Category Archives: News
-
သဘာဝဘေးအန္တရာယ်ဆိုင်ရာဆုံးရှုံးနိုင်ခြေစီမံခန့်ခွဲမှုနည်းပြသင်တန်းနှင့်အရေးပေါ်တုံ့ပြန်ဆောင်ရွက်မှုဆိုင်ရာနည်းပြသင်တန်းသင်တန်းဆင်းပွဲ အခမ်းအနားကျင်းပပြုလုပ်မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှု ဦးစီးဌာန၊ သဘာဝဘေးအန္တရာယ်စီမံခန့်ခွဲမှုသင်တန်းကျောင်း၊ဟင်္သာတမြို့၌(၂၉.၅.၂၀၁၉)နေ့ နေ့လည်(၁၃:၃၀) နာရီ အချိန်တွင် သဘာဝဘေးအန္တရာယ်ဆိုင်ရာ ဆုံးရှုံးနိုင်ခြေစီမံခန့်ခွဲမှုနည်းပြသင်တန်းနှင့် အရေးပေါ်တုံ့ပြန် ဆောင်ရွက်မှုဆိုင်ရာနည်းပြသင်တန်းသင်တန်းဆင်းပွဲ အခမ်းအနားပြုလုပ်ခဲ့ရာ သင်တန်းကျောင်း ကျောင်းအုပ်ကြီးမှ သင်တန်းဆင်းအမှာစကားပြောကြားခဲ့ပြီး Asian Preparedness Partnershipမှ တာဝန်ရှိ သူများ၊ ခရိုင်အဆင့်ဌာနဆိုင်ရာများ၊ သင်တန်းနည်းပြများ၊ သင်တန်းသား/သူ(၄၀)ဦး၊ စုစုပေါင်း(၅၀)ဦးခန့် တက်ရောက်ခဲ့ကြောင်း သိရှိရပါသည်။ #ar #ayy_may2019 Source: သဘာဝဘေးအန္တရာယ်စီမံခန့်ခွဲမှုသင်တန်းကျောင်း(ဘစမ)
-
လေပြင်းဘေးသင့်ပြည်သူများအား ထောက်ပံ့ပေးမှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှု ဦးစီး ဌာန၊ ဖျာပုံခရိုင်ဦးစီးမှူးရုံးမှတာဝန်ရှိသူများသည်(၂၇-၅-၂၀၁၉)ရက်နေ့တွင် ကျိုက်လတ်မြို့နယ်၊ ကြံခင်း ကျေးရွာအုပ်စု၊ ဘိုတေဇကျေးရွာတွင် လေပြင်းဘေးကြောင့် နေအိမ်ပေါ် သစ်ပင်ပြိုလဲပိမှုကြောင့် နေအိမ်(၁) လုံး ပြိုလဲပျက်စီးခဲ့ရာ ကယ်ဆယ်ရေးပစ္စည်း(၁၆)မျိုး၊ အိမ်ဆောက်ပစ္စည်းဖိုး ငွေ(၂၀၀,၀၀၀)ကျပ်၊ ဆန်ရိက္ခာ ဖိုးငွေ (၄,၂၀၀) ကျပ်တို့ကို(၂၉-၅-၂၀၁၉)ရက်နေ့တွင် လေဘေးသင့်ပြည်သူများလက်ဝယ်သို့ ကွင်းဆင်း ထောက်ပံ့ပေးခဲ့ကြောင်း သိရှိရပါသည်။ #ha_sgw #ayy_may2019 Source: ဖျာပုံခရိုင်ဦးစီးမှူးရုံး (ဘစမ)
-
လေပြင်းဘေးသင့်ပြည်သူများအား ထောက်ပံ့ပေးမှုသတင်း
ရန်ကုန်တိုင်းဒေသကြီး၊တိုက်ကြီးမြို့နယ်၊ဥက္ကံမြို့၊ကျွဲဘုတ်ကျေးရွာအုပ်စုနှင့်အဖျောက်မြို့၊အောက်ရေကံကုန်းကျေးရွာအုပ်စု၊ကျုံတကင်းကျေးရွာအုပ်စု၊သဲဖြူအုပ်စု၊အဖျောက်(၁)ရပ်ကွက်၊အဖျောက်(၃)ရပ်ကွက်၊တို့တွင် (၂၀-၅-၂၀၁၉)ရက်နေ့၌ လေပြင်းတိုက်ခတ်မှုကြောင့် အိမ်ထောင်စုစာ (၃၃)စုမှလူဦးရေ(၁၂၈)ဦးတို့လေဘေးသင့်ခဲ့ရာ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန၊ရန်ကုန်တိုင်းဒေသကြီးဦးစီးမှူးရုံးမှ(၂၉-၅-၂၀၁၉)ရက်နေ့တွင် အိမ်ခြေ(၃၃)လုံးအတွက် အိမ်ဆောက်ပစ္စည်းဖိုးထောက်ပံ့ငွေကျပ်(၁၅,၉၀,၀၀၀)ကျပ်နှင့် လူဦးရေ (၁၂၈)ဦး အတွက်ဆန်ရိက္ခာဖိုးထောက်ပံ့ငွေကျပ်(၂,၆၈,၈၀၀)ကျပ်တို့ကို အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှတာဝန်ရှိသူများနှင့်အတူ ဘေးသင့်ပြည်သူများထံသို့ သွားရောက်ထောက်ပံ့ပေးခဲ့ကြောင်း သိရှိရပါသည်။ #ha_sgw #ygn_may2019 Source: ရန်ကုန်တိုင်းဒေသကြီးဦးစီးမှူးရုံး (ဘစမ)
-
လေပြင်းဘေးသင့်ပြည်သူများအား ထောက်ပံ့ပေးမှုသတင်း
(၂၇.၅.၂၀၁၉)ရက်နေ့ (၀၃:၀၀) အချိန်တွင် ဥတ္တရသီရိမြို့နယ်၊ သရက်တောကျေးရွာအုပ်စု၊ ပိုးစာတော ကျေးရွာတွင် လေပြင်းတိုက်ခတ်မှုဖြစ်ပွားခဲ့ရာ အမိုးလန်ပျက်စီး လူနေအိမ် (၁) လုံးအတွက် အိမ်ဆောက်ပစ္စည်း ဖိုး (၉၀,၀၀၀) ကျပ်၊ ဘေးသင့်လူဦးရေ(၆)ဦးအတွက် ဆန်ရိက္ခာဖိုး (၁၂,၆၀၀)ကျပ်၊ စုစုပေါင်းရန်ပုံငွေ (၁၀၂,၆၀၀) ကျပ်တို့ကို လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန၊ ဥတ္တရခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂၉.၅.၂၀၁၉) ရက် နေ့ (၁၃:၀၀) အချိန်တွင် ပြည်သူများလက်ဝယ်သို့ ကွင်းဆင်းထောက်ပံ့ခဲ့ကြောင်း သိရှိရပါသည်။ #ha_sgw #npw_may2019 … Read more
-
သောက်သုံးရေဖြန့်ဝေမှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ပခုက္ကူခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂၈-၅-၂၀၁၉) ရက်နေ့တွင် သောက်သုံးရေအခက်အခဲဖြစ်ပေါ်နေသော ရေစကြိုမြို့နယ်၊ တောင်ဦးကျေးရွာအုပ်စု၊ ခံစပ်တောကျေးရွာနေပြည်သူ အိမ်ထောင်စု (၂၇၄) စုအတွက် သောက်သုံးရေဂါလ ံ(၃၆၀၀) ကို လည်းကောင်း၊ တောင်ဦးကျေးရွာအုပ်စု၊ မြေမလှကျေးရွာနေပြည်သူ အိမ်ထောင်စု (၁၀၅) စုအတွက် သောက်သုံးရေဂါလံ (၃၆၀၀) ကိုလည်းကောင်း၊ စုစုပေါင်းသောက်သုံးရေဂါလံ (၇၂၀၀) ကို ကမ္ဘောဇအနာဂတ်အလင်းတန်းမြန်မာဖောင်ဒေးရှင်းမှ ရေသယ်ယာဉ်ဖြင့် သွားရောက်ဖြန့်ဝေခဲ့ပါသည်၊၊ သောက်သုံးရေဖြန့်ဝေရာတွင် ရင်ခွင်မဲ့ကလေးငယ်များ လျှော့ချရေးနှင့် ကာကွယ်စောင့်ရှောက်ရေးအသင်း (ရေစကြို)မှ အတွင်းရေးမှူး ဦးကျော်သူသူ၊ စေတနာရှင်ပြည်သူများနှင့် … Read more
-
မီးဘေးထောက်ပံ့မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ် ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ မောင်တောခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် မောင်တော မြို့နယ်၊ မြိုးဦးကျေးရွာအုပ်စု၊ လသာကျေးရွာတွင် (၂၅-၅-၂၀၁၉) ရက်နေ့၌ မီးလောင်မှု ဖြစ်ပွားခဲရာ လူနေအိမ် (၁) လုံး ဆုံးရှုံးခဲ့ပြီး လူနေအိမ်(၁)လုံး၊ အိမ်ထောင်စု (၁) စုမှ လူဦးရေ (၅) ဦး မီးဘေးသင့်ခဲ့ပါသဖြင့် ကယ်ဆယ်ရေးပစ္စည်း (၁၅) မျိုး အိမ်ထောင်စု (၁) စုစာ လူနေအိမ် (၁) လုံး အတွက် အိမ်ဆောက်ပစ္စည်းဖိုးထောက်ပံ့ငွေ (၁၀၀၀၀၀/-) ကျပ်နှင့် … Read more
-
လေပြင်းဘေးသင့်ပြည်သူများအား ထောက်ပံ့ပေးမှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချ ထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီး ဌာန၊ ဖျာပုံခရိုင်ဦးစီးမှူးရုံးမှတာဝန်ရှိသူများသည်(၂၄-၅-၂၀၁၉)ရက်နေ့တွင် ဒေးဒရဲမြို့နယ်၊ ကျုံဘုတ်ကျေးရွာ အုပ်စု၊ကျုံဘုတ်ကြီးကျေးရွာတွင်လေပြင်းဘေးဖြစ်ပွားခဲ့ရာ အမိုးလန်အိမ်(၂)အိမ်အတွက် အိမ်ဆောက်ပစ္စည်း ဖိုးငွေ(၉၀,၀၀၀)ကျပ်၊ဆန်ဖိုးငွေ(၁၈,၉၀၀)ကျပ်တို့ကို (၂၉-၅-၂၀၁၉) ရက်နေ့တွင် လေဘေးသင့်ပြည်သူများ လက်ဝယ်သို့ ကွင်းဆင်းထောက်ပံ့ပေးခဲ့ကြောင်း သိရှိရပါသည်။ #ha_sgw #ayy_may2019 Source: ဖျာပုံခရိုင်ဦးစီးမှူးရုံး (ဘစမ)
-
မိုးကြိုးဘေးထောက်ပံ့မှုသတင်း
လူမှုဝန်ထမ်းကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ဘိုကလေးမြို့နယ်ဦးစီးမှူးရုံးမှတာဝန် ရှိသူများသည် ဘိုကလေးမြို့နယ်၊ ထော်ပိုင်ကျေးရွာအုပ်စု၊ ကြက်ဖြူချောင်းကျေးရွာတွင် (၂၆-၅-၂၀၁၉)ရက်နေ့တွင် ဖြစ်ပွားခဲ့သော မိုးကြိုးဘေးကြောင့် ထိခိုက်ဒဏ်ရာရရှိသူ (၁) ဦးအတွက် ထောက်ပံ့ငွေ (၅၀၀၀၀) ကျပ်ကို ဘိုကလေးမြို့နယ် ခုတင် (၁၀၀) ဆေးရုံတွင် (၂၉-၅-၂၀၁၉) ရက်နေ့ (၁၁:၀၀) နာရီအချိန်တွင် လွှတ်တော်ကိုယ်စားလှယ်များ၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှတာဝန်ရှိသူများနှင့်အတူ ထိခိုက်ဒဏ်ရာ ရရှိသူ၏ မိသားစုဝင်များထံ ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သတင်းရရှိပါသည်။ #ha_tls #ayy_may2019 Source: ဘိုကလေးမြို့နယ်ဦးစီးမှူးရုံး (ဘစမ)
-
သဘာဝဘေးအသိပညာပေးဟောပြောပို့ချမှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ မိုးညိုမြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂၉-၅-၂၀၁၉)ရက်နေ့ (၀၉း၀၀)နာရီအချိန်တွင် အုတ်ဖိုမြို့နယ်၊အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမတွင် ရပ်/ကျေးအုပ်ချုပ်ရေးမှူးများနှင့်စာရေးများ လုပ်ငန်းစွမ်းဆောင်မြှင့်တင်ခြင်းသင်တန်း(၁/၂၀၁၉)တွင် သဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုလုပ်ငန်းများအကြောင်း၊ ဦးစီးဌာနလုပ်ငန်းဆောင်ရွက်နေမှုများနှင့် သဘာဝဘေးအန္တရာယ်ဆိုင်ရာ အသိပညာပေးဟောပြောဆွေးနွေးမှုများကို ကျင်းပဆောင်ရွက်ခဲ့ရာ နေ့လည် (၁၂း၀၀) နာရီအချိန်တွင် ပြီးမြောက်ခဲ့ပြီး ဟောပြောပွဲသို့ ကျေးရွာအုပ်ချုပ်ရေးမှူးများနှင့် ပြည်သူ (၁၅၀) ဦးခန့်တက်ရောက်ခဲ့ကြောင်းနှင့် တက်ရောက်လာသူများအား လက်ကမ်းစာစောင်များနှင့် ပိုစတာများဖြန့်ဝေခဲ့ကြောင်း သတင်းရရှိပါသည်။ #ar #bgo_may2019 Source:မိုးညိုမြို့နယ်ဦးစီးမှူးရုံး
-
လေပြင်းဘေးသင့်ပြည်သူများအား ထောက်ပံ့ပေးမှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချ ထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီး ဌာန၊ မော်လမြိုင်ကျွန်းမြို့နယ်ဦးစီးမှူးရုံးမှတာဝန်ရှိသူများသည် လပွတ္တာခရိုင်၊ မော်လမြိုင်ကျွန်းမြို့နယ်၊ ဘုရားကြီးကုန်းကျေးရွာအုပ်စု၊ ဓနုံးချောင်းကျေးရွာ၊ ကညင်တပင်ကျေးရွာ၊ မြဂိုးစုကျေးရွာနှင့် ဒွန်းတဘက် ကျေးရွာအုပ်စု၊ မြဂိုးစုကျေးရွာတို့၌ (၂၇-၅-၂၀၁၉)ရက်နေ့တွင် ဖြစ်ပွားခဲ့သော လေပြင်းတိုက်ခတ်မှုကြောင့် တစ်စိတ်ပိုင်းပျက်စီးခဲ့သော နေအိမ် (၆)လုံး၊ အိမ်ထောင်စု (၆)စုမှ ဘေးသင့်ပြည်သူ (၂၁) ဦးတို့အတွက် ဆန်ရိက္ခာ (၇)ရက်စာ (၄၄,၁၀၀)ကျပ်နှင့် အိမ်ဆောက်ပစ္စည်းဘိုး (၆၀၀,၀၀၀)ကျပ်၊ စုစုပေါင်း (၆၄၄,၁၀၀) ကျပ်အား မော်လမြိုင်ကျွန်းမြို့နယ်၊ ဘုရားကြီးကုန်းကျေးရွာအုပ်စု၊ ဘုရားကြီးကုန်းကျေးရွာ၌ … Read more









