သောက်သုံးရေဖြန့်ဝေမှုသတင်း

29 _ Pic 01

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ပခုက္ကူခရိုင်ဦးစီးမှူးရုံးမှ တာဝန်‌ရှိသူများသည် (၂၈-၅-၂၀၁၉) ရက်နေ့တွင် သောက်သုံးရေအခက်အခဲဖြစ်ပေါ်နေသော  ရေစကြိုမြို့နယ်၊ တောင်ဦးကျေးရွာအုပ်စု၊ ခံစပ်တောကျေးရွာနေပြည်သူ အိမ်ထောင်စု (၂၇၄) စုအတွက် သောက်သုံးရေဂါလ ံ(၃၆၀၀) ကို လည်းကောင်း၊ တောင်ဦးကျေးရွာအုပ်စု၊ မြေမလှကျေးရွာနေပြည်သူ အိမ်ထောင်စု (၁၀၅) စုအတွက် သောက်သုံးရေဂါလံ (၃၆၀၀) ကိုလည်းကောင်း၊ စုစုပေါင်းသောက်သုံးရေဂါလံ (၇၂၀၀) ကို ကမ္ဘောဇအနာဂတ်အလင်းတန်းမြန်မာဖောင်ဒေးရှင်းမှ ရေသယ်ယာဉ်ဖြင့် သွားရောက်ဖြန့်ဝေခဲ့ပါသည်၊၊ သောက်သုံးရေဖြန့်ဝေရာတွင် ရင်ခွင်မဲ့ကလေးငယ်များ လျှော့ချရေးနှင့် ကာကွယ်စောင့်ရှောက်ရေးအသင်း (ရေစကြို)မှ အတွင်းရေးမှူး ဦးကျော်သူသူ၊ စေတနာရှင်ပြည်သူများနှင့် ကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူးတို့က ကျေးရွာများအရောက် ဖြန့်ဝေခဲ့ပါသည်၊၊ သောက်သုံးရေဖြန့်ဝေနိုင်ရန်အတွက် ရေစကြိုမြို့၊ မြသဇင် စက်သုံးဆီဆိုင် ရေတိုင်တို့မှ ရေကားများသို့ သောက်သုံးရေ အခမဲ့ဖြည့်ပေးခြင်းဖြင့် ဝိုင်းဝန်းကူညီပံ့ပိုးခဲ့ ကြောင်း သတင်းရရှိပါသည်။

 

 

#ha_drg

#mgy_may2019

Source: ပခုက္ကူခရိုင်ဦးစီးမှူးရုံး (ဘစမ)

Sign Up

Upcoming Events