လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ် ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ကျိုင်းတုံခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂၂-၅-၂၀၁၉) ရက်နေ့တွင် လေပြင်းတိုက်ခတ်မှုကြောင့် ကျိုင်းတုံမြို့နယ်၊ မိုင်းနော့/ဖာတကျေးရွာအုပ်စု၊ ဟာနမ့်ကျင် (အောက်) ကျေးရွာ၌ လူနေအိမ် (၂၂) လုံး၊ မိုင်းပျင်း (အောက်) ကျေးရွာရှိ လူနေအိမ် (၄) လုံးအမိုးလန်ပျက်စီးခဲ့ရာ အဆိုပါအမိုးလန်ပျက်စီးခဲ့သည့် နေအိမ် (၂၆) လုံးအတွက် အိမ်ဆောက်ပစ္စည်းဖိုးထောက်ပံ့ငွေ (၂၀၆၀၀၀၀/-) ကျပ်နှင့် တန်ဖိုးငွေ (၂၀၀၁၆၀/-) ကျပ်ရှိ ကယ်ဆယ်ရေးပစ္စည်း (၁၀) မျိုး (၁၆) အိမ်ထောင်စာအား (၂၃-၅-၂၀၁၉) ရက်နေ့တွင် ဘေးဖြစ်ပွားရာဒေသအရောက် သွားရောက်ထောက်ပံ့ခဲ့ကြောင်းသတင်းရရှိပါသည်။
#ha_sgw
#shn_may2019
Source: ကျိုင်းတုံခရိုင်ဦးစီးမှူးရုံး (ဘစမ)