လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ် ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ တာဝန်ရှိသူများသည် ကချင်ပြည်နယ်အစိုးရအဖွဲ့ လူမှုရေးဝန်ကြီး ဦးနေဝင်း ၏ဦးဆောင်မှုဖြင့် ( ၂၃- ၅ -၂၀၁၉) ရက်နေ့ နံနက် (၁ဝးဝ၀) နာရီအချိန်တွင် မြစ်ကြီးနားခရိုင်၊ ဝိုင်းမော်မြို့နယ်၊ နန်ဆန်ယန်ကျေးရွာရှိ ပြောင်းရွှေ့ အိမ်ထောင်စု (၅၂ ) စု လူဦးရေ (၃၁၇) ဦးတို့အတွက် တန်ဖိုးငွေ ( ၃,၆၇၆,၄၇၅/-) ကျပ် တန်ဖိုးရှိ ဆန်၊ ဆီ၊ ပဲ၊ ဆား၊ စားနပ်ရိက္ခာ (၁) လစာ အိမ်ဆောက်ပစ္စည်းဖိုး (၄,၄၀၀,၀၀၀/-) ကျပ် ပြောင်းရွှေ့စရိတ် (၅,၂၀၀,၀၀၀/-) ကျပ်၊ (၁) အိမ်ထောင်လျှင် သွပ်အချပ်ရေ (၄၀) ချပ်နှုန်းဖြင့် (၂၀၈၀) ချပ်နှင့် ကယ်ဆယ်ရေးပစ္စည်း (၁၇) မျိုးပါ (၅၂) အိမ်ထောင်စုစာ၊ စုစုပေါင်းထောက်ပံ့ငွေ (၂၁,၆၁၄,၈၃၁/-) ကျပ်တို့ကို ထောက်ပံ့ပေးအပ်ခဲ့ပြီး ကချင်ပြည်နယ် ကျန်းမာရေးမှ အိမ်သာခွက်၊ အိမ်သာပိုက်နှင့် ဆေးစိမ်ခြင်ထောင်၊ ကချင်ပြည်နယ်ပညာရေး ညွှန်ကြားရေးမှူး ရုံးမှ စာအုပ်၊ ဘောပင်၊ လွယ်အိတ်နှင့် မွေးမြူရေးဦးစီးဌာနမှ မွေးမြူရေး ကြက်ပေါက်များကို အသီးသီးထောက်ပံ့ခဲ့ကြကြောင်း သိရှိရပါသည်။
#ha_otr
#kcn_may2019
Source: ကချင်ပြည်နယ်ဦးစီးမှူးရုံး (ဘစမ)