လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ် ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ဆိပ်ဖြူမြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ဆိပ်ဖြူမြို့နယ် ကူရှည်ကျေးရွာအုပ်စု၊ တပေါင်းကျေးရွာတွင် (၂၁-၅-၂၀၁၉)ရက်နေ့ (၁၇:၃၀) နာရီအချိန်၌ လေပြင်းတိုက်ခတ်မှုကြောင့် အမိုးလန်ပျက်စီးခဲ့သည့် အိမ်ခြေ (၄၈) လုံး၊ အိမ်ထောင်စု (၄၈) စု၊ လူဦးရေ (၂၃၇) ဦးတို့အား ဆန်ရိက္ခာ (၇) ရက်စာဖိုး (၄၉၇၇၀၀/-) ကျပ်၊ အိမ်ဆောက်ပစ္စည်းဖိုး (၁၅၁၀၀၀၀/-) ကျပ်၊ စုစုပေါင်း (၂၀၀၇၇၀၀/-) ကျပ်အား ဆိပ်ဖြူမြို့နယ် အထွေထွေ အုပ်ချူပ်ရေးဦးစီးဌာနရုံး၌ (၂၂-၅-၂၀၁၉) ရက်နေ့တွင် တာဝန်ရှိသူများနှင့်အတူ ကူရှည် ကျေးရွာအုပ်စုအုပ်ချူပ်ရေးမှူး လက်ဝယ်အရောက် ဘေးသင့်ပြည်သူများအတွက် ထောက်ပံ့ ပေးအပ်ခဲ့ကြောင်းသတင်းရရှိပါသည်။
#ha_sgw
#mgy_may2019
Source: ဆိပ်ဖြူမြို့နယ်ဦးစီးမှူးရုံး (ဘစမ)