Category Archives: News
-
ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာနနှင့် ကုလသမဂ္ဂဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံး (UNHCR) တို့အကြား နားလည်မှုစာချွန်လွှာ လက်မှတ်ရေးထိုး
မေ ၂၃၊ နေပြည်တော် * လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ် ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာနနှင့် ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံး (United Nations High Commissioner for Refugees- UNHCR) တို့အကြား နားလည်မှုစာချွန်လွှာ (MoU) လက်မှတ်ရေးထိုးပွဲအခမ်းအနားကို ယနေ့မွန်းလွဲပိုင်းတွင် အဆိုပါဝန်ကြီးရုံး အစည်းအဝေး ခန်းမ၌ကျင်းပပြုလုပ်ရာ ဒုတိယဝန်ကြီးဦးစိုးအောင် တက်ရောက်၍ အဖွင့်အမှာစကား ပြောကြားခဲ့ပါသည်။ * ဒုတိယဝန်ကြီးက ယခုကဲ့သို့ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာနနှင့် UNHCR အဖွဲ့အစည်းတို့အကြား နားလည်မှုစာချွန်လွှာကို အောင်မြင်စွာ လက်မှတ်ရေးထိုးနိုင်သည့် … Read more
-
သဘာဝဘေးအသိပညာပေး ဟောပြောပွဲ ကျင်းပပြုလုပ်မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန၊ ရန်ကုန်တိုင်းဒေသကြီးဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂၃.၅.၂၀၁၉)ရက်နေ့၊ (၁၂:၀၀) မှ (၁၄:၀၀)နာရီအထိ လှည်းကူးမြို့နယ်အထွေထွေအုပ်ချပ်ရေးဦးစီးဌာနအစည်းအဝေးခန်းမ၌ သဘာဝဘေးအသိပညာပေးဟောပြောပွဲကို ကျင်းပပြုလုပ်ခဲ့ရာ ပြည်သူ့လူထု(၁၅၀)ဦးခန့် တက်ရောက်ခဲ့ပါကြောင်းနှင့် အဆိုပါတက်ရောက် လာသူများအား လက်ကမ်းစာစောင်များဝေငှပေးခြင်းနှင့် ဗီနိုင်းများ ပေးအပ်ခဲ့ကြောင်း သိရှိရပါသည်။ #ar #ygn_may2019 Source: ရန်ကုန်တိုင်းဒေသကြီးဦးစီးမှူးရုံး(ဘစမ)
-
လှည်းကူးမြို့နယ်အတွင်း လေပြင်းဘေးထောက်ပံ့ပေးမှုသတင်း
ရန်ကုန်တိုင်းဒေသကြီး၊ မြောက်ပိုင်းခရိုင်၊ လှည်းကူးမြို့နယ်တွင် (၈.၅.၂၀၁၉)ရက်နေ့၊ (၂၁.၅.၂၀၁၉)ရက်နေ့နှင့် (၂၂.၅.၂၀၁၉) ရက်နေ့များတွင် လေပြင်းတိုက်ခတ်မှုကြောင့် ဟိုင်းကူးကျေးရွာအုပ်စု၊ နန္တိကျေးရွာအုပ်စု၊ မရမ်းချောင် ကျေးရွာအုပ်စု၊ ဖောင်ကြီးအရှေ့ကျေးရွာအုပ်စု၊ ဖောင်ကြီးအနောက်ကျေးရွာအုပ်စုနှင့် မင်းကုန်းကျေးရွာ အုပ်စုအတွင်းရှိ ကျေးရွာ(၈)ရွာတို့တွင် နေအိမ်(၉၇)လုံးအမိုးလန်ပျက်စီးခဲ့ပြီး နေအိမ်(၁၄)လုံး ပြိုကျပျက်စီးခဲ့သဖြင့် အိမ်ထောင်စု(၁၁၁)စုမှ လူဦးရေ(၄၇၂)ဦးတို့ လေဘေးသင့်ခဲ့ပါသဖြင့် လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာ ချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ရန်ကုန်တိုင်းဒေသကြီးဦးစီးမှူးရုံးမှ (၂၃.၅.၂၀၁၉) ရက်နေ့တွင် အိမ်ဆောက် ပစ္စည်းဖိုးငွေကျပ် (၆,၀၂၀,၀၀၀)နှင့် ဆန်ရိက္ခာ(၇)ရက်စာဖိုးငွေကျပ် (၉၉၁,၂၀၀) ကျပ်၊ စုစုပေါင်း ထောက်ပံ့ငွေ (၇,၀၁၁,၂၀၀) ကျပ် … Read more
-
လေဘေးထောက်ပံ့မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ် ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ကျိုင်းတုံခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂၂-၅-၂၀၁၉) ရက်နေ့တွင် လေပြင်းတိုက်ခတ်မှုကြောင့် ကျိုင်းတုံမြို့နယ်၊ မိုင်းနော့/ဖာတကျေးရွာအုပ်စု၊ ဟာနမ့်ကျင် (အောက်) ကျေးရွာ၌ လူနေအိမ် (၂၂) လုံး၊ မိုင်းပျင်း (အောက်) ကျေးရွာရှိ လူနေအိမ် (၄) လုံးအမိုးလန်ပျက်စီးခဲ့ရာ အဆိုပါအမိုးလန်ပျက်စီးခဲ့သည့် နေအိမ် (၂၆) လုံးအတွက် အိမ်ဆောက်ပစ္စည်းဖိုးထောက်ပံ့ငွေ (၂၀၆၀၀၀၀/-) ကျပ်နှင့် တန်ဖိုးငွေ (၂၀၀၁၆၀/-) ကျပ်ရှိ ကယ်ဆယ်ရေးပစ္စည်း (၁၀) မျိုး (၁၆) အိမ်ထောင်စာအား (၂၃-၅-၂၀၁၉) … Read more
-
လေပြင်းဘေးသင့်ပြည်သူများအတွက် ထောက်ပံ့ပေးမှုသတင်း
လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ မအူပင်ခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂၁.၅.၂၀၁၉)ရက်နေ့တွင် လေပြင်းတိုက်ခတ်မှုကြောင့်( မအူပင်၊ပန်းတနော်၊ ညောင်တုန်း၊ဓနုဖြူ) မြို့နယ်တို့တွင် နေအိမ်များပြိုကျခြင်းနှင့် အမိုးလန်ပျက်စီးခြင်း များဖြစ်ပွားခဲ့ပါသဖြင့် မအူပင်မြို့နယ်၊နတ်စဉ် ၊တော်တလုပ်နှင့် ပေါက်ကုန်းကျေးရွာအုပ်စုရှိ ကျေးရွာခွဲ(၄)၌ ပြိုကျနေအိမ်( ၇) လုံး အိမ်ထောင်စု( ၇) စုအတွက် အိမ်ထောင်စု (၁) စုလျင် ကယ်ဆယ်ရေးပစ္စည်း (၁၆ ) မျိုး အိမ်ဆောက်ပစ္စည်းရန်ပုံငွေ( ၇၀၀,၀၀၀ ) ကျပ်နှင့် တစ်စိတ်တစ်ပိုင်းပျက်စီးခဲ့သည့်နေအိမ်(၂) လုံး အိမ်ထောင်စု (၂) စုအတွက် အိမ်ဆောက်ပစ္စည်းဖိုးရန်ပုံငွေ(၁၀၀,၀၀၀)ကျပ်၊ လူဦးရေ( … Read more
-
သောက်သုံးရေဖြန့်ဝေမှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ် ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ မကွေးတိုင်းဒေသကြီးဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂၃-၅-၂၀၁၉) ရက်နေ့တွင် သောက်သုံးရေရှားပါးမှုအခက်အခဲကြုံတွေ့နေရသော မကွေးမြို့နယ်၊ ကြာကန်ကျေးရွာ၊ ကန်ကြီးကုန်း (တဲတိုက်) ရှိ ကျေးရွာနေပြည်သူ အိမ်ခြေ (၁၁၅) လုံး၊ အိမ်ထောင်စု (၁၂၃) စု၊ လူဦးရေ (၅၆၀) ဦး တို့အတွက် သောက်သုံးရေဂါလံ (၆၀၀၀) အား ကျေးရွာအရောက် သွားရောက်ဖြန့်ဝေပေးခဲ့ကြောင်း သတင်းရရှိပါသည်။ #ha_drg #mgy_may2019 Source: မကွေးတိုင်းဒေသကြီးဦးစီးမှူးရုံး (ဘစမ)
-
နေရပ်ပြန်ပြည်သူများအားထောက်ပံ့မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ် ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ တာဝန်ရှိသူများသည် ကချင်ပြည်နယ်အစိုးရအဖွဲ့ လူမှုရေးဝန်ကြီး ဦးနေဝင်း ၏ဦးဆောင်မှုဖြင့် ( ၂၃- ၅ -၂၀၁၉) ရက်နေ့ နံနက် (၁ဝးဝ၀) နာရီအချိန်တွင် မြစ်ကြီးနားခရိုင်၊ ဝိုင်းမော်မြို့နယ်၊ နန်ဆန်ယန်ကျေးရွာရှိ ပြောင်းရွှေ့ အိမ်ထောင်စု (၅၂ ) စု လူဦးရေ (၃၁၇) ဦးတို့အတွက် တန်ဖိုးငွေ ( ၃,၆၇၆,၄၇၅/-) ကျပ် တန်ဖိုးရှိ ဆန်၊ ဆီ၊ ပဲ၊ ဆား၊ စားနပ်ရိက္ခာ (၁) … Read more
-
လေပြင်းဘေးသင့်ပြည်သူများအား ထောက်ပံ့ပေးမှုသတင်း
လယ်ဝေးမြို့နယ်၊ ဇလီငှက်ကြီးတောင်ကျေးရွာအုပ်စု၊ တဲကြီးကုန်းရွာမကျေးရွာ၊ အောင်စည်လာကျေးရွာနှင့် အောင်နန်းချိုကျေးရွာတို့တွင် (၂၁.၅.၂၀၁၉)ရက်နေ့(၁၇:၀၀)အချိန်မှစ၍ လေပြင်းတိုက်ခတ်မှုကြောင့်အမိုးလန်ပျက်စီးသည့် လူနေအိမ်(၂၀)လုံးအတွက် အိမ်ဆောက်ပစ္စည်းဖိုးရန်ပုံငွေ (၆၀၆,၀၀၀)ကျပ်၊ ဘေးသင့်လူဦးရေ (၉၈)ဦးအတွက် ဆန်ရိက္ခာဖိုးရန်ပုံငွေ(၂၀၅,၈၀၀)ကျပ်၊ စိန်မေရီခရစ်ယာန်ကျောင်းအတွက် ကျောင်းဆောက်ပစ္စည်းဖိုးရန်ပုံငွေ (၃၀,၀၀၀) ကျပ်၊ စုစုပေါင်း(၈၄၁,၈၀၀)ကျပ်တို့အား လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေး ဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်တိုင်းဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂၃.၅.၂၀၁၉)ရက်နေ့ (၁၂:၀၀)အချိန်တွင် ပြည်သူများလက်ဝယ်သို့ ကွင်းဆင်းထောက်ပံ့ပေးအပ် ခဲ့ကြောင်းသိရှိရပါသည်။ #ha_sgw #npw_may2019 Source: ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်တိုင်းဦးစီးမှူးရုံး(ဘစမ)
-
သဘာဝဘေးအန္တရာယ်ဆိုင်ရာအသိပညာပေးဟောပြောပွဲကျင်းပပြုလုပ်မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ပဲခူးတိုင်းဒေသကြီးဦးစီးမှူးရုံးတာဝန်ရှိသူများသည် (၂၃.၅.၂၀၁၉) ရက်နေ့၊ (၀၉:၀၀)နာရီမှ (၁၁:၀၀)နာရီချိန်အထိ ပဲခူးတိုင်းဒေသကြီး၊ ထန်းတပင်မြို့နယ်၊ ချောင်းဝကျေးရွာအုပ်စု၊ ရွှေစေတီဘုန်းကြီးကျောင်းဓမ္မာရုံ၌ “သဘာဝဘေး အန္တရာယ်ဆိုင်ရာအသိပညာပေးဟောပြောပွဲ”ကို မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ ကျေးရွာသူ/သားများ စုစုပေါင်း အင်အား(၁၅၀)ဦးတို့ဖြင့်ဆောင်ရွက်ခဲ့ပါသည်။ယင်းဟောပြောပွဲတွင် တက်ရောက်လာသူများအား အသိပညာပေး လက်ကမ်းစာစောင်များနှင့် စားသောက်ဖွယ်ရာများပေးဝေခဲ့ကြောင်း သိရှိရပါသည်။ #ar #bgo_may2019 Source:ပဲခူးတိုင်းဒေသကြီးဦးစီးမှူးရုံး(ဘစမ)
-
မိုးကြိုးဘေးထောက်ပံ့မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ် ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ညောင်ဦးခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ကျောက်ပန်း တောင်းမြို့နယ်၊ ဒီးဒုတ်ကုန်းကျးရွာအုပ်စု၊ သီးကုန်းကျေးရွာတွင် (၂၂-၅-၂၀၁၉) ရက်နေ့၊ (၁၆:၃၀) နာရီ၌ ဒေါ်အေးကြည် (ဘ) ဦးဉာဏ်တင် (တောင်သူ) သည် နေအိမ်အတွင်း ရေချိုးနေစဉ် မိုးကြိုးထိမှန်ပြီး သေဆုံးခဲ့ပါသဖြင့် သေဆုံးထောက်ပံ့ငွေ (၃၀၀၀၀၀/-) ကျပ်ကို (၂၃-၅-၂၀၁၉) ရက်နေ့၊ နံနက်ပိုင်းတွင် ကျောက်ပန်းတောင်းမြို့နယ် အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနရုံး၌ ကျန်ရစ်သူမိသားစု၏ လက်ဝယ်အရောက် ထောက်ပံ့ပေးအပ်ခဲ့ပါကြောင်း သတင်းရရှိပါသည်။ #ha_tls #mdy_may2019 Source: … Read more









