လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ် ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ မောင်တောခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် မောင်တော မြို့နယ်၊ မြိုးဦးကျေးရွာအုပ်စု၊ လသာကျေးရွာတွင် (၂၅-၅-၂၀၁၉) ရက်နေ့၌ မီးလောင်မှု ဖြစ်ပွားခဲရာ လူနေအိမ် (၁) လုံး ဆုံးရှုံးခဲ့ပြီး လူနေအိမ်(၁)လုံး၊ အိမ်ထောင်စု (၁) စုမှ လူဦးရေ (၅) ဦး မီးဘေးသင့်ခဲ့ပါသဖြင့် ကယ်ဆယ်ရေးပစ္စည်း (၁၅) မျိုး အိမ်ထောင်စု (၁) စုစာ လူနေအိမ် (၁) လုံး အတွက် အိမ်ဆောက်ပစ္စည်းဖိုးထောက်ပံ့ငွေ (၁၀၀၀၀၀/-) ကျပ်နှင့် လူဦးရေ (၅) ဦးအတွက် ဆန်ရိက္ခာ (၇) ရက်စာဖိုးထောက်ပံ့ငွေ (၁၀၅၀၀/-) ကျပ်၊ စုစုပေါင်း ထောက်ပံ့ငွေ (၁၁၀၅၀၀/-) ကျပ်အား (၂၉-၅-၂၀၁၉) ရက်နေ့တွင် ဘေးသင့်မိသားစု လက်ဝယ်အရောက် သွားရောက်ထောက်ပံ့ခဲ့ပါကြောင်းသတင်းရရှိပါသည်။
#ha_fir
#rke_may2019
Source: မောင်တောခရိုင်ဦးစီးမှူးရုံး (ဘစမ)