လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှု ဦးစီး ဌာန၊ ဖျာပုံခရိုင်ဦးစီးမှူးရုံးမှတာဝန်ရှိသူများသည်(၂၇-၅-၂၀၁၉)ရက်နေ့တွင် ကျိုက်လတ်မြို့နယ်၊ ကြံခင်း ကျေးရွာအုပ်စု၊ ဘိုတေဇကျေးရွာတွင် လေပြင်းဘေးကြောင့် နေအိမ်ပေါ် သစ်ပင်ပြိုလဲပိမှုကြောင့် နေအိမ်(၁) လုံး ပြိုလဲပျက်စီးခဲ့ရာ ကယ်ဆယ်ရေးပစ္စည်း(၁၆)မျိုး၊ အိမ်ဆောက်ပစ္စည်းဖိုး ငွေ(၂၀၀,၀၀၀)ကျပ်၊ ဆန်ရိက္ခာ ဖိုးငွေ (၄,၂၀၀) ကျပ်တို့ကို(၂၉-၅-၂၀၁၉)ရက်နေ့တွင် လေဘေးသင့်ပြည်သူများလက်ဝယ်သို့ ကွင်းဆင်း ထောက်ပံ့ပေးခဲ့ကြောင်း သိရှိရပါသည်။
Source: ဖျာပုံခရိုင်ဦးစီးမှူးရုံး (ဘစမ)