအား ထောက်ပံ့ပေးမှုသတင်း
ဟင်္သာတမြို့နယ်၊(ကညင်ငူ၊ဇရပ်ကွင်း၊ပြာကတတ်၊စစ်ကုန်း)အုပ်စု၊ကျေးရွာခွဲ(၁၃)ရွာတွင်(၂၀-၅-၂၀၁၉)နေ့တွင် လေဘေးကြောင့် ပြိုကျအိမ်ခြေ(ဝါး) (၄)လုံး၊ အိမ်ခြေ(သစ်)(၁)လုံး၊ တစ်စိတ်တပိုင်းပျက်စီးခဲ့သောအိမ်ခြေ(၄၀) လုံး၊၎င်းအိမ်ထောင်စု(၄၅)စုရှိ လူဦးရေ(၁၆၅)ဦးတို့ အတွက် အိမ်ဆောက်ပစ္စည်းဖိုး (၂,၉၇၅,၀၀၀)ကျပ်၊ ဆန်ရိက္ခာဖိုး(၃၄၆,၅၀၀)ကျပ်၊ စုစုပေါင်းထောက်ပံ့ရန်ပုံငွေ(၃,၃၂၁,၅၀၀)ကျပ်၊ ကယ်ဆယ်ရေးပစ္စည်း (၁၅)မျိုး (၅)အိမ်ထောင်စာ တန်ဖိုး(၁၆၁,၇၆၅)ကျပ်၊ စုစုပေါင်းကယ်ဆယ်ရေးထောက်ပံ့မှုကျပ် (၃,၄၈၃,၂၆၅)ကျပ်တို့ကို လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ဟင်္သာတခရိုင်ဦးစီးမှူးရုံးမှတာဝန်ရှိသူများသည် (၂၂-၅- ၂၀၁၉) ရက်နေ့တွင် ဟင်္သာတမြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှတာဝန်ရှိသူများနှင့်အတူ ဘေးသင့်ပြည်သူများလက်ဝယ်သို့ အရောက်ပေးပို့ထောက်ပံပေးအပ်ခဲ့ကြောင်း သိရှိရပါသည်။ #ha_sgw #ayy_may2019 Source: ဟင်္သာတခရိုင်ဦးစီးမှူးရုံး (ဘစမ)
-
လေဘေးသင့်ပြည်သူများအား ထောက်ပံ့ပေးမှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ညောင်ဦးခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ညောင်ဦးမြို့နယ်၊ တက်မကျေးရွာအုပ်စု၊ တက်မကျေးရွာတွင် (၂၀-၅-၂၀၁၉) ရက်နေ့ (၁ရး၀၀)အချိန် မိုးရွာသွန်းပြီး လေပြင်းတိုက်ခတ်မှုကြောင့် နေအိမ်(၁)လုံး ပြိုကျပျက်စီးခဲ့သဖြင့် ဘေးသင့်အိမ်ခြေ (၁)လုံး၊ အိမ်ထောင်စု(၁)စုမှ လူဦးရေ (၄)ဦးအတွက် ဆန်ရိက္ခာ (၇)ရက်စာ (၈,၄၀၀)ကျပ်၊ အိမ်ဆောက်ပစ္စည်းဖိုး (၁၀၀,၀၀၀) ကျပ်နှင့် ကယ်ဆယ်ရေးပစ္စည်း(၁၇)မျိုး (၁)အိမ်ထောင်စာတို့ကို (၂၁-၅-၂၀၁၉)ရက်နေ့တွင် ဘေးသင့်ပြည်သူတို့၏ လက်ဝယ်အရောက် သွားရောက်ထောက်ပံ့ခဲ့ကြောင်း သတင်းရရှိပါသည်။ #ha_sgw #mdy_may2019 Source: ညောင်ဦးခရိုင်ဦးစီးမှူးရုံး (ဘစမ)









