လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီး ဌာန၊ ညောင်ဦးခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ညောင်ဦးမြို့နယ်အတွင်းရှိ တောင်ရွာနောင်ကျေးရွာ အုပ်စု၊တောင်ရွာနောင် (တ/မ)ကျေးရွာ၊ ကြအိုကျေးရွာအုပ်စု၊ မြောင်ကျေးရွာ၊ မီးလောင်ဖျားကျေးရွာအုပ်စု၊ လယ်ကန်ကျေးရွာနှင့် တောရွာကျေးရွာအုပ်စု၊ တောရွာကျေးရွာတွင် (၂၈-၅-၂၀၁၉) ရက်နေ့ (၁၇:၀၀) နာရီအချိန် မိုးရွာသွန်းပြီး လေပြင်းတိုက်ခတ်မှုကြောင့် လုံးဝပျက်စီးနေအိမ် (၅)လုံး၊ အမိုးလန် နေအိမ် (၅၇)လုံးနှင့် ဘုန်းတော်ကြီးကျောင်း (၁)ကျောင်း အမိုးလန်ခဲ့ပြီး အိမ်ခြေ(၅၇)လုံး၊အိမ်ထောင်စု(၅၇)စု၊ လူဦးရေ (၂၈၅)ဦးလေဘေးသင့်ခဲ့ရာ လူဦးရေ (၂၈၅)ဦးအတွက် ဆန်ရိက္ခာ (၇)ရက်စာအတွက် (၅၆၈,၅၀၀)၊ အိမ်ဆောက်ပစ္စည်းဖိုး (၃,၃၇၇,၀၀၀)ကျပ်၊ ကျောင်းဆောက်ပစ္စည်းဖိုး (၁၀၀,၀၀၀)ကျပ်နှင့် ကယ်ဆယ်ရေး ပစ္စည်း (၁၇)မျိုး (၅)အိမ်ထောင်စာတို့ကို (၃၀-၅-၂၀၁၉) ရက်နေ့တွင် ကျေးရွာများသို့သွားရောက်၍ ဘေးသင့်ပြည်သူတို့၏ လက်ဝယ် အရောက် သွားရောက်ထောက်ပံ့ပေးခဲ့ကြောင်း သိရှိရပါသည်။
Source: ညောင်ဦးခရိုင်ဦးစီးမှူးရုံး (ဘစမ)