လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ် ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ညောင်ဦးခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ကျောက်ပန်း တောင်းမြို့နယ်၊ ဒီးဒုတ်ကုန်းကျးရွာအုပ်စု၊ သီးကုန်းကျေးရွာတွင် (၂၂-၅-၂၀၁၉) ရက်နေ့၊ (၁၆:၃၀) နာရီ၌ ဒေါ်အေးကြည် (ဘ) ဦးဉာဏ်တင် (တောင်သူ) သည် နေအိမ်အတွင်း ရေချိုးနေစဉ် မိုးကြိုးထိမှန်ပြီး သေဆုံးခဲ့ပါသဖြင့် သေဆုံးထောက်ပံ့ငွေ (၃၀၀၀၀၀/-) ကျပ်ကို (၂၃-၅-၂၀၁၉) ရက်နေ့၊ နံနက်ပိုင်းတွင် ကျောက်ပန်းတောင်းမြို့နယ် အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနရုံး၌ ကျန်ရစ်သူမိသားစု၏ လက်ဝယ်အရောက် ထောက်ပံ့ပေးအပ်ခဲ့ပါကြောင်း သတင်းရရှိပါသည်။
#ha_tls
#mdy_may2019
Source: ညောင်ဦးခရိုင်ဦးစီးမှူးရုံး (ဘစမ)