လေပြင်းဘေးသင့်ပြည်သူများအား ထောက်ပံ့ပေးမှုသတင်း

29_Pic_01
 
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချ ထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီး ဌာန၊ မော်လမြိုင်ကျွန်းမြို့နယ်ဦးစီးမှူးရုံးမှတာဝန်ရှိသူများသည် လပွတ္တာခရိုင်၊ မော်လမြိုင်ကျွန်းမြို့နယ်၊ ဘုရားကြီးကုန်းကျေးရွာအုပ်စု၊ ဓနုံးချောင်းကျေးရွာ၊ ကညင်တပင်ကျေးရွာ၊ မြဂိုးစုကျေးရွာနှင့် ဒွန်းတဘက် ကျေးရွာအုပ်စု၊ မြဂိုးစုကျေးရွာတို့၌ (၂၇-၅-၂၀၁၉)ရက်နေ့တွင် ဖြစ်ပွားခဲ့သော လေပြင်းတိုက်ခတ်မှုကြောင့် တစ်စိတ်ပိုင်းပျက်စီးခဲ့သော နေအိမ် (၆)လုံး၊ အိမ်ထောင်စု (၆)စုမှ ဘေးသင့်ပြည်သူ (၂၁) ဦးတို့အတွက် ဆန်ရိက္ခာ (၇)ရက်စာ (၄၄,၁၀၀)ကျပ်နှင့် အိမ်ဆောက်ပစ္စည်းဘိုး (၆၀၀,၀၀၀)ကျပ်၊ စုစုပေါင်း (၆၄၄,၁၀၀) ကျပ်အား မော်လမြိုင်ကျွန်းမြို့နယ်၊ ဘုရားကြီးကုန်းကျေးရွာအုပ်စု၊ ဘုရားကြီးကုန်းကျေးရွာ၌ (၂၈-၅-၂၀၁၉) ရက်နေ့ (၁၇:၀၀)နာရီအချိန်တွင် မြို့နယ်အုပ်ချုပ်ရေးမှူး၊စည်ပင်ကော်မတီဥက္ကဌ၊ ကျေးရွာအုပ်ချုပ်ရေးမှူး၊ ရပ်ကျေးစာရေးတို့နှင့်အတူ ဘေးသင့်ပြည်သူများထံသို့ သွားရောက်ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရှိရပါသည်။
#ha_sgw
#ayy_may2019
Source: မော်လမြိုင်ကျွန်းမြို့နယ်ဦးစီးမှူးရုံး (ဘစမ)

Sign Up

Upcoming Events