လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ် ဆိုင်ရာစီမံခန့်ခွဲမှု ဦးစီးဌာန၊ ပခုက္ကူခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ပခုက္ကူမြို့နယ်၊ ပန်းတိုင်းခြုံကျေးရွာအုပ်စု၊ မြောက်လူးကန်ကျေးရွာ၊ ကြီးရွာကျေးရွာအုပ်စု၊ကြီးရွာကျေးရွာ၊ပေါင်လောင်ကန်ကျေးရွာများတွင် (၃၀-၅-၂၀၁၉)ရက်နေ့ (၁၇:၀၀) နာရီအချိန်၌ လေပြင်းတိုက်ခတ်မှုကြောင့် ပြိုကျအိမ်ခြေ(၁)လုံး၊အမိုးလန်ပျက်စီးခဲ့ သည့် အိမ်ခြေ (၇) လုံး၊ အိမ်ထောင်စု (၈) စု၊ လူဦးရေ (၃၇) ဦးတို့အား ဆန်ရိက္ခာ (၇) ရက်စာဖိုး (၇၇,၇၀၀) ကျပ်၊ အိမ်ဆောက်ပစ္စည်းဖိုး (၃၄၀,၀၀၀) ကျပ်၊ စုစုပေါင်း (၄၁၇,၇၀၀)ကျပ်နှင့် ကယ်ဆယ်ရေးပစ္စည်း(၁၅)မျိုး၊အိမ်ထောင်စု(၁)စုစာတို့အား (၃၁-၅-၂၀၁၉) ရက်နေ့တွင် ကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူး များထံ၌ ဘေးသင့်ပြည်သူများ လက်ဝယ်အရောက် ထောက်ပံ့ပေးအပ်ခဲ့ခြင်းအားလည်းကောင်း၊ ရေစကြိုမြို့နယ်၊ ကွေ့ထောင့်ကျေးရွာအုပ်စု၊ ကွေ့ထောင်ကျေးရွာ၊ ထန်းငယ်တောကျေးရွာအုပ်စု၊ဥက္ကံကျေးရွာ၊ ထန်းငယ်တောကျေးရွာ၊ သဲတောကျေးရွာများတွင် (၃၀-၅-၂၀၁၉)ရက်နေ့ (၁၇:၃၀) နာရီအချိန်၌ လေပြင်းတိုက်ခတ်မှုကြောင့် အမိုးလန်ဘုန်းကြီးကျောင်း(၁)ကျောင်း၊ ပြိုကျအိမ်ခြေ(၂)လုံး၊အမိုးလန်ပျက်စီးခဲ့သည့် အိမ်ခြေ (၅၀) လုံး၊ အိမ်ထောင်စု (၅၂) စု၊ လူဦးရေ (၂၄၂) ဦးတို့အား ဆန်ရိက္ခာ (၇) ရက်စာဖိုး (၅၀၈,၂၀၀) ကျပ်၊ ကျောင်း/အိမ်ဆောက်ပစ္စည်းဖိုး (၁,၀၂၀,၀၀၀) ကျပ်၊ စုစုပေါင်း (၁,၅၂၈,၂၀၀)နှင့် ကယ်ဆယ်ရေးပစ္စည်း(၁၅)မျိုး၊အိမ်ထောင်စု(၂)စုစာတို့အား (၃၁-၅-၂၀၁၉) ရက်နေ့တွင် ပခုက္ကူခရိုင် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ခရိုင်အုပ်ချုပ်ရေးမှူး၊ဦးကျော်အံ့မောင်နှင့်တာဝန်ရှိသူများ၊ပခုက္ကူခရိုင်ပြည်သူ့ဆက်ဆံရေးနှင့်ပြန်ကြားရေး ဦးစီးဌာနမှတာဝန်ရှိသူ၊ရေစကြိုမြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊မြို့နယ်အုပ်ချုပ်ရေးမှူး၊ဦးအောင်မြင်နှင့် တာဝန်ရှိသူများ၊ ကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူးများနှင့်အတူ ဘေးသင့်ပြည်သူများ လက်ဝယ်အရောက် အသီးသီး ထောက်ပံ့ပေးအပ်ခဲ့ပါသည်။
Source: ပခုက္ကူခရိုင်ဦးစီးမှူးရုံး(ဘစမ)