လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ရှမ်းပြည်နယ်ဦးစီးမှူးရုံးမှတာဝန်ရှိသူများသည် (၂၇-၆-၂၀၁၉)ရက်နေ့မှ (၂၉-၆-၂၀၁၉)ရက်နေ့အထိ တောင်ကြီးမြို့နယ်၌ သဘာဝဘေးလျော့ပါးရေးစေတနာ့ဝန်ထမ်း (လူငယ်)ဆင့်ပွားသင်တန်းအား သင်တန်းသူ/သား (၃၀)ဦးဖြင့် ဖွင့်လှစ်ခဲ့ကြောင်း သတင်းရရှိပါသည်။