စစ်ကိုင်းတိုင်းဒေသကြီး၊ကလေးခရိုင်၊ ကလေးမြို့နယ်အတွင်းရပ်ကွက်/ကျေးရွာအချို့ ၌ယခုနှစ်နွေရာသီတွင် သောက်သုံးရေပြတ်လပ်မှုဖြစ်ပေါ်ခဲ့ရာ အဆိုပါ သောက်သုံးရေပြတ်လပ်သည့် ရပ်ကွက်(၄)ရပ်ကွက်နှင့် ကျေးရွာ(၈)မှ အိမ်ထောင်စု(၁၀၁၆၈)စုနှင့်လူဦရေ(၄၅၅၁၇)ဦးတို့အတွက် သောက်သုံးရေဖြန့်ဝေပေးရန် ရေဖိုး ကုန်ကျငွေ (၃,၈၀၇,၀၀၀)ကျပ်တို့ကို လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာဦးစီးဌာန၊ ကလေးခရိုင်ဦးစီးမှူးရုံးမှတာဝန်ရှိသူများသည် (၁-၆-၂၀၁၉) ရက်နေ့တွင် ကလေးမြို့နယ်အုပ်ချုပ်ရေးမှူးရုံးခန်း၌ မြို့နယ်အုပ်ချုပ်ရေးမှူးထံ ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရှိရပါသည်။
Source: ကလေးခရိုင်ဦးစီးမှူးရုံး (ဘစမ)