လယ်ဝေးမြို့နယ်၊ ဇလီငှက်ကြီးတောင်ကျေးရွာအုပ်စု၊ တဲကြီးကုန်းရွာမကျေးရွာ၊ အောင်စည်လာကျေးရွာနှင့် အောင်နန်းချိုကျေးရွာတို့တွင် (၂၁.၅.၂၀၁၉)ရက်နေ့(၁၇:၀၀)အချိန်မှစ၍ လေပြင်းတိုက်ခတ်မှုကြောင့်အမိုးလန်ပျက်စီးသည့် လူနေအိမ်(၂၀)လုံးအတွက် အိမ်ဆောက်ပစ္စည်းဖိုးရန်ပုံငွေ (၆၀၆,၀၀၀)ကျပ်၊ ဘေးသင့်လူဦးရေ (၉၈)ဦးအတွက် ဆန်ရိက္ခာဖိုးရန်ပုံငွေ(၂၀၅,၈၀၀)ကျပ်၊ စိန်မေရီခရစ်ယာန်ကျောင်းအတွက် ကျောင်းဆောက်ပစ္စည်းဖိုးရန်ပုံငွေ (၃၀,၀၀၀) ကျပ်၊ စုစုပေါင်း(၈၄၁,၈၀၀)ကျပ်တို့အား လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေး ဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်တိုင်းဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂၃.၅.၂၀၁၉)ရက်နေ့ (၁၂:၀၀)အချိန်တွင် ပြည်သူများလက်ဝယ်သို့ ကွင်းဆင်းထောက်ပံ့ပေးအပ် ခဲ့ကြောင်းသိရှိရပါသည်။
Source: ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်တိုင်းဦးစီးမှူးရုံး(ဘစမ)