လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ပဲခူးတိုင်းဒေသကြီးဦးစီးမှူးရုံးတာဝန်ရှိသူများသည် (၂၃.၅.၂၀၁၉) ရက်နေ့၊ (၀၉:၀၀)နာရီမှ (၁၁:၀၀)နာရီချိန်အထိ ပဲခူးတိုင်းဒေသကြီး၊ ထန်းတပင်မြို့နယ်၊ ချောင်းဝကျေးရွာအုပ်စု၊ ရွှေစေတီဘုန်းကြီးကျောင်းဓမ္မာရုံ၌ “သဘာဝဘေး အန္တရာယ်ဆိုင်ရာအသိပညာပေးဟောပြောပွဲ”ကို မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ ကျေးရွာသူ/သားများ စုစုပေါင်း အင်အား(၁၅၀)ဦးတို့ဖြင့်ဆောင်ရွက်ခဲ့ပါသည်။ယင်းဟောပြောပွဲတွင် တက်ရောက်လာသူများအား အသိပညာပေး လက်ကမ်းစာစောင်များနှင့် စားသောက်ဖွယ်ရာများပေးဝေခဲ့ကြောင်း သိရှိရပါသည်။
Source:ပဲခူးတိုင်းဒေသကြီးဦးစီးမှူးရုံး(ဘစမ)