လေပြင်းဘေးသင့်ပြည်သူများအား ထောက်ပံ့ပေးမှုသတင်း

29_Pic_01
 
(၂၇.၅.၂၀၁၉)ရက်နေ့ (၀၃:၀၀) အချိန်တွင် ဥတ္တရသီရိမြို့နယ်၊ သရက်တောကျေးရွာအုပ်စု၊ ပိုးစာတော ကျေးရွာတွင် လေပြင်းတိုက်ခတ်မှုဖြစ်ပွားခဲ့ရာ အမိုးလန်ပျက်စီး လူနေအိမ် (၁) လုံးအတွက် အိမ်ဆောက်ပစ္စည်း ဖိုး (၉၀,၀၀၀) ကျပ်၊ ဘေးသင့်လူဦးရေ(၆)ဦးအတွက် ဆန်ရိက္ခာဖိုး (၁၂,၆၀၀)ကျပ်၊ စုစုပေါင်းရန်ပုံငွေ (၁၀၂,၆၀၀) ကျပ်တို့ကို လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန၊ ဥတ္တရခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂၉.၅.၂၀၁၉) ရက် နေ့ (၁၃:၀၀) အချိန်တွင် ပြည်သူများလက်ဝယ်သို့ ကွင်းဆင်းထောက်ပံ့ခဲ့ကြောင်း သိရှိရပါသည်။
#ha_sgw
#npw_may2019
Source: ဥတ္တရခရိုင်ဦးစီးမှူးရုံး (ဘစမ)

Sign Up

Upcoming Events