အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံ ခန့်ခွဲမှု ကော်မတီ၊ အတွင်းရေးမှူး လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးစိုးအောင် ဧရာဝတီ တိုင်းဒေသကြီး ဟင်္သာတခရိုင်အတွင်း သဘာ ဝဘေးလျော့ပါးရေးကြိုတင်ပြင်ဆင်မှုနှင့် ကြိုတင် ကာကွယ်မှုလုပ်ငန်းများဆောင်ရွက်မှုသတင်း

3_Pic_02 3_Pic_03

ဇွန် ၂၊ ဟင်္သာတ

အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုကော်မတီ၊ အတွင်းရေးမှူး လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချ ထားရေး ဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးစိုးအောင်သည် တာဝန်ရှိသူများ လိုက်ပါလျက် ယနေ့နံနက် ပိုင်းတွင်  ဂျပန်နိုင်ငံခြားရေးဝန်ကြီးဌာန၏ ရန်ပုံငွေပံ့ပိုးမှုဖြင့် မြန်မာနိုင်ငံအင်ဂျင်နီယာ အသင်းချုပ်နှင့် ဂျပန်နိုင်ငံမှအစိုးရမဟုတ်သော အဖွဲ့အစည်းတစ်ခုဖြစ်သည့် SEEDS Asia တို့ပူးပေါင်း ဆောင်ရွက်သော “ဟင်္သောတမြို့နယ် အတွင်းရှိ ရပ်ရွာလူထုနှင့် ပူးပေါင်း၍  ကျောင်းတွင်းဘေးအန္တရာယ်ကင်းရှင်းရေးအား တိုးမြှင့်ဆောင်ရွက်ခြင်း” စီမံကိန်းအရ ဆောက်လုပ်ပြီးစီးခဲ့သော  ဧရာဝတီ တိုင်းဒေသကြီး၊ ဟင်္သာတမြို့နယ်၊ လိပ်ချောင်းကျေးရွာအုပ်စု၊ နဘဲကုန်းကျေးရွာ သဘာဝဘေးဒဏ်ခံ၊ မူလတန်းကျောင်းဆောင် သစ် (School-Cum Shelter)  ဖွင့်ပွဲအခမ်းအနားသို့ ဧရာဝတီတိုင်း ဒေသကြီးဝန်ကြီးချုပ်နှင့်အတူ တက်ရောက် အမှာစကားပြောကြားခဲ့ပါသည်။

အမှာစကားပြောကြားရာတွင် အမျိုးသား သဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှု ကော်မတီ၏ ဦးဆောင်မှုဖြင့် မြန်မာနိုင်ငံတွင် သဘာဝဘေးအန္တရာယ်လျော့ပါးရေးအတွက် ကြိုတင်ကာကွယ်ရေးကြိုတင်ပြင်ဆင်ရေးလုပ်ငန်းများ ဆောင်ရွက်နေမှုအခြေအနေများ၊ ယခုနှစ် တွင် ဧရာဝတီတိုင်းဒေသကြီးအတွင်း မုန်တိုင်းဒဏ်ခံအဆောက်အအုံ  (၅၇)လုံး ဆောက်လုပ်နေမှုအခြေအနေများ၊ ရပ်ရွာလူထုကိုယ်တိုင် ပါဝင်သော သဘာဝဘေးဒဏ်ကြံ့ကြံ့ခံ ရင်ဆိုင် တုန့်ပြန်နိုင်သော လူ့အဖွဲ့အစည်းထူထောင်ရေး အခြေအနေများ ရှင်းလင်းပြောကြားကာ အကူအညီအထောက်အပံ့ပေးသော ဂျပန်ပြည်သူများနှင့် ဂျပန်နိုင်ငံအစိုးရတို့ကို ကျေးဇူးတင်ရှိပါကြောင်း ပြောကြားခဲ့ပါသည်။

ထို့နောက်ဝန်ကြီးချုပ်၊ တက်ရောက်လာ သူများနှင့်အတူ ကျောင်းဆောင်သစ်ကို ဖဲကြိုးဖြတ် ဖွင့်လှစ်ပေးခဲ့ပြီး ကျောင်းသူ၊ ကျောင်းသား လေးများအား  သင်ကြားမှုအထောက်အကူပြု အိတ်ကလေးများပေးအပ်ကာ ကျောင်းဆောင်တွင်း လှည့်လည်ကြည်ရှုခဲ့ပါသည်။

ဆက်လက်၍ ဧရာဝတီတိုင်းဒေသကြီး ဟင်္သာတခရိုင် ဇလွန်မြို့နယ် ဧရာဝတီမြစ် ဟင်္သာတ တာ တာမိုင်၂၂/၄-၂၄/၀ အတွင်း (သဲကုန်း-ညောင်အိုင်) ပန်းတာ သစ်တည်ဆောက်ခြင်းလုပ်ငန်းအား သွားရောက်စစ်ဆေးကြည့်ရှုခဲ့ပါသည်။

အဆိုပါ ပန်းတာသည်  အမျိုးသားသဘာဝဘေး အန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှု ကော်မတီ၏လမ်းညွန်မှုဖြင့် အမျိုးသားသဘာဝ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုရန်ပုံငွေမှ ကျပ်သန်း (၉၉၀.၈၆၈)ဖြင့် ဆောင်ရွက်ခဲ့ခြင်းဖြစ်၍ ယခုအခါ လုပ်ငန်းအားလုံး (၁၀၀%)ပြီးစီး နေပြီဖြစ်ပါသည်။ အဆိုပါ တာကို ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့၏ ကြီးကြပ်မှုဖြင့် ဆည်မြောင်းနှင့် ရေအသုံးချမှုစီမံခန့်ခွဲရေး ဦးစီးဌာနက ဦးစီး၍ တင်ဒါခေါ်ယူဆောင်ရွက်ခဲ့ပြီး တာဝန်ရှိသူ ဦးဆယ်မောင် ဦးစီးအရာရှိနှင့် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ တာဝန်ရှိသူတို့က လိုက်လံရှင်းလင်းပြသခဲ့ပါသည်။ ၎င်းတာသည် အရှည်ပေ ၇၅၀၀ ရှိ၍ ထိပ်ဝအကျယ် ၁၆ ပေရှိပြီး တာအမြင့် ၁၈ ပေရှိပါသည်။ အဆိုပါ တာကိုတည်ဆောက်နိုင်ခြင်းကြောင့် ဇလွန်၊ ကျုံပျော်၊ ရေကြည်၊ ဓနုဖြူ၊ ကျောင်းကုန်း၊ ငသိုင်းချောင်းမြို့နယ်များရှိ လယ်မြေဧက (၃) သိန်းကျော်အား မိုးရာသီကာလအတွင်း ရေကြီးနစ်မြုပ်သည့်  ရေဘေးအန္တရာယ်မှ ကာကွယ်နိုင်မည်ဖြစ်ပါသည်။

ဒုတိယဝန်ကြီးသည် ဟင်္သာတတွင် ရောက်ရှိနေစဉ်ကာလအတွင်း ဟင်္သာတမြို့ သဘာဝဘေးအန္တရာယ်စီမံ ခန့်ခွဲမှု သင်တန်းကျောင်း သို့ သွားရောက်ခဲ့ပြီး ကျောင်းအုပ်ကြီးက သင်တန်းကျောင်း၏  ဆောင်ရွက်နေသည့် အခြေအနေများကို ရှင်းလင်းတင်ပြခဲ့ရာ ဒုတိယဝန်ကြီးက သင်ကြားမှုဘာသာရပ်များနှင့်နည်းစနစ်များ  ခေတ်နှင့်အညီ ဆန်းသစ်ပြင်ဆင်နိုင်ရေးအတွက် ပညာရှင်များနှင့် ညှိနှိုင်းဆောင်ရွက်ရေး သင်တန်းအမျိုးအစားလိုက် နည်းပြများကျွမ်း ကျင်ပိုင်နိုင်ရေး စဉ်ဆက်မပြတ်လေ့လာရေး စာကြည့်တိုက်ရှိ အင်္ဂလိပ်စာအုပ်များကို ဘာသာ ပြန်ဆိုထားရှိရေး သင်တန်းဆရာများ၏ အရည်အချင်းကို တိုးမြှင့်စေရေး လေ့ကျင့်ပျိုးထောင်ကြရန် မှာကြားခဲ့ကြောင်း သတင်းရရှိပါသည်။

#hl2_otr

#ayy_jun2019

Source:  DDM

Sign Up

Upcoming Events