မိုးကြိုးဘေးထောက်ပံ့မှုသတင်း

29 pic_02

လူမှုဝန်ထမ်းကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ဘိုကလေးမြို့နယ်ဦးစီးမှူးရုံးမှတာဝန် ရှိသူများသည် ဘိုကလေးမြို့နယ်၊ ထော်ပိုင်ကျေးရွာအုပ်စု၊ ကြက်ဖြူချောင်းကျေးရွာတွင် (၂၆-၅-၂၀၁၉)ရက်နေ့တွင် ဖြစ်ပွားခဲ့သော မိုးကြိုးဘေးကြောင့် ထိခိုက်ဒဏ်ရာရရှိသူ (၁) ဦးအတွက် ထောက်ပံ့ငွေ (၅၀၀၀၀) ကျပ်ကို ဘိုကလေးမြို့နယ် ခုတင် (၁၀၀) ဆေးရုံတွင် (၂၉-၅-၂၀၁၉) ရက်နေ့ (၁၁:၀၀) နာရီအချိန်တွင် လွှတ်တော်ကိုယ်စားလှယ်များ၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှတာဝန်ရှိသူများနှင့်အတူ ထိခိုက်ဒဏ်ရာ ရရှိသူ၏ မိသားစုဝင်များထံ ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သတင်းရရှိပါသည်။

 

#ha_tls

#ayy_may2019

Source: ဘိုကလေးမြို့နယ်ဦးစီးမှူးရုံး (ဘစမ)

Sign Up

Upcoming Events