ရန်ကုန်တိုင်းဒေသကြီး၊ မြောက်ပိုင်းခရိုင်၊ လှည်းကူးမြို့နယ်တွင် (၈.၅.၂၀၁၉)ရက်နေ့၊ (၂၁.၅.၂၀၁၉)ရက်နေ့နှင့် (၂၂.၅.၂၀၁၉) ရက်နေ့များတွင် လေပြင်းတိုက်ခတ်မှုကြောင့် ဟိုင်းကူးကျေးရွာအုပ်စု၊ နန္တိကျေးရွာအုပ်စု၊ မရမ်းချောင် ကျေးရွာအုပ်စု၊ ဖောင်ကြီးအရှေ့ကျေးရွာအုပ်စု၊ ဖောင်ကြီးအနောက်ကျေးရွာအုပ်စုနှင့် မင်းကုန်းကျေးရွာ အုပ်စုအတွင်းရှိ ကျေးရွာ(၈)ရွာတို့တွင် နေအိမ်(၉၇)လုံးအမိုးလန်ပျက်စီးခဲ့ပြီး နေအိမ်(၁၄)လုံး ပြိုကျပျက်စီးခဲ့သဖြင့် အိမ်ထောင်စု(၁၁၁)စုမှ လူဦးရေ(၄၇၂)ဦးတို့ လေဘေးသင့်ခဲ့ပါသဖြင့် လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာ ချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ရန်ကုန်တိုင်းဒေသကြီးဦးစီးမှူးရုံးမှ (၂၃.၅.၂၀၁၉) ရက်နေ့တွင် အိမ်ဆောက် ပစ္စည်းဖိုးငွေကျပ် (၆,၀၂၀,၀၀၀)နှင့် ဆန်ရိက္ခာ(၇)ရက်စာဖိုးငွေကျပ် (၉၉၁,၂၀၀) ကျပ်၊ စုစုပေါင်း ထောက်ပံ့ငွေ (၇,၀၁၁,၂၀၀) ကျပ် တို့ကို သက်ဆိုင်ရာမြို့နယ်၊ရပ်ကွက်အုပ်ချုပ်ရေးမှူးတို့နှင့်အတူ ဘေးသင့်ပြည်သူများ၏ လက်ဝယ် သို့ ထောက်ပံ့ပေးခဲ့ကြောင်း သိရှိရပါသည်။
Source: ရန်ကုန်တိုင်းဒေသကြီးဦးစီးမှူးရုံး (ဘစမ)