လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ သဘာဝဘေးအန္တရာယ်စီမံခန့်ခွဲမှုသင်တန်းကျောင်းမှ တာဝန်ရှိသူများသည် ဟင်္သာတတက္ကသိုလ်ကျောင်းမှ တာဝန်ရှိသူများနှင့်ပူးပေါင်း၍ (၂၇-၆-၂၀၁၉)နေ့တွင် ဟင်္သာတတက္ကသိုလ်၊ ပင်မလေးထပ်ဆောင်ခန်းမ၌ သဘာဝဘေးအန္တရာယ်ဆိုင်ရာအသိပညာပေးဟောပြောပွဲကျင်းပပြုလုပ်ခဲ့ကြောင်း၊ အဆိုပါဟောပြောပွဲ၌ ဟင်္သာတတက္ကသိုလ်မှ ဒုတိယပါမောက္ခချုပ်က အဖွင့်အမှာစကားပြောကြားခြင်း၊ သဘာဝဘေးအန္တရာယ်စီမံခန့်ခွဲမှုသင်တန်းကျောင်း၊ ကျောင်းအုပ်ကြီးနှင့် နည်းပြ(၂)ဦးတို့က ဘေးအန္တရာယ်စီမံခန့်ခွဲမှုသိကောင်းစရာများနှင့် DAN Mobile Application သုံးစွဲပုံနည်းစနစ်များအကြောင်းဆွေးနွေးဟောပြောခဲ့ကြောင်း၊ ဟင်္သာတခရိုင်ဦးစီးမှူးရုံးဝန်ထမ်းများက DAN Mobile Application ဖြန့်ဝေခြင်းတို့ဆောင်ရွက်ခဲ့ကြောင်းနှင့် အဆိုပါဟောပြောပွဲအခမ်းအနားသို့ ဟင်္သာတတက္ကသိုလ်မှ ဆရာ/ဆရာမများနှင့် ကျောင်းသား/သူ စုစုပေါင်း(၆၅၀)ဦးခန့်တက်ရောက်ခဲ့ကြောင်း သတင်းရရှိပါသည်။