လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာဦးစီးဌာန၊ စစ်ကိုင်းတိုင်းဒေသကြီးဦးစီးမှူးနှင့် တာဝန်ရှိသူများသည် (၁-၆-၂၀၁၉) နေ့မွန်းလွဲ (၁:၀၀)နာရီတွင် ကလေး မြို့နယ်အုပ်ချုပ်ရေးမှူးရုံး၌ ကလေးမြို့နယ်အတွင်းရပ်ကွက်/ကျေးရွာအချို့၌ ယခုနှစ်နွေရာသီတွင် သောက်သုံး ရေပြတ်လပ်ပြီး သောက်သုံးရေဖြန့်ဝေနိုင်ရေးအတွက် လုပ်ငန်းဆောင်မည့်ကိစ္စနှင့် ပက်သက်၍ ကလေးမြို့နယ် အုပ်ချုပ်ရေးမှူးနှင့် တွေ့ဆုံခဲ့ပါသည်။ ၎င်းအပြင် ကလေးမြို့နယ်၊နတ်မြောင်းကျေးရွာ စာသင်ကျောင်း၊ ဖောင်ကူးကျေးရွာအုပ်စု၊ သဖန်းအိုင်ကျေးရွာစာသင်ကျောင်းနှင့်အောင် မေတ္တာရပ်ကွက်အ. လ. ကခွဲ(၃) ကျောင်း တို့တွင်ဆောက်လုပ်လျှက်ရှိသော School cum shelter (၃)လုံးအား သွားရောက်ကြည့်ရှု့ စစ်ဆေးခဲ့ပြီး လိုအပ်သည်များကို လှမ်းညွှန်မှာကြားခဲ့ကြောင်း သိရှိရပါသည်။
Source: စစ်ကိုင်းတိုင်းဒေသကြီးဦးစီးမှူး(ဘစမ)