Category Archives: News
-
သဘာဝဘေးကြိုတင်ကာကွယ်ရေးအတွက်ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိအရပ်ဖက်လူမှုအဖွဲ့အစည်းများ၊ကူညီကယ်ဆယ်ရေးပရဟိတအဖွဲ့အစည်းများ၊ဒေသခံများနှင့်ပြည်ထောင်စုဝန်ကြီးဒေါက်တာဝင်းမြတ်အေးတွေ့ဆုံ
ဇွန် ၂၉၊ ရန်ကုန် ပြည်ထောင်စုဝန်ကြီးဒေါက်တာဝင်းမြတ်အေးသည်ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်လူမှုရေးဝန်ကြီး၊တိုင်းဒေသကြီးလွှတ်တော်ဒုတိယဥက္ကဌနှင့်တာဝန်ရှိသူများလိုက်ပါလျက်ယနေ့မွန်းလွဲပိုင်းတွင်ရန်ကုန်တိုင်းဒေသကြီးဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာနတွင်ကျင်းပပြုလုပ်သောဘဘာဝဘေးကြိုတင်ကာကွယ်ရေးနှင့်ပြန်လည်ထူထောင်ရေးလုပ်ငန်းများအတွက်အရပ်ဖက်လူမှုအဖွဲ့အစည်းများ၊သဘာဝဘေးကူညီကယ်ဆယ်ရေးပရဟိတအဖွဲ့အစည်းများ၊ဒေသခံများနှင့်တွေ့ဆုံညှိနှိုင်းပွဲအခမ်းအနားသို့တက်ရောက်ခဲ့ပါသည်။ အခမ်းအနားတွင်ပြည်ထောင်စုဝန်ကြီးကမိမိတို့အစိုးရအနေဖြင့်ပြည်သူ့အကျိုးအတွက်ကောင်းမွန်သောအပြောင်းအလဲများကိုဖော်ဆောင်လျက်ရှိကြောင်း၊အစိုးရ၏ဆောင်ရွက်မှုတိုင်းတွင်အမြဲတမ်းပါဝင်ဆောင်ရွက်ပေးလျက်ရှိသောလူမှုအဖွဲ့အစည်းများကိုကျေးဇူးတင်ရှိပါကြောင်း၊ကမ္ဘာ့ရာသီဥတုအပြောင်းအလဲကြောင့်ရာသီဥတုပြောင်းလဲမှုဒဏ်ကိုမြန်မာနိုင်ငံအနေဖြင့်ပုံမှန်ခံစားရမည်ဖြစ်ကြောင်း၊ယခုနှစ်နွေရာသီတွင်ရာသီဥတုပြောင်းလဲမှုကြောင့်အပူချိန်မှာယခင်နှစ်များထက်ပိုမိုမြင့်တက်လာသည်ကိုတွေ့ရှိရပါကြောင်း၊ယခင်ကတစ်လလျှင်ပျမ်းမျှ တစ်ရက်နှစ်ရက်ခန့်သာအပူချိန်လွန်ကဲရာမှယခုနှစ်တွင်တစ်လအတွင်း၁၇ရက်အထိအပူချိန်လွန်ကဲခဲ့ကြောင်း၊မုတ်သုန်ဝင်ရောက်မှု နောက်ကျခြင်းမိုးတွင်းကာလတိုတောင်းခြင်းတို့ကြောင့်မိုးဦးကာလနှင့်မိုးနှောင်းကာလများလည်းရက်ရှည်သွားကြောင်း၊ထိုအခါတိမ်တောင်များပိုမိုဖြစ်ပေါ်ပြီးလေပြင်းတိုက်ခြင်း၊မိုးသီးကြွေခြင်း၊မိုးကြိုးပစ်ခြင်းများပိုမိုဖြစ်ပွားလာသည်ကိုတွေ့ရှိရကြောင်း၊ယခင်ကမုန်းတိုင်းများ၃နှစ်တစ်ကြိမ်ခန့်သာဖြစ်ပွားရာမှယခုအခါနှစ်စဉ်ဖြစ်ပေါ်လျက်ရှိသည်ကိုတွေ့ရှိရကြောင်း၊ရာသီဥတုပြောင်းလဲမှုများကိုမည်ကဲ့သို့တုန့်ပြန်ဆောင်ရွက်ရမည်ကိုပြည်သူများကသိရှိရန်အရေးကြီးကြောင်း၊သဘာဝဘေးအန္တရာယ်ကြောင့်ဆုံးရှုံးမှုလျော့နည်းအောင်ဆောင်ရွက်ရာတွင်လူ့အသက်သေဆုံးမှု နည်းနိုင်သမျှနည်းအောင်ကြိုးစားဆောင်ရွက်ရမည်ဖြစ်ကြောင်း၊အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုကော်မတီကိုဒုတိယသမ္မတ(၂) ကဦးဆောင်လျက်ရှိပြီးတိုင်းဒေသကြီး၊ပြည်နယ်၊ခရိုင်၊မြို့နယ်အဆင့်ဆင့်ဆောင်ရွက်လျက်ရှိကြောင်း၊လူမှုအဖွဲ့အစည်းများ၊ပရဟိတအဖွဲ့အစည်းများ၊ဖောင်းဒေးရှင်းများအနေဖြင့်ပူးပေါင်းဆောင်ရွက်ကြစေလိုကြောင်း၊ရန်ကုန်တိုင်းဒေသကြီးအတွင်းလူဦးရေသိပ်သည်းမှုများပြားပြီးအထပ်မြင့်အဆောက်အဦးများ၊အလုပ်ရုံ၊စက်ရုံများများစွာတည်ရှိသည်ကိုတွေ့ရှိရပါကြောင်း၊လေအေးပေးစက်အသုံးပြုမှုများ၍ထုတ်လွှတ်သောဓါတ်ငွေ့များ၊စက်ရုံအလုပ်ရုံကထုတ်လွှတ်သောအညစ်အကြေးများ၊လူများစွန့်ပစ်သောအမှိုက်များ၊မော်တော်ယာဉ်များကထုတ်လွှတ်သောမီးခိုးငွေ့များသည်သဘာဝပတ်ပန်းကျင်ထိခိုက်ခြင်းနှင့်လေထုညစ်ညမ်းခြင်းများဖြစ်ပေါ်နေကြောင်း၊ငလျင်ဘေးနှင့်ပတ်သက်၍လည်းကြိုတင်ပြင်ဆင်ဇာတ်တိုက်လေ့ကျင့်ခန်းများဆောင်ရွက်ကြရန်လိုအပ်ကြောင်း၊လူမှုစီးပွားဖွံ့ဖြိုးတိုးတက်ရေးကိုအနှောက်အယှက်ဖြစ်စေမည့်လူကြောင့်ဖြစ်သောဘေး၊သဘာဝဘေးများကိုကြိုတင်ကာကွယ်နိုင်ကြရန်လိုအပ်ကြောင်း၊အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၏အခန်းကဏ္ဍသည်အရေးကြီးသကဲ့သို့ ပူးပေါင်းဆောင်ရွက်မှုသည်လည်းအလွန်အကျိုးရှိပါကြောင်း၊ထိရောက်သောချိတ်ဆက်ပူးပေါင်းမှုများတိုးမြှင့်ဆောင်ရွက်ပေးကြရန်ပြောကြားခဲ့ပါသည်။ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့လူမှုရေးဝန်ကြီးဦးနိုင်ငံလင်းကတိုင်းဒေသကြီးအတွင်းသဘာဝဘေးနှင့်ပတ်သက်၍ကြိုတင်ကာကွယ်ရေးလုပ်ငန်းများနှင့်ပြန်လည်ထူထောင်ရေးလုပ်ငန်းများဆောင်ရွက်ထားရှိမှုအခြေအနေများ၊ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းများ၊ရှေ့လုပ်ငန်းစဉ်များကိုတင်ပြဆွေးနွေးခဲ့ပါသည်။ ထို့နောက်တိုင်းဒေသကြီးဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာနမှူးက Disaster Alert Notification(DAN) mobile application နှင့်ပတ်သက်၍တက်ရောက်လာသူများအားရှင်းလင်းတင်ပြပါသည်။ DAN application သည်သဘာဝဘေးနှင့်ပတ်သက်၍သတင်းအချက်အလက်များပြည်သူများသို့ပေးပို့ခြင်း၊သဘာဝဘေးခံစားရရှိမှုများကိုပြည်သူများထံမှပြန်လည်သတင်းရယူခြင်းတို့ကိုဆောင်ရွက်နိုင်ပြီးတစ်နိုင်ငံလုံးအတိုင်းအတာအနေဖြင့်အသုံးပြုနိုင်ရေးကြိုးပမ်းလျက်ရှိကြောင်းဆွေးနွေးတင်ပြခဲ့ပါသည်။ ထို့နောက်တက်ရောက်လာကြသောလူမှုအဖွဲ့အစည်းများကမှန်ကန်သောဘေးအန္တရာယ်သတင်းရရှိရေးနှင့်ကူညီထောက်ပံ့မှုများတွင်အပို၊အလိုကိုညှိနှိုင်းဆောင်ရွက်ရေး၊ဘေးဒဏ်ခံစားရသောသူများအားလုံးသာတူညီမျှရရှိရေး၊ရှာဖွေကယ်ဆယ်ရေးသင်ရိုးပြဌာန်းပေးနိုင်ရေး၊ကျွမ်းကျင်လုပ်ငန်းများအလိုက်မှတ်ပုံတင်ကတ်ထုတ်ပေးနိုင်ရေး၊ရှာဖွေကယ်ဆယ်ရေးဝတ်စုံသတ်မှတ်ပေးနိုင်ရေး၊သဘာဝဘေးစီမံခန့်ခွဲမှုသင်တန်း၊သဘာဝဘေးလျှော့ချရေးသင်းတန်းများပိုမိုသင်ကြားပေးနိုင်ရေး၊မြို့နယ်အဆင့်ကော်မတီတွင်အရပ်ဖက်လူမှုအဖွဲ့အစည်းများပါဝင်နိုင်ရေး၊အရပ်ဖက်လူမှုအဖွဲ့အစည်းများပိုမိုပူးပေါင်းဆောင်ရွက်နိုင်ရေးတင်ပြဆွေးနွေးကြရာဘေအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာနညွန်ကြားရေး မှူးချုပ်ကပြန်လည်ညှိနှိုင်းဆွေးနွေးခဲ့ရာပြည်ထောင်စုဝန်ကြီးကမိမိတို့အနေဖြင့်တင်ပြချက်များအရလိုအပ်ချက်များကိုအမြန်ဆုံးပြန်လည်ညှိနှိုင်းဖြည့်ဆည်းဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ပူးပေါင်းဆောင်ရွက်မှုများအတွက်လည်းကျေးဇူးအထူးပင်တင်ရှိပါကြောင်းနိဂုံးချုပ်ပြောကြားခဲ့ပြီးမှတ်တမ်းတင်ဓါတ်ပုံရိုက်ကူးခဲ့ဲကြကြောင်းသိရှိရပါသည်။
-
လူကုန်ကူးခံရသူများယာယီစောင့်ရှောက်ရေးဂေဟာ (ရန်ကုန်) စတင်တည်ဆောက်ခြင်းအခမ်းအနားသို့ပြည်ထောင်စုဝန်ကြီးဒေါက်တာဝင်းမြတ်အေးတက်ရောက်
ဇွန် ၂၉၊ ရန်ကုန် ပြည်ထောင်စုဝန်ကြီးဒေါက်တာဝင်းမြတ်အေးသည်ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်ဝန်ကြီးများနှင့်တာဝန်ရှိသူများလိုက်ပါလျက်ယနေ့နံနက်ပိုင်းတွင်ရန်ကုန်တိုင်းဒေသကြီး၊ ရွှေပြည်သာမြို့နယ်ရှိလူကုန်ကူးခံရသူများယာယီစောင့်ရှောက်ရေးဂေဟာတည်ဆောက်ရန်အတွက်ပန္နက်တင်အခမ်းအနားသို့တက်ရောက်၍ အမှာစကားပြောကြားပါသည်။ ပြည်ထောင်စုဝန်ကြီးကအဖွင့်အမှာစကားပြောကြားရာတွင်အစိုးရအနေဖြင့်မြန်မာနိုင်ငံတွင်နေထိုင်ကြသောပြည်သူများရသင့်ရထိုက်သောအခွင့်အရေးများကိုသာတူညီမျှခံစားရရှိအောင်ဆောင်ရွက်လျက်ရှိကြောင်း၊ဘေးဒုက္ခကြုံတွေ့နေကြရသောပြည်သူများကိုဒုက္ခမှလွတ်မြောက်အောင်ကယ်ဆယ်ကူညီဆောက်ရွက်ရန်အစိုးရတွင်တာဝန်ရှိကြောင်း၊လူကုန်ကူးခံရခြင်းသည်မြန်မာနိုင်ငံအတွက်ရင်ဆိုင်နေရသောစိန်ခေါ်မှုတစ်ခုဖြစ်ကြောင်း၊မိမိတို့ဘဝလူနေမှုအဆင့်အတန်းမြင့်မာလာရေး၊စာဝတ်နေမှုပြေလည်လာရေးတို့အတွက်ပြည်သူများအနေဖြင့်အသိ၊သတိတို့ဖြင့်ဆောင်ရွက်ကြရန်လိုအပ်ကြောင်း၊လူကုန်ကူးမခံရအောင်မိမိကိုယ်မိမိအသိဖြင့်ကာကွယ်ရန်အရေးကြီးကြောင်း၊လူကုန်းကူမှုတားဆီးကာကွယ်ရေးကိုပြည်ထဲရေးဝန်ကြီးဌာနကဦးစီးဆောင်ရွက်လျက်ရှိပြီးလုပ်ငန်းအဖွဲ့ခွဲ (၃)ခုအနက်မိမိတို့ဝန်ကြီးဌာနအနေဖြင့်လူကုန်ကူးခံရသူများပြန်လည်လက်ခံရေး၊ပြန်လည်ဝင့်ဆံ့ရေးနှင့်ပြန်လည်ထူထောင်ရေးလုပ်ငန်းအဖွဲ့ကိုတာဝန်ယူဆောင်ရွက်လျက်ရှိကြောင်း၊ပြည်ထဲရေးဝန်ကြီးဌာနကဦးဆောင်၍လူကုန်ကူးမှုတားဆီးရေးဥပဒေကိုခေတ်နှင့်လျော်ညီစေရန်ပြင်ဆင်၍ပြန်လည်ရေးဆွဲဆောင်ရွက်လျက်ရှိကြောင်း၊လူကုန်ကူးခံရသူများကိုကယ်ဆယ်ပြီးပါကယာယီစောင့်ရှောက်ရန်နေရာလိုအပ်ကြောင်း၊မြန်မာတစ်နိုင်ငံလုံးတွင်လူကုန်ကူးခံရသူများယာယီစောင့်ရှောက်ရေးဂေဟာကိုမန္တလေး၊မူဆယ်၊ကော့သောင်းနှင့်မြဝတီတို့တွင့် (၄) ခုရှိပြီးယခုရန်ကုန်တိုင်းဒေသကြီး၊ရွှေပြည်သာမြို့နယ်တွင်တည်ဆောက်မည့်ဂေဟာသည် (၅) ခုမြောက်ဂေဟာဖြစ်ပါကြောင်း၊ဤဂေဟာတည်ဆောက်ခြင်းသည်တစ်နိုင်ငံလုံးနှင့်သက်ဆိုင်သည်ကိုသိရှိစေလိုကြောင်း၊လူကုန်ကူးခံရသူများတွင်အမျိုးသမီးများသာမကအမျိုးသားများလည်းပါဝင်ကြောင်း၊အင်ဒိုနီးရှား၊ထိုင်းနိုင်ငံများမှမြန်မာရေလုပ်သားများလူကုန်ကူးခံရသူများကိုလေကြောင်းဖြင့်ပြန်လည်လက်ခံရခြင်းများလည်းရှိကြောင်း၊ယာယီစောင့်ရှောက်ရန်ရန်ကုန်တိုင်းဒေသကြီးတွင်နေရာလိုအပ်ကြောင်း၊မိမိတို့ဝန်ကြီးဌာနအနေဖြင့်ရန်ကုန်တိုင်းဒေသကြီးအစိုးရ၏ပူပေါင်းကူညီမှုဖြင့်အစိုးရ၏စီမံခန့်ခွဲသည့်မြေနေရာတွင်လူကုန်ကူးခံရသူများယာယီစောင့်ရှောက်ရေးဂေဟာကိုဖွင့်လှစ်နိုင်ခြင်းဖြစ်ပါကြောင်း၊ရွှေပြည်သာမြို့နယ်တွင်ဤဂေဟာဆောက်လုပ်ထားခြင်းကိုမြို့နယ်နေပြည်သူလူထုကပူးပေါင်းကူညီပေးရန်မေတ္တာရပ်ခံပါကြောင်း၊အစိုးရ၏ဆောင်ရွက်ချက်များသည်ပြည်သူများအတွက်ဖြစ်ကြောင်းပြောကြားခဲ့ပါသည်။ ထို့နောက်လျှပ်စစ်၊စက်မှုနှင့်လမ်းပန်းဆက်သွယ်ရေးဝန်ကြီးဒေါ်နီလာကျော်ကဆောက်လုပ်ရေးလုပ်ငန်များလုပ်ဆောင်ရာတွင်အရည်အသွေးကိုအဓိကထားဆောင်ရွက်စေလိုကြောင်း၊တိုင်းဒေသကြီးအစိုးရအနေဖြင့်အဆောက်အဦရေရှည်တည်တံ့ရေးပူးပေါင်းဆောင်ရွက်သွားမည်ဖြစ်ပါကြောင်းပြောကြားခဲ့ပါသည်။ထို့နောက်တာဝန်ရှိသူများကသက်ဆိုင်ရာနေရာများ၌ပန္နက်တင်မင်္ဂလာအခမ်းအနားကိုပြုလုပ်ကြပြီးစုပေါင်းမှတ်တမ်းတင်ဓါတ်ပုံရိုက်ကူးခဲ့ကြပါသည်။ ထို့နောက်ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည်ရန်ကုန်တိုင်းဒေသကြီး၊လူမှုဝန်ထမ်းဦးစီမှုးရုံး၌ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိလူမှုဝန်ထမ်းဦးစီးဌာနနှင့်ပြန်လည်ထူထောင်ရေးဦးစီးဌာနတို့တွင်တာဝန်ထမ်းဆောင်လျက်ရှိသောဝန်ထမ်းများနှင့်တွေ့ဆုံရာတွင်ရန်ကုန်တိုင်းဒေသကြီးလူမှူဝန်ထမ်းတိုင်းဒေသကြီးဦးစီမှူးကတိုင်းဒေသကြီးအတွင်းလက်ရှိဆောင်ရွက်ထားရှိမှူများ၊အားနည်းချက်၊အားသာချက်များနှင့်ရှေ့လုပ်ငန်းစဉ်များကိုတင်ပြခဲ့ရာပြည်ထောင်စုဝန်ကြီးကရာထူးအဆင့်ဆင့်သည်တာဝန်ယူဆောင်ရွက်ကြရခြင်းဖြစ်၍မိမိတို့၏ထမ်းဆောင်ရမည့်တာဝန်ကိုသိရှိကြရန်လိုအပ်ကြောင်း၊မိမိတို့လုပ်ဆောင်မှူများကြောင့်ပြည်သူများမည်မျှအကျိုးဖြစ်ထွန်းမှုရရှိသည်ကိုသိရှိရန်ကြိုးစားကြစေလိုကြောင်း၊ဝန်ကြီးဌာန၊ဦးစီးဌာနတို့၏မူဝါဒများကိုသိရှိပြီးဆောင်ရွက်ကြစေလိုကြောင်း၊ဝန်ထမ်းများအနေဖြင့်ပြည်သူများကိုအလုပ်အကျွေးပြုရမည်ဖြစ်ကြောင်း၊ငွေးကြေးထောက်ပံ့မှုများတွင်ပြည်သူ့ဘဏ္ဍာငွေများကိုပြည်သူ့ထံသို့စနစ်တကျရောက်ရှိအောင်ဆောင်ရွက်ပေးခြင်းဖြစ်ကြောင်း၊ဝန်းထမ်းများသည်ထမ်းဆောင်ရမည့်တာဝန်၊လိုက်နားရမည့်စည်းကမ်း၊စောင့်ထိန်းရမည့်ကျင့်ဝတ်တို့ကိုသေချာစွာမှတ်သားဆောင်ရွက်ကြရန်လိုအပ်ကြောင်း၊ပြည်သူများပါဝင်ဆောင်ရွက်ရန်ပြည်သူ့ဆန္ဒကိုအလေးထားကြရန်လိုအပ်ကြောင်း၊ဦးဆောင်သူများအနေဖြင့်မိမိနှင့်ပူးပေါင်းဆောင်ရွက်မည့်ဝန်ထမ်းများ၏အသံကိုနားထောင်ကာလိုက်ပါဆောင်ရွက်နိုင်စေရန်ပံံ့ပိုးဖြည့်ဆည်းမှုများပြု လုပ်ပေးကြစေလိုကြောင်း၊ဝန်ထမ်းများ၏စွမ်းဆောင်ရည်မြင့်မားလာမှသာလုပ်ငန်းများအချိန်မီနှင့်ထိရောက်စွာပြီးမြောက်၍ပြည်သူ့အကျိုးကိုဖော်ဆောင်နိုင်မည်ဖြစ်ကြောင်းပြောကြားခဲ့ပါသည်။ထို့နောက်ဝန်ထမ်းများကလုပ်ငန်းဆောင်ရွက်ရာတွင် တွေ့ကြုံရသည့်အခက်အခဲနှင့် လုပ်ငန်းလိုအပ်ချက် များကိုတင်ပြကြရာပြည်ထောင်စုဝန်ကြီး၊ညွန်ကြားရေးမှူးချုပ်တို့ကပြန်လည်ညှိနှိူင်းဆွေးနွေးပေးခဲ့ကြောင်းသိရှိရပါသည်။
-
ပြည်ထောင်စုဝန်ကြီးဒေါက်တာဝင်းမြတ်အေးမြန်မာအမျိုးသမီးများနေ့ကိုဂုဏ်ပြုကြိုဆိုတင်ဆက်သော ”ရှုတိုင်းယဉ်ဆင်တိုင်းလှဝတ်စားဆင်ယင်ထုံးဖွဲ့မှုပြပွဲ” တက်ရောက်
ဇွန်၂၈၊ရန်ကုန် လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာနပြည်ထောင်စုဝန်ကြီးဒေါက်တာဝင်းမြတ်အေးနှင့်အဖွဲ့သည်ယနေ့မွန်းလွဲပိုင်းတွင်သုဝဏ္ဏမိုးလုံလေလုံအားကစားရုံတွင်ကျင်းပသည့်မြန်မာအမျိုးသမီးများနေ့ကိုဂုဏ်ပြုကြိုဆိုသောအားဖြင့်မြန်မာနိုင်ငံလုံးဆိုင်ရာအမျိုးသမီးကော်မတီ၏ကြီးကြပ်မှုဖြင့်မြန်မာနိုင်ငံအမျိုးသမီးရေးရာအဖွဲ့ချုပ်ကစီစဉ်တင်ဆက်သော”ရှုတိုင်းယဉ်ဆင်တိုင်းလှဝတ်စားဆင်ယင်ထုံးဖွဲ့မှုပြပွဲ”သို့တက်ရောက်ခဲ့ပါသည်။ အဆိုပါအခမ်းအနားတွင်မြန်မာနိုင်ငံလုံးဆိုင်ရာအမျိုးသမီးကော်မတီ၏ဂုဏ်ပြုသီချင်းတေးသီချင်းကိုတေးသံရှင်ပိုးမီကအဖွင့်တွင်သီဆိုခဲ့ပြီးမြန်မာနိုင်ငံအမျိုးသမီးရေးရာအဖွဲ့ချုပ်ဂုဏ်ပြုသီချင်း”အင်းအားသစ်များနှင့်အတူ” တေးသီချင်းကိုတေးသံရှင်စိုးပြည့်သဇင်နှင့်ကေကေတီတို့ကလည်းကောင်း၊ဒီဇိုင်နာမေမြတ်ဝါဆို၏”ပန်းပန်းချီရေး၊မြင်သူငေး”မြန်မာ့ရိုးရာဆင်ယဉ်ထုံးဖွဲ့မှုကိုလည်းကောင်း၊ဒီဇိုင်နာစုစုဝေ၏”မောင်မယ်တွဲဘက်၊လက်ချင်းယှက်”ဆင်ယဉ်ထုံးဖွဲ့မှုကိုလည်းကောင်း၊”မီးအိမ်ရှင်”တစ်ခန်းရပ်ပြဇာတ်ကိုလည်းကောင်း၊ဒီဇိုင်နာသျှတ္တရ၏”ကြာနွယ်ဖြင့်ဆင်း၊ခေတ်ဆန်းယဉ်” ဆင်ယဉ်ထုံးဖွဲ့မှုကိုလည်းကောင်း၊ဒီဇိုင်နာယုံးယုံး၏”ပုလဲကုံးသီသံစဉ်ညီ၊ချိုမြတေးပန်းချီ”တို့ဖြင့်လည်းကောင်း၊တစ်ခန်းရပ်ဟာဒယရွှင်ဆေးအားလည်းကောင်း၊ဒီဇိုင်နာမျိုးမင်းစိုး၏”လက်ဆင့်ကမ်းဝေ၊သာသနာအမွေ”ကိုလည်းကောင်း၊”ဘယ်သူပိုမိုက်လည်း”ပြဇာတ်တို့ဖြင့်ဖျော်ဖြေခဲ့ကြပြီးပြည်ထောင်စုဝန်ကြီးကဂုဏ်ပြုမှတ်တမ်းလွှာနှင့်ဂုဏ်ပြုပန်းခြင်းများကိုပေးအပ်ခဲ့ပါသည်။ ဆက်လက်၍မြန်မာနိုင်ငံအမျိုးသမီးရေးရာအဖွဲ့ချုပ်မှတာဝန်ရှိသူများကဂုဏ်ပြုပန်းခြင်းများဆက်လက်ပေးအပ်ခဲ့ပြီးစုပေါင်းမှတ်တမ်းတင်ဓါတ်ပုံရိုက်ကူးခဲ့ကြောင်းသတင်းရရှိပါသည်။
-
ပြည်ထောင်စုဝန်ကြီးဒေါက်တာဝင်းမြတ်အေးအားမသန်စွမ်းအဖွဲ့ချုပ်နှင့်KyoshinCo.ld တို့ကသီးခြားစီလာရောက်တွေ့ဆုံ
ဇွန်၂၈ရန်ကုန် ပြည်ထောင်စုဝန်ကြီးဒေါက်တာဝင်းမြတ်အေးသည်ယနေ့နံနက်ပိုင်းတွင်လူမှုဝန်ထမ်းဦးစီးဌာနညွန်ကြားရေးမှူးချုပ်ဒေါက်တာစန်းစန်းအေး၊ပြန်လည်ထူထောင်ရေးဦးစီးဌာနညွန်ကြားရေးမှူးချုပ်ဦးဝင်းနိုင်ထွန်းတို့နှင့်အတူမသန်စွမ်းသူများအဖွဲ့ချုပ်မှယာယီဥက္ကဌနှင့်တာဝန်ရှိသူများနှင့်ရန်ကုန်တိုင်းဒေသကြီး၊လူမှုဝန်ထမ်းရုံးတွင်ယနေ့နံနက်ပိုင်းကတွေ့ဆုံခဲ့ပါသည်။ ထိုသို့တွေ့ဆုံရာတွင်ပြည်ထောင်စုဝန်ကြီးကမသန်စွမ်းသူများ၏အခွင့်အရေးများဆိုင်ရာအမျိုးသားကော်မတီစတုတ္ထအကြိမ်အစည်းအဝေးတွင်ဆောက်လုပ်ရေးဝန်ကြီးဌာနမှတင်ပြခဲ့သည့်နေပြည်တော်ရှိရေပန်းဥယျာဉ်နှင့်မြို့မဈေးတို့တွင်မသန်စွမ်းသူများအလွယ်တကူသွားလာဆောင်ရွက်ချိန်တွင်စီမံကိန်း(၂)ရပ်အကောင်အထည်ဖေါ်ရန်လိုအပ်သည့်အကြံဉာဏ်များရယူနိုင်ရေးအတွက်မြန်မာနိုင်ငံမသန်စွမ်းသူများအသင်းချုပ်နှင့်တွေ့ဆုံညှိနှိုင်းရခြင်းဖြစ်ပါကြောင်း၊လက်ရှိတွင်နိုင်ငံတော်အစိုးရအနေဖြင့်မသန်စွမ်းသူများဖွံ့ဖြိုးတိုးတက်ရေးနှင့်အခွင့်အရေးတို့ကိုဆောင်ရွက်ပေးနေရာတွင်တိုးတက်ပြောင်းလဲမှုများတွေ့ရှိနေရသော်လည်းအောက်ခြေအဆင့်အတွက်မသန်စွမ်းသူများအတားအဆီးမရှိသွားလာနိုင်ရေးကိုဖြည့်ဆည်းပေးရန်လိုအပ်လျက်ရှိပါကြောင်း၊ထို့ကြောင့်လည်းနေပြည်တော်တွင်စံပြအနေဖြင့်ဖန်တီးတည်ဆောက်နိုင်ရေးစီမံကိန်း(၂)ရပ်ကိုဆောင်ရွက်လိုခြင်းဖြစ်ပါကြောင်း၊ဆောင်ရွက်ပြီးစီးပါကအခြားတိုင်းဒေသကြီး/ပြည်နယ်တို့တွင်နမူနာထား၍ဆောင်ရွက်နိုင်ရန်ပြသသွားမည်ဖြစ်ပါကြောင်းပြောကြားခဲ့ပါသည်။ ဆက်လက်၍မြန်မာနိုင်ငံမသန်စွမ်းသူများအသင်းချုပ်ယာယီဥက္ကဌနှင့်အထွေထွေအတွင်းရေးမှူးတို့မှမြန်မာနိုင်ငံမသန်စွမ်းသူများအသင်းချုပ်မှနည်းပညာပိုင်းဆိုင်ရာလိုအပ်ချက်တို့ကိုကူညီသွားမည်ဖြစ်ပါကြောင်း၊သန်စွမ်းသူမသန်းစွမ်းသူဟူ၍မခွဲခြားပဲအားလုံးအဆင်ပြေစေမည့် Universal Design ကိုပြုပြင်ပြောင်းလဲပြီးတီထွင်၍Universal Designကိုနေရာတိုင်းတွင်အသုံးချဆောင်ရွက်သွားရန်လိုပါကြောင်း၊မသန်စွမ်းမှုအမျိုးအစားအလိုက်ဖန်တီးလုပ်ဆောင်ပေးသင့်သည့်စံသတ်မှတ်ထားသောအချက်တို့ကိုလည်းပံ့ပိုးပေးမည်ဖြစ်ပါကြောင်းဆွေးနွေးခဲ့ကြပါသည်။ ဆက်လက်၍ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည်ဂျပန်နိုင်ငံအခြေစိုက်KyoshinCo.ltdမှတာဝန်ရှိသူများနှင့်တွေ့ဆုံရာတွင်KyoshinCo.ltdမှ Advisor Prof. Kiryu Minoru ကမိမိတို့အနေဖြင့်(၁၉၉၉)ခုနှစ်မှစတင်ကာယခုအထိစုစုပေါင်းအမေရိကန်ဒေါ်လာ (၄) သိန်းကျော်လှူဒါန်းခဲ့ပြီးဖြစ်ပါကြောင်း၊ (၂၀၁၇) ခုနှစ်တွင်လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာနနှင့်သက်ကြီးရွယ်အိုပြုစုစောင့်ရှောက်သူများလေ့ကျင့်မွေးထုတ်ပေးရေးအတွက်နည်းပညာဆိုင်ရာပူပေါင်းဆောင်ရွက်ရေးသဘောတူစာချုပ်ကိုလက်မှတ်ရေးထိုးကာ Care Giver Training မှထွက်ပေါ်လာသောသင်တန်းဆင်းများကိုဂျပန်ဘာသာရပ်သင်ကြားပေးခြင်းနှင့်အလုပ်အကိုင်အခွင့်အလမ်းများရရှိအောင်ဆောင်ရွက်ပေးလျက်ရှိကြောင်း၊သက်ကြီးရွယ်အိုပြုစုစောင့်ရှောက်ရေးသင်တန်းအတွက်သင်တန်းခန်းမပြုပြင်မွမ်းမံခြင်း၊သင်ထောက်ကူပစ္စည်းများပံ့ပိုးပေးခြင်း၊သင်တန်းနည်းပြဆရာများစေလွှတ်၍နည်းပညာအထောက်အပံ့များကူညီဆောင်ရွက်ပေးလျက်ရှိကြောင်း၊သက်ကြီးရွယ်အိုပြုစုစောင့်ရှောက်သူများပိုမိုမွေးထုတ်ပေးနိုင်ရန်သင်တန်းကျောင်းအဆောက်အဦအသစ်ဆောက်လုပ်လှူဒါန်းသွားမည်ဖြစ်ကြောင်း၊အဆောက်အဦပြီးစီးသွားပါကတစ်နှစ်လျှင်သင်တန်းသား (၁၅၀)ဦးကိုမွေးထုတ်ပေးနိုင်မည်ဖြစ်ပြီးအလုပ်အကိုင်အခွင့်အလမ်းများလည်းရှာဖွေပေးသွားမည်ဖြစ်ကြောင်းပြောကြားခဲ့ပါသည်။ ထို့နောက်ပြည်ထောင်စုဝန်ကြီးကသက်ကြီးရွယ်အိုလူဦးရေများပြားလားသည်နှင့်အမျှအိုမင်းမစွမ်းသက်ကြီးများအတွက်ကျွမ်းကျင်စွာပြုစုစောင့်ရှောက်သူများလိုအပ်လျက်ရှိရာဝန်ကြီးဌာနအနေဖြင့်သက်ကြီးရွယ်အိုပြုစုစောင့်ရှောက်သူသင်တန်းအား (၂၀၁၅) ခုနှစ်မှစတင်၍ (၈)ကြိမ်မြောက်ဖွင့်လှစ်ပေးလျက်ရှိပြီးသင်တန်းသားသင်တန်သူ (၂၁၁)ဦးကိုမွေးထုတ်ပေးနိုင်ခဲ့ပြီဖြစ်ကြောင်း၊၎င်းတို့အနက်ဂျပန်နိုင်ငံသို့ကျွမ်းကျင်သက်ကြီးရွယ်အိုစောင့်ရှောက်သူ(၁၅)ဦးကိုဂျပန်နိုင်ငံသို့စေလွှတ်ပေးနိုင်ခဲ့ပြီးအလုပ်အကိုင်အခွင့်အလမ်းများရရှိနေပြီဖြစ်ကာဘိုးဘွားရိပ်သာ၊ပရဟိတအဖွဲ့အစည်းနှင့်အခြားစောင့်ရှောက်သူအဖွဲ့အစည်းများတွင်လုပ်ငန်းခွင်ဝင်စောင့်ရှောက်လျက်ရှိကြောင်း၊ဂျပန်နိုင်ငံနှင့်ပူပေါင်းဆောင်ရွက်မှုသည်မိမိတို့အနေဖြင့်နည်းပညာအထောက်အပံ့များစွာရရှိသကဲ့သို့အလုပ်အကိုင်အခွင့်အလမ်းများကိုဖန်းတီးပေးနိုင်သည့်အတွက်ကျေးဇူးအထူးတင်ရှိပါကြောင်း၊နိုင်ငံတော်နှင့်ပြည်သူများအကျိုးရှိသဖြင့်သင်တန်းသားများပိုမိုမွေးထုတ်သွားမည်ဟုပြောကြားခဲ့ကြောင်းသတင်းရရှိပါသည်။
-
ယင်းမာပင်ခရိုင်ဦးစီးမှူးရုံးမှ သဘာဝဘေးလျော့ပါးရေးအသိပညာပေးဟောပြောမှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ယင်းမာပင်ခရိုင်ဦးစီးမှူးရုံးမှတာဝန်ရှိသူများသည် (၂၉-၆-၂၀၁၉) ရက်နေ့ နံနက်(၁၀၀၀) နာရီမှ(၁၂၀၀)နာရီအထိ ယင်းမာပင်မြို့နယ်၊ ကျောက်မှော်ကျေးရွာ၌ သဘာဝဘေးလျော့ပါးရေး အသိပညာပေးဟောပြောပွဲပြုလုပ်ခဲ့ရာ အဆိုပါဟောပြောပွဲသို့ ကျေးရွာနေပြည်သူ (၇၀) ဦးတက်ရောက်ခဲ့ကြောင်းနှင့် တက်ရောက်လာသူများအား လက်ကမ်းစာစောင်များဖြန့်ဝေခဲ့ကြောင်း သတင်းရရှိပါသည်။
-
ရခိုင်ပြည်နယ်အတွင်းရှိ တိုက်ပွဲရှောင်ပြည်သူများအား ထောက်ပံ့မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ရခိုင်ပြည်နယ်ဦးစီးမှူးရုံးမှတာဝန်ရှိသူများသည် (၂၉-၆-၂၀၁၉) ရက်နေ့တွင် ပုဏ္ဏားကျွန်းမြို့နယ်၊ ပေါက်တောပြင် ကျေးရွာ ကယ်ဆယ်ရေးစခန်းရှိ တိုက်ပွဲရှောင်ပြည်သူ အိမ်ထောင်စု (၁၀၆) စုမှ လူဦးရေ (၂၉၃) ဦးအတွက် ဆန်ရိက္ခာ (၁) လစာဖိုးထောက်ပံ့ငွေ (၂,၆၃၇,၀၀၀/-) ကျပ်အားလည်းကောင်း၊ ပိုးရွှီပြင်ကျေးရွာ ကယ်ဆယ်ရေး စခန်းရှိ တိုက်ပွဲရှောင်ပြည်သူ အိမ်ထောင်စု (၃၃၂) စု၊ လူဦးရေ (၁၇၅၂) ဦးအတွက် ဆန်ရိက္ခာ (၁) လစာဖိုးထောက်ပံ့ငွေ (၁၅,၇၆၈,၀၀၀/-) ကျပ်အားလည်းကောင်း သွားရောက်ထောက်ပံ့ခဲ့ပါကြောင်း သတင်း … Read more
-
သဘာဝဘေးလျော့ပါးရေး စေတနာ့ဝန်ထမ်း (လူငယ်)ဆင့်ပွားသင်တန်းဖွင့်လှစ်မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ရှမ်းပြည်နယ်ဦးစီးမှူးရုံးမှတာဝန်ရှိသူများသည် (၂၇-၆-၂၀၁၉)ရက်နေ့မှ (၂၉-၆-၂၀၁၉)ရက်နေ့အထိ တောင်ကြီးမြို့နယ်၌ သဘာဝဘေးလျော့ပါးရေးစေတနာ့ဝန်ထမ်း (လူငယ်)ဆင့်ပွားသင်တန်းအား သင်တန်းသူ/သား (၃၀)ဦးဖြင့် ဖွင့်လှစ်ခဲ့ကြောင်း သတင်းရရှိပါသည်။
-
တိုက်ပွဲရှောင်ပြည်သူများအား ထောက်ပံ့မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ရခိုင်ပြည်နယ်ဦးစီးမှူးရုံးမှတာဝန်ရှိသူများသည် ရခိုင်ပြည်နယ်အစိုးရအဖွဲ့၏ (၂၅-၆-၂၀၁၉) ရက်နေ့စာရင်းအရ စစ်တွေမြို့နယ်အတွင်းရှိ တိုက်ပွဲရှောင်ပြည်သူ အိမ်ထောင်စု (၃၂) စုမှ လူဦးရေ (၁၁၃) ဦးအတွက် (ဆန်၊ဆီ၊ဆား၊ပဲ) စားနပ်ရိက္ခာ (၂) ပတ်စာ ထောက်ပံ့ငွေ (၈၁၇,၄၀၀/-) ကျပ်ကို (၂၈-၆-၂၀၁၉) ရက်နေ့တွင် သွားရောက်ထောက်ပံ့ခဲ့ပါကြောင်း သတင်းရရှိပါသည်။ Source: ရခိုင်ပြည်နယ်ဦးစီးမှူးရုံး (ဘစမ) #otr #rke_jun2019
-
သဘာဝဘေးအသိပညာပေး ဟောပြောပွဲကျင်းပပြုလုပ်ခြင်းနှင့် DAN Mobile Application အားဖြန့်ဝေမှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ သဘာဝဘေးအန္တရာယ်စီမံခန့်ခွဲမှုသင်တန်းကျောင်းမှ တာဝန်ရှိသူများသည် ဟင်္သာတတက္ကသိုလ်ကျောင်းမှ တာဝန်ရှိသူများနှင့်ပူးပေါင်း၍ (၂၇-၆-၂၀၁၉)နေ့တွင် ဟင်္သာတတက္ကသိုလ်၊ ပင်မလေးထပ်ဆောင်ခန်းမ၌ သဘာဝဘေးအန္တရာယ်ဆိုင်ရာအသိပညာပေးဟောပြောပွဲကျင်းပပြုလုပ်ခဲ့ကြောင်း၊ အဆိုပါဟောပြောပွဲ၌ ဟင်္သာတတက္ကသိုလ်မှ ဒုတိယပါမောက္ခချုပ်က အဖွင့်အမှာစကားပြောကြားခြင်း၊ သဘာဝဘေးအန္တရာယ်စီမံခန့်ခွဲမှုသင်တန်းကျောင်း၊ ကျောင်းအုပ်ကြီးနှင့် နည်းပြ(၂)ဦးတို့က ဘေးအန္တရာယ်စီမံခန့်ခွဲမှုသိကောင်းစရာများနှင့် DAN Mobile Application သုံးစွဲပုံနည်းစနစ်များအကြောင်းဆွေးနွေးဟောပြောခဲ့ကြောင်း၊ ဟင်္သာတခရိုင်ဦးစီးမှူးရုံးဝန်ထမ်းများက DAN Mobile Application ဖြန့်ဝေခြင်းတို့ဆောင်ရွက်ခဲ့ကြောင်းနှင့် အဆိုပါဟောပြောပွဲအခမ်းအနားသို့ ဟင်္သာတတက္ကသိုလ်မှ ဆရာ/ဆရာမများနှင့် ကျောင်းသား/သူ စုစုပေါင်း(၆၅၀)ဦးခန့်တက်ရောက်ခဲ့ကြောင်း သတင်းရရှိပါသည်။
-
DAN Mobile Application အသိပညာပေးခြင်းဆောင်ရွက်မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ဖျာပုံခရိုင်ဦးစီးမှူးရုံးမှတာဝန်ရှိသူများသည် (၂၈-၆-၂၀၁၉) ရက်နေ့တွင် ဘိုကလေးမြို့နယ်အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်သော ရပ်ကွက်/ကျေးရွာအုပ်ချုပ်ရေးမှူးများအစည်းအဝေးတွင် ရပ်ကွက်/ကျေးရွာအုပ်ချုပ်ရေးမှူး (၁၅၀) ဦးခန့်တက်ရောက်ခဲ့ရာ တက်ရောက်လာသူများအား DAN Mobile Application အသုံးပြုပုံနည်းစနစ်များကို power point များဖြင့် ရှင်းလင်းပြောကြားခြင်းနှင့် လက်ကိုင်ဖုန်းများအတွင်းသို့ အဆိုပါ DAN Mobile Application အားထည့်သွင်းအသိပညာပေးခြင်းတို့ ဆောင်ရွက်ခဲ့ပါကြောင်း သတင်းရရှိပါသည်။ #ar #ayy_jun2019 Source: ဖျာပုံခရိုင်ဦးစီးမှူးရုံး (ဘစမ)









