မိုးကြိုးဘေးနှင့် လေဘေးထောက်ပံ့မှုသတင်း

23_Pic_02

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ မြောင်းမြခရိုင်ဦးစီးမှူးရုံးမှတာဝန်ရှိသူများသည် ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ အိမ်မဲမြို့နယ်၊ တကောကျေးရွာ အုပ်စု၊ ညောင်ပင်စုကျေးရွာတွင်(၂၀.၅.၂၀၁၉) ရက်နေ့၊ (၁၅း၀၀)နာရီ၌ ဦးအောင်မိုး(ဘ)ဦးမြမောင် လယ်လုပ်သည် ၎င်းလယ်သို့ မိုးစပါးသွားရောက် ပို့စဉ်မိုးကြိုးထိမှန်သေဆုံးခဲ့ပါသဖြင့် သေဆုံး ထောက်ပံ့ငွေ(၃၀၀၀၀၀/-)နှင့် (၂၁.၅.၂၀၁၉) ရက်နေ့၊ (၀၅း၀၀)နာရီချိန်၌ အိမ်မဲမြို့နယ်၊ နီစပ်ကြီးကျေးရွာတွင် လေပြင်းတိုတ်ခတ်မှုကြောင့် နီစပ်ကြီးဘုန်းတော်ကြီးကျောင်းအမိုးလန်ပျက်စီးခဲ့ရာ ကျောင်းဆောက်ပစ္စည်းဖိုးထောက်ပံ့ငွေ (၅၀၀၀၀/-) စုစုပေါင်းထောက်ပံ့ငွေ(၃၅၀၀၀၀/-)တို့အား (၂၂.၅.၂၀၁၉)ရက်နေ့၊ နံနက်ပိုင်းတွင် ဘေးသင့်ပြည်သူများ ထံသို့ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သတင်းရရှိပါသည်။

 

#ha_sgw

#ayy_may2019

Source – မြောင်းမြခရိုင်ဦးစီးမှူးရုံး(ဘစမ)

Sign Up

Upcoming Events