လေပြင်းဘေးသင့်ပြည်သူများအတွက် ထောက်ပံ့ပေးမှုသတင်း

23_Pic_01 23_Pic_02
လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ မအူပင်ခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂၁.၅.၂၀၁၉)ရက်နေ့တွင် လေပြင်းတိုက်ခတ်မှုကြောင့်( မအူပင်၊ပန်းတနော်၊ ညောင်တုန်း၊ဓနုဖြူ) မြို့နယ်တို့တွင် နေအိမ်များပြိုကျခြင်းနှင့် အမိုးလန်ပျက်စီးခြင်း များဖြစ်ပွားခဲ့ပါသဖြင့် မအူပင်မြို့နယ်၊နတ်စဉ် ၊တော်တလုပ်နှင့် ပေါက်ကုန်းကျေးရွာအုပ်စုရှိ ကျေးရွာခွဲ(၄)၌ ပြိုကျနေအိမ်( ၇) လုံး အိမ်ထောင်စု( ၇) စုအတွက် အိမ်ထောင်စု (၁) စုလျင် ကယ်ဆယ်ရေးပစ္စည်း (၁၆ ) မျိုး အိမ်ဆောက်ပစ္စည်းရန်ပုံငွေ( ၇၀၀,၀၀၀ ) ကျပ်နှင့် တစ်စိတ်တစ်ပိုင်းပျက်စီးခဲ့သည့်နေအိမ်(၂) လုံး အိမ်ထောင်စု (၂) စုအတွက် အိမ်ဆောက်ပစ္စည်းဖိုးရန်ပုံငွေ(၁၀၀,၀၀၀)ကျပ်၊ လူဦးရေ( ၃၈ ) ဦးအတွက်ဆန်ရိက္ခာပစ္စည်းဖိုး (၇၉,၈၀၀) စုစုပေါင်းကယ်ဆယ်ရေးရန်ပုံငွေ(၈၇၉,၈၀၀) ကျပ်တို့ကို (၂၃.၅.၂၀၁၉) ရက်နေ့(၁၀:၄၀) နာရီအချိန်တွင် မအူပင်မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၌လည်းကောင်း၊ ညောင်တုန်းမြို့နယ်၊ တဇင်ရေကျော်ကျေးရွာအုပ်စု၊ ( ပတုတ်၊ရေကျော်၊ ပန်းဆိပ်၊ ကဇန်း၊ ခနာ၊ ပနော် ၊ကျုံ ဝါး၊ တဇင်)ကျေးရွာ၌ ပြိုကျနေအိမ် (၁၁) အိမ်ထောင်စု (၁၁) စုအတွက် အိမ်ထောင်စု(၁)စုလျင် ကယ်ဆယ်ရေးပစ္စည်း(၁၆)မျိုးအိမ်ဆောက်ပစ္စည်းရန်ပုံငွေ(၁,၁၀၀,၀၀၀)ကျပ်နှင့် တစ်စိတ်တစ်ပိုင်းပျက်စီးခဲ့သည့်နေအိမ်(၂၁)လုံး အိမ်ထောင်စု(၂၁) စုစာအတွက်အိမ်ဆောက်ပစ္စည်းဖိုးရန်ပုံငွေ (၁,၀၅၀,၀၀၀) စုစုပေါင်းလူဦးရေး(၁၅၁)ဦးအတွက် ဆန်ရိက္ခာပစ္စည်းဖိုး( ၃၁၇,၁၀၀)ကျပ် စုစုပေါင်းကယ်ဆယ်ရေးရန်ပုံငွေ(၂,၄၆၇,၁၀၀)ကျပ်တို့ကို(၂၃.၅.၂၀၁၉)ရက်နေ့(၁၀:၄၅) နာရီအချိန်တွင် ကျေးရွာဓမ္မာရုံ၌ လည်းကောင်း၊ ပန်းတနော်မြို့နယ်၊ ကသဝင်ရွာအုပ်စု၊ ကြက်ကျွန်းကျေးရွာ၌ ပြိုကျနေအိမ်(၂) လုံး အိမ်ထောင်စု(၂)စုအတွက် အိမ်ထောင်စု(၁)စုလျင် ကယ်ဆယ်ရေးပစ္စည်း(၁၆)မျိုး အိမ်ဆောက်ပစ္စည်းဖိုးရန်ပုံငွေ(၂၀၀,၀၀၀) ကျပ်နှင့် စုစုပေါင်းလူဦးရေ (၄) ဦးအတွက် ဆန်ရိက္ခာပစ္စည်းဖိုး (၈,၄၀၀)ကျပ၊် စုစုပေါင်း ကယ်ဆယ်ရေးရန်ပုံငွေ (၂၀၈,၄၀၀)ကျပ်တို့ကို (၂၃ .၅.၂၀၁၉) ရက်နေ့(၀၉:၄၀) နာရီအချိန်တွင် ဘေးသင့်ပြည်သူများထံံသို့လည်းကောင်း၊ ဓနုဖြူ မြို့နယ်၊ ရေတွင်းကုန်းကျေးရွာအုပ်စု၊ လှေဆိပ်ကျေးရွာ၌ တစ်စိတ်တစ်ပိုင်းပျက်စီးခဲ့သည့်နေအိမ်(၁) လံုံး အိမ်ထောင်စု(၁)စုအတွက် အိမ်ဆောက်ပစ္စည်းဖိုးရန်ပုံငွေ (၃၀,၀၀၀)ကျပ်၊ စုစုပေါင်းလူဦးရေ(၄) ဦးအတွက် ဆန်ရိက္ခာပစ္စည်းဖိုး(၈,၄၀၀) စုစုပေါင်းကယ်ဆယ်ရေးရန်ပုံငွေ(၃၈,၄၀၀)ကျပ်တို့ကို (၂၃.၅.၂၀၁၉) ရက်နေ့(၁၀:၀၀)နာရီအချိန်တွင် ဓနုဖြူမြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၌လည်းကောင်း ဘေးသင့်ပြည်သူများထံသို့ထောက်ပံ့ ပေးအပ်ခဲ့ကြောင်း သိရှိရပါသည်။
#ha_sgw
#ayy_may2019
Source: မအူပင်ခရိုင်ဦးစီးမှူးရုံး (ဘစမ)

Sign Up

Upcoming Events