လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန၊ ဂန့်ဂေါခရိုင်ဦးစီးမှူးရုံးမှတာဝန်ရှိသူများသည် ဂန့်ဂေါခရိုင်၊ ဂန့်ဂေါမြို့နယ်၊ တောင်ယာပြင်ကျေးရွာအုပ်စု၊ တောင်ယာပြင်ကျေးရွာတွင် (၃၀-၅-၂၀၁၉) ရက်နေ့၊ (၂၂:၃၀) နာရီအချိန်၌ဖြစ်ပွားခဲ့သောလေဘေးကြောင့် အိမ်ခြေ (၁) လုံး အမိုးလန်ခဲ့ရာ အမိုးလန် အိမ်ခြေ အတွက် အိမ်ဆောက်ပစ္စည်းဖိုး (၅၀၀၀၀/-) ကျပ်၊ အိမ်ထောင်စု (၁) စု၊ လူဦးရေ (၈) ဦးတို့အတွက် ဆန်ရိက္ခာဖိုး (၁၆၈၀၀/-)ကျပ် ၊ စုစုပေါင်း(၆၆၈၀၀/-) ကျပ်တို့အား ကျေးရွာ အုပ်စုအုပ်ချုပ်ရေးမှူးနှင့်အတူ (၃ – ၆ -၂၀၁၉)ရက်နေ့(၀၉:၀၀) နာရီအချိန်တွင် လေဘေး သင့်ပြည်သူများလက်ဝယ်အရောက် ထောက်ပံ့ခဲ့ပါကြောင်း သတင်းရရှိပါသည်။
#ha_sgw
#mgy_jun2019
Source: ဂန့်ဂေါခရိုင်ဦးစီးမှူးရုံး (ဘစမ)