လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ဖျာပုံခရိုင်ဦးစီးမှူးရုံးမှတာဝန်ရှိသူများသည် (၂၈-၆-၂၀၁၉) ရက်နေ့တွင် ဘိုကလေးမြို့နယ်အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်သော ရပ်ကွက်/ကျေးရွာအုပ်ချုပ်ရေးမှူးများအစည်းအဝေးတွင် ရပ်ကွက်/ကျေးရွာအုပ်ချုပ်ရေးမှူး (၁၅၀) ဦးခန့်တက်ရောက်ခဲ့ရာ တက်ရောက်လာသူများအား DAN Mobile Application အသုံးပြုပုံနည်းစနစ်များကို power point များဖြင့် ရှင်းလင်းပြောကြားခြင်းနှင့် လက်ကိုင်ဖုန်းများအတွင်းသို့ အဆိုပါ DAN Mobile Application အားထည့်သွင်းအသိပညာပေးခြင်းတို့ ဆောင်ရွက်ခဲ့ပါကြောင်း သတင်းရရှိပါသည်။
#ar
#ayy_jun2019
Source: ဖျာပုံခရိုင်ဦးစီးမှူးရုံး (ဘစမ)