လေဘေးထောက်ပံ့မှုသတင်း

23 Pic_03

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ် ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ရေကြည်မြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ရေကြည် မြို့နယ်၊ သစ်ဖြူပင်ကျေးရွာအုပ်စု၊ ဇရပ်လှကျေးရွာအုပ်စုနှင့် ပိတောက်ချောင် ကျေးရွာအုပ်စု တို့တွင် (၂၀-၅-၂၀၁၉) ရက်နေ့တွင် ဖြစ်ပွားခဲ့သော လေပြင်းဘေးကြောင့် (တစ်စိတ်တပိုင်း/ အမိုးလန်) ပျက်စီး နေအိမ် (၁၉) လုံးအတွက် အိမ်ဆောက်ပစ္စည်းဖိုး (၉၅၀၀၀၀/-) ကျပ်၊ ပြိုကျပျက်စီးနေအိမ် (၅) လုံးအတွက် ကယ်ဆယ်ရေးပစ္စည်း (၁၆) မျိုး (၅) အိမ်ထောင်စု၊ အိမ်ဆောက်ပစ္စည်းဖိုး (၅၀၀၀၀၀/-) ကျပ်၊  လူဦးရေ (၉၈) ဦးအတွက် ဆန်ရိက္ခာ (၇) ရက်စာ ရန်ပုံငွေ (၂၀၅၈၀၀/-) ကျပ်၊ စုစုပေါင်းရန်ပုံငွေ (၁၆၅၅၈၀၀/-) ကျပ်အား (၂၂-၅-၂၀၁၉) ရက်နေ့ (၁၉:၃၀) အချိန်တွင် သက်ဆိုင်ရာတာဝန်ရှိသူများရှေ့မှောက်၌ လေဘေးသင့်ပြည်သူများ လက်ဝယ်သို့ ထောက်ပံ့ပေးအပ်ခဲ့ပါကြောင်းသတင်းရရှိပါသည်။

#ha_sgw

#ayy_may2019

Source: ရေကြည်မြို့နယ်ဦးစီးမှူးရုံး (ဘစမ)

Sign Up

Upcoming Events