Category Archives: News
-
လေဘေးသင့်ပြည်သူများအားထောက်ပံ့မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန၊ ဂန့်ဂေါခရိုင်ဦးစီးမှူးရုံးမှတာဝန်ရှိသူများသည် ဂန့်ဂေါခရိုင်၊ ဂန့်ဂေါမြို့နယ်၊ တောင်ယာပြင်ကျေးရွာအုပ်စု၊ တောင်ယာပြင်ကျေးရွာတွင် (၃၀-၅-၂၀၁၉) ရက်နေ့၊ (၂၂:၃၀) နာရီအချိန်၌ဖြစ်ပွားခဲ့သောလေဘေးကြောင့် အိမ်ခြေ (၁) လုံး အမိုးလန်ခဲ့ရာ အမိုးလန် အိမ်ခြေ အတွက် အိမ်ဆောက်ပစ္စည်းဖိုး (၅၀၀၀၀/-) ကျပ်၊ အိမ်ထောင်စု (၁) စု၊ လူဦးရေ (၈) ဦးတို့အတွက် ဆန်ရိက္ခာဖိုး (၁၆၈၀၀/-)ကျပ် ၊ စုစုပေါင်း(၆၆၈၀၀/-) ကျပ်တို့အား ကျေးရွာ အုပ်စုအုပ်ချုပ်ရေးမှူးနှင့်အတူ (၃ – ၆ … Read more
-
အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံ ခန့်ခွဲမှု ကော်မတီ၊ အတွင်းရေးမှူး လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးစိုးအောင် ဧရာဝတီ တိုင်းဒေသကြီး ဟင်္သာတခရိုင်အတွင်း သဘာ ဝဘေးလျော့ပါးရေးကြိုတင်ပြင်ဆင်မှုနှင့် ကြိုတင် ကာကွယ်မှုလုပ်ငန်းများဆောင်ရွက်မှုသတင်း
ဇွန် ၂၊ ဟင်္သာတ အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုကော်မတီ၊ အတွင်းရေးမှူး လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချ ထားရေး ဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးစိုးအောင်သည် တာဝန်ရှိသူများ လိုက်ပါလျက် ယနေ့နံနက် ပိုင်းတွင် ဂျပန်နိုင်ငံခြားရေးဝန်ကြီးဌာန၏ ရန်ပုံငွေပံ့ပိုးမှုဖြင့် မြန်မာနိုင်ငံအင်ဂျင်နီယာ အသင်းချုပ်နှင့် ဂျပန်နိုင်ငံမှအစိုးရမဟုတ်သော အဖွဲ့အစည်းတစ်ခုဖြစ်သည့် SEEDS Asia တို့ပူးပေါင်း ဆောင်ရွက်သော “ဟင်္သောတမြို့နယ် အတွင်းရှိ ရပ်ရွာလူထုနှင့် ပူးပေါင်း၍ ကျောင်းတွင်းဘေးအန္တရာယ်ကင်းရှင်းရေးအား တိုးမြှင့်ဆောင်ရွက်ခြင်း” စီမံကိန်းအရ ဆောက်လုပ်ပြီးစီးခဲ့သော ဧရာဝတီ တိုင်းဒေသကြီး၊ ဟင်္သာတမြို့နယ်၊ လိပ်ချောင်းကျေးရွာအုပ်စု၊ နဘဲကုန်းကျေးရွာ သဘာဝဘေးဒဏ်ခံ၊ … Read more
-
ပဲခူးတိုင်းဒေသကြီး၊ ကျောက်တံခါးမြို့နယ် အတွင်းရှိ ကျေးရွာချင်းဆက်ကုန်ထုတ် ရမ်းတိုလာတံတားဖွင့်လှစ်ခြင်းနှင့် ညောင်လေးပင်မြို့နယ် ကလေးသူငယ် ပြုစုစောင့်ရှောက်သူများ၊ မိဘများ၊အရပ်ဖက်လူမှု အဖွဲ့အစည်းများ၊ ပရဟိတအဖွဲ့အစည်း များနှင့်တွေဆုံပွဲကျင်းပမှုသတင်း
ဇွန် ၂ ၊ ညောင်လေးပင် ပဲခူးတိုင်းဒေသကြီး၊ ကျောက်တံခါးမြို့နယ်၊ ကျေးရိုးကျေးရွာအုပ်စု၌ အမျိုးသားသဘာဝဘေး အန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုကော်မတီ ရန်ပုံငွေဖြင့် တည်ဆောက်ထားသော ရမ်းတိုလာကျေးရွာ ချင်းဆက် တံတားဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် ကျင်းပပြုလုပ်ခဲ့ရာ လူမှူဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေး၊ ပဲခူးတိုင်းဒေသကြီး လွှတ်တော် ဒုတိယဥက္ကဌ ဦးကြည်ဇင်၊ ကရင်တိုင်းရင်းသားရေးရာဝန်ကြီး ဒေါ်နော်ပွယ်ဆေး၊ လွှတ်တော်ကိုယ်စား လှယ်တို့က ဖွင့်လှစ်ခဲ့ပါ သည်။ အခမ်းအနားတွင် ပြည်ထောင်စုဝန်ကြီးက အဖွင့်အမှာစကားပြောကြားရာ မိမိတို့ဝန်ကြီး ဌာနအနေဖြင့် လူမှုဝန်ထမ်းကိစ္စရပ်များ၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုကိစ္စရပ်များ၊ ပြန်လည်ထူထောင်ရေးကိစ္စရပ်များကို တာဝန်ယူဆောင်ရွက်လျက်ရှိပါကြောင်း၊ … Read more
-
သောက်သုံးရေဖြန့်ဝေပေးရန် ထောက်ပံ့ငွေပေးအပ်မှုသတင်း
စစ်ကိုင်းတိုင်းဒေသကြီး၊ကလေးခရိုင်၊ ကလေးမြို့နယ်အတွင်းရပ်ကွက်/ကျေးရွာအချို့ ၌ယခုနှစ်နွေရာသီတွင် သောက်သုံးရေပြတ်လပ်မှုဖြစ်ပေါ်ခဲ့ရာ အဆိုပါ သောက်သုံးရေပြတ်လပ်သည့် ရပ်ကွက်(၄)ရပ်ကွက်နှင့် ကျေးရွာ(၈)မှ အိမ်ထောင်စု(၁၀၁၆၈)စုနှင့်လူဦရေ(၄၅၅၁၇)ဦးတို့အတွက် သောက်သုံးရေဖြန့်ဝေပေးရန် ရေဖိုး ကုန်ကျငွေ (၃,၈၀၇,၀၀၀)ကျပ်တို့ကို လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာဦးစီးဌာန၊ ကလေးခရိုင်ဦးစီးမှူးရုံးမှတာဝန်ရှိသူများသည် (၁-၆-၂၀၁၉) ရက်နေ့တွင် ကလေးမြို့နယ်အုပ်ချုပ်ရေးမှူးရုံးခန်း၌ မြို့နယ်အုပ်ချုပ်ရေးမှူးထံ ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရှိရပါသည်။ #ha_drg #sgg_jun2019 Source: ကလေးခရိုင်ဦးစီးမှူးရုံး (ဘစမ)
-
School cum shelter များ ဆောက်လုပ်နေမှုကို သွားရောက်ကြည့်ရှုစစ်ဆေးမှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာဦးစီးဌာန၊ စစ်ကိုင်းတိုင်းဒေသကြီးဦးစီးမှူးနှင့် တာဝန်ရှိသူများသည် (၁-၆-၂၀၁၉) နေ့မွန်းလွဲ (၁:၀၀)နာရီတွင် ကလေး မြို့နယ်အုပ်ချုပ်ရေးမှူးရုံး၌ ကလေးမြို့နယ်အတွင်းရပ်ကွက်/ကျေးရွာအချို့၌ ယခုနှစ်နွေရာသီတွင် သောက်သုံး ရေပြတ်လပ်ပြီး သောက်သုံးရေဖြန့်ဝေနိုင်ရေးအတွက် လုပ်ငန်းဆောင်မည့်ကိစ္စနှင့် ပက်သက်၍ ကလေးမြို့နယ် အုပ်ချုပ်ရေးမှူးနှင့် တွေ့ဆုံခဲ့ပါသည်။ ၎င်းအပြင် ကလေးမြို့နယ်၊နတ်မြောင်းကျေးရွာ စာသင်ကျောင်း၊ ဖောင်ကူးကျေးရွာအုပ်စု၊ သဖန်းအိုင်ကျေးရွာစာသင်ကျောင်းနှင့်အောင် မေတ္တာရပ်ကွက်အ. လ. ကခွဲ(၃) ကျောင်း တို့တွင်ဆောက်လုပ်လျှက်ရှိသော School cum shelter (၃)လုံးအား သွားရောက်ကြည့်ရှု့ စစ်ဆေးခဲ့ပြီး လိုအပ်သည်များကို လှမ်းညွှန်မှာကြားခဲ့ကြောင်း သိရှိရပါသည်။ #sgg_jun2019 … Read more
-
ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေး သဘာဝဘေးကြိုတင်ကာကွယ်ရေး၊ ပြန်လည် ထူထောင်ရေးလုပ်ငန်းများတွက် မကွေးတိုင်းဒေသကြီးလူမှုအဖွဲ့အစည်းများနှင့်တွေ့ဆုံ
၁ ဇွန်လ၊ မကွေးတိုင်းဒေသကြီး လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဒေါက်တာဝင်းမြတ်အေးသည် မကွေးတိုင်းဒေသကြီးလုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး၊ လူမှုရေးဝန်ကြီး၊ အလုပ်သမားနှင့်လူဝင်မှုကြီးကြပ်ရေးဝန်ကြီး၊ ချင်းတိုင်းရင်သားရေးရာဝန်ကြီး၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန ညွန်ကြားရေးမှူးချုပ် ဒေါက်တာကိုကိုနိုင်နှင့် လူမှု ဝန်ထမ်းဦးစီးဌာန ညွန်ကြားရေးမှူးချုပ် ဒေါက်တာစန်းစန်းအေး တာဝန်ရှိသူများ လိုက်ပါလျက် ယနေ့မွန်းလွဲပိုင်းတွင် မကွေးတိုင်းဒေသကြီး၊ မကွေးမြို့၊ မြို့တော်ခန်းမတွင် သဘာဝဘေး ကြိုတင်ကာကွယ်ရေး၊ ပြန်လည်ထူထောင်ရေးလုပ်ငန်များအတွက် အရပ်ဖက်လူမှုအဖွဲ့အစည်း များ၊ သဘာဝဘေးကူညီကယ်ဆယ်ရေးပရဟိအဖွဲ့အစည်းများ၊ ဒေသခံများနှင့် တွေ့ဆုံဆွေးနွေး ခဲ့ပါသည်။ အခမ်းအနားတွင် ပြည်ထောင်စုဝန်ကြီးက အမှာစကားပြောကြားရာတွင် အစိုးရ၏ … Read more
-
ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေး မကွေးတိုင်းဒေသအတွင်းရှိ လူငယ်များ၊ လူငယ့် ရေးရာ ကော်မတီဝင်များ၊ ကလေးပြုစုစောင့်ရှောက်သူများ၊ မိဘများနှင့်တွေ့ဆုံ
ဇွန် ၁၊ မကွေး လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ပြည်ထောင်စု ဝန်ကြီး ဒေါက်တာဝင်းမြတ်အေးသည် မကွေးတိုင်းဒေသကြီး လူမှုရေးဝန်ကြီး ဒေါက်တာ ခင်မောင်အေး၊ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ညွန်ကြားရေးမှူးချုပ် ဒေါက်တာကိုကိုနိုင်၊ လူမှုဝန်ထမ်းဦးစီးဌာန၊ ညွန်ကြားရေးမှူးချုပ် ဒေါက်တာ စန်းစန်းအေးနှင့် တာဝန်ရှိသူများလိုက်ပါလျက် ယနေ့နံနက်ပိုင်းတွင် မကွေးတိုင်းဒေသကြီး၊ မကွေးမြို့၊ မြို့တော်ခန်းမတွင် လူငယ်များနှင့်တွေ့ဆုံပြီး လူငယ်ရေးရာမူဝါဒကိစ္စရပ်များကို ဆွေးနွေးပြောကြားခဲ့ပါသည်။ အခမ်းအနားတွင် ပြည်ထောင်စုဝန်ကြီးက မိမိတို့ဝန်ကြီးဌာနသည် ပြည်သူများ၏ ရပ်တည်မှုနှင့် ဖွံ့ဖြိုးတိုးတက်မှုများကို ဆောင်ရွက်လျက်ရှိကြောင်း၊ ပဋိသန္ဓေတည်သည်မှ သက်ကြီးရွယ်အိုအထိ လူမှုကာကွယ်စောင့်ရှောက်ရေးလုပ်ငန်းများ … Read more
-
လေဘေးသင့်ပြည်သူများအားထောက်ပံ့ပေးမှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီး ဌာန၊ ညောင်ဦးခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ညောင်ဦးမြို့နယ်အတွင်းရှိ တောင်ရွာနောင်ကျေးရွာ အုပ်စု၊တောင်ရွာနောင် (တ/မ)ကျေးရွာ၊ ကြအိုကျေးရွာအုပ်စု၊ မြောင်ကျေးရွာ၊ မီးလောင်ဖျားကျေးရွာအုပ်စု၊ လယ်ကန်ကျေးရွာနှင့် တောရွာကျေးရွာအုပ်စု၊ တောရွာကျေးရွာတွင် (၂၈-၅-၂၀၁၉) ရက်နေ့ (၁၇:၀၀) နာရီအချိန် မိုးရွာသွန်းပြီး လေပြင်းတိုက်ခတ်မှုကြောင့် လုံးဝပျက်စီးနေအိမ် (၅)လုံး၊ အမိုးလန် နေအိမ် (၅၇)လုံးနှင့် ဘုန်းတော်ကြီးကျောင်း (၁)ကျောင်း အမိုးလန်ခဲ့ပြီး အိမ်ခြေ(၅၇)လုံး၊အိမ်ထောင်စု(၅၇)စု၊ လူဦးရေ (၂၈၅)ဦးလေဘေးသင့်ခဲ့ရာ လူဦးရေ (၂၈၅)ဦးအတွက် ဆန်ရိက္ခာ (၇)ရက်စာအတွက် (၅၆၈,၅၀၀)၊ အိမ်ဆောက်ပစ္စည်းဖိုး … Read more
-
လေပြင်းဘေးသင့်ပြည်သူများအား ထောက်ပံ့ပေးမှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ် ဆိုင်ရာစီမံခန့်ခွဲမှု ဦးစီးဌာန၊ ပခုက္ကူခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ပခုက္ကူမြို့နယ်၊ ပန်းတိုင်းခြုံကျေးရွာအုပ်စု၊ မြောက်လူးကန်ကျေးရွာ၊ ကြီးရွာကျေးရွာအုပ်စု၊ကြီးရွာကျေးရွာ၊ပေါင်လောင်ကန်ကျေးရွာများတွင် (၃၀-၅-၂၀၁၉)ရက်နေ့ (၁၇:၀၀) နာရီအချိန်၌ လေပြင်းတိုက်ခတ်မှုကြောင့် ပြိုကျအိမ်ခြေ(၁)လုံး၊အမိုးလန်ပျက်စီးခဲ့ သည့် အိမ်ခြေ (၇) လုံး၊ အိမ်ထောင်စု (၈) စု၊ လူဦးရေ (၃၇) ဦးတို့အား ဆန်ရိက္ခာ (၇) ရက်စာဖိုး (၇၇,၇၀၀) ကျပ်၊ အိမ်ဆောက်ပစ္စည်းဖိုး (၃၄၀,၀၀၀) ကျပ်၊ စုစုပေါင်း (၄၁၇,၇၀၀)ကျပ်နှင့် ကယ်ဆယ်ရေးပစ္စည်း(၁၅)မျိုး၊အိမ်ထောင်စု(၁)စုစာတို့အား (၃၁-၅-၂၀၁၉) … Read more
-
မီးဘေးအတွက် ထောက်ပံ့မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ သံတွဲခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ရခိုင်ပြည်နယ်-သံတွဲခရိုင်၊ ငပလီမြို့၊ လင်းသာရပ်ကွက်၊ ဝါးတောင်ကွင်းရပ်တွင် (၂၈.၅.၂၀၁၉)ရက်နေ့၌ မီးဘေးလုံးဝ ပျက်စီးတဲအိမ်တစ်လုံး/အိမ်ထောင်စု(၁)လူဦး ရေ(၃)ဦးအတွက် အိမ်ဆောက်ပစ္စည်းဖိုးငွေ (၁၀၀,၀၀၀/-)ကျပ်နှင့် ဆန်ရိက္ခာဖိုး လူဦးရေ (၃)ဦး အတွက် တစ်ပတ်စာ (၆,၃၀၀/-)ကျပ်၊ စုစုပေါင်း (၁၀၆,၃၀၀/-)ကျပ်နှင့် ကယ်ဆယ်ရေး ပစ္စည်း(၁၇)မျိုး (၁)အိမ်ထောင်စုစာတို့အား (၃၁.၅.၂၀၁၉) ရက်နေ့တွင် လင်းသာရပ်ကွက်အုပ်ချုပ်ရေးမှူးနှင့် အတူ လင်းသာရပ်ကွက်အုပ်ချုပ်ရေးရမှူးရုံးတွင် ဘေးသင့်ပြည်သူများ လက်ဝယ်သို့ ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သတင်းရရှိပါသည်။ #ha_fir #rke_jun2019 Source: သံတွဲခရိုင်ဦးစီးမှူးရုံး … Read more









