သဘာဝဘေးအသိပညာပေးဟောပြောပို့ချမှုသတင်း

29 Pic-01

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ မိုးညိုမြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂၉-၅-၂၀၁၉)ရက်နေ့ (၀၉း၀၀)နာရီအချိန်တွင် အုတ်ဖိုမြို့နယ်၊အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမတွင် ရပ်/ကျေးအုပ်ချုပ်ရေးမှူးများနှင့်စာရေးများ လုပ်ငန်းစွမ်းဆောင်မြှင့်တင်ခြင်းသင်တန်း(၁/၂၀၁၉)တွင် သဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုလုပ်ငန်းများအကြောင်း၊ ဦးစီးဌာနလုပ်ငန်းဆောင်ရွက်နေမှုများနှင့် သဘာဝဘေးအန္တရာယ်ဆိုင်ရာ အသိပညာပေးဟောပြောဆွေးနွေးမှုများကို ကျင်းပဆောင်ရွက်ခဲ့ရာ နေ့လည် (၁၂း၀၀) နာရီအချိန်တွင် ပြီးမြောက်ခဲ့ပြီး ဟောပြောပွဲသို့ ကျေးရွာအုပ်ချုပ်ရေးမှူးများနှင့် ပြည်သူ (၁၅၀) ဦးခန့်တက်ရောက်ခဲ့ကြောင်းနှင့် တက်ရောက်လာသူများအား လက်ကမ်းစာစောင်များနှင့် ပိုစတာများဖြန့်ဝေခဲ့ကြောင်း သတင်းရရှိပါသည်။

 

#ar

#bgo_may2019

Source:မိုးညိုမြို့နယ်ဦးစီးမှူးရုံး

Sign Up

Upcoming Events