လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ မြောက်ဦးခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၁၈-၅-၂၀၁၉) ရက်နေ့တွင် ဖြစ်ပွားခဲ့သော လေပြင်းတိုက်ခတ်မှု ကြောင့် မြောက်ဦးမြို့နယ်အတွင်းရှိ ကျေးရွာ(၁၀)ရွာမှ လုံးဝပျက်စီးသွားသောနေအိမ် (သွပ်မိုး၊ဓနိမိုး၊ဝါးကာ၊ဝါးခင်း) (၁၁)လုံးအတွက် ကယ်ဆယ်ရေးပစ္စည်း(၁၅)မျိုး၊ (၁၁)အိမ်ထောင်စုစာ၊ အိမ်ဆောက်ပစ္စည်းဖိုး(၁၁၀၀၀၀၀/-)၊ တစ်စိတ်တစ်ပိုင်းပျက်စီးသွားသောနေအိမ် (သွပ်မိုး၊ဓနိမိုး၊ဝါးကာ၊ဝါးခင်း) (၈၄)လုံးအတွက် ကယ်ဆယ်ရေးပစ္စည်း(၁၀)မျိုး၊ (၈၄)အိမ်ထောင်စုစာ၊ အိမ်ဆောက်ပစ္စည်းဖိုး(၁၆၈၀၀၀၀/-)၊ လူဦးရေ(၄၅၁)ဦးအတွက် ဆန်ရိက္ခာ(၇)ရက်စာဖိုး (၉၄၇၁၀၀/-)နှင့် တစ်စိတ်တစ်ပိုင်းပျက်စီးသွားသော ဘုန်းတော်ကြီးကျောင်း(၂)ကျောင်းအတွက်ကျောင်းဆောက်ပစ္စည်းဖိုး(၂၀၀၀၀၀/-)၊စုစုပေါင်း(၃၉၂၇၁၀၀/-) တို့အား(၂၂-၅-၂၀၁၉)ရက်နေ့တွင်မြို့နယ်အုပ်ချုပ်ရေးမှူးနှင့်အတူထောက်ပံ့ပေးအပ်ခဲ့ကြောင်း သတင်းရရှိပါသည်။
#ha_sgw
#rke_may2019
Source: မြောက်ဦးခရိုင်ဦးစီးမှူးရုံး (ဘစမ)