ရန်ကုန်တိုင်းဒေသကြီး၊တိုက်ကြီးမြို့နယ်၊ဥက္ကံမြို့၊ကျွဲဘုတ်ကျေးရွာအုပ်စုနှင့်အဖျောက်မြို့၊အောက်ရေကံကုန်းကျေးရွာအုပ်စု၊ကျုံတကင်းကျေးရွာအုပ်စု၊သဲဖြူအုပ်စု၊အဖျောက်(၁)ရပ်ကွက်၊အဖျောက်(၃)ရပ်ကွက်၊တို့တွင် (၂၀-၅-၂၀၁၉)ရက်နေ့၌ လေပြင်းတိုက်ခတ်မှုကြောင့် အိမ်ထောင်စုစာ (၃၃)စုမှလူဦးရေ(၁၂၈)ဦးတို့လေဘေးသင့်ခဲ့ရာ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန၊ရန်ကုန်တိုင်းဒေသကြီးဦးစီးမှူးရုံးမှ(၂၉-၅-၂၀၁၉)ရက်နေ့တွင် အိမ်ခြေ(၃၃)လုံးအတွက် အိမ်ဆောက်ပစ္စည်းဖိုးထောက်ပံ့ငွေကျပ်(၁၅,၉၀,၀၀၀)ကျပ်နှင့် လူဦးရေ (၁၂၈)ဦး အတွက်ဆန်ရိက္ခာဖိုးထောက်ပံ့ငွေကျပ်(၂,၆၈,၈၀၀)ကျပ်တို့ကို အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှတာဝန်ရှိသူများနှင့်အတူ ဘေးသင့်ပြည်သူများထံသို့ သွားရောက်ထောက်ပံ့ပေးခဲ့ကြောင်း သိရှိရပါသည်။
Source: ရန်ကုန်တိုင်းဒေသကြီးဦးစီးမှူးရုံး (ဘစမ)