လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ရခိုင်ပြည်နယ်ဦးစီးမှူးရုံးမှတာဝန်ရှိသူများသည် (၂၉-၆-၂၀၁၉) ရက်နေ့တွင် ပုဏ္ဏားကျွန်းမြို့နယ်၊ ပေါက်တောပြင် ကျေးရွာ ကယ်ဆယ်ရေးစခန်းရှိ တိုက်ပွဲရှောင်ပြည်သူ အိမ်ထောင်စု (၁၀၆) စုမှ လူဦးရေ (၂၉၃) ဦးအတွက် ဆန်ရိက္ခာ (၁) လစာဖိုးထောက်ပံ့ငွေ (၂,၆၃၇,၀၀၀/-) ကျပ်အားလည်းကောင်း၊ ပိုးရွှီပြင်ကျေးရွာ ကယ်ဆယ်ရေး စခန်းရှိ တိုက်ပွဲရှောင်ပြည်သူ အိမ်ထောင်စု (၃၃၂) စု၊ လူဦးရေ (၁၇၅၂) ဦးအတွက် ဆန်ရိက္ခာ (၁) လစာဖိုးထောက်ပံ့ငွေ (၁၅,၇၆၈,၀၀၀/-) ကျပ်အားလည်းကောင်း သွားရောက်ထောက်ပံ့ခဲ့ပါကြောင်း သတင်း ရရှိပါသည်။
Source: ရခိုင်ပြည်နယ်ဦးစီးမှူးရုံး (ဘစမ)
#otr
#rke_jun2019