ပြည်ထောင်စုဝန်ကြီးဒေါက်တာဝင်းမြတ်အေးမြန်မာအမျိုးသမီးများနေ့ကိုဂုဏ်ပြုကြိုဆိုတင်ဆက်သော ”ရှုတိုင်းယဉ်ဆင်တိုင်းလှဝတ်စားဆင်ယင်ထုံးဖွဲ့မှုပြပွဲ” တက်ရောက်

ဇွန်၂၈၊ရန်ကုန်

လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာနပြည်ထောင်စုဝန်ကြီးဒေါက်တာဝင်းမြတ်အေးနှင့်အဖွဲ့သည်ယနေ့မွန်းလွဲပိုင်းတွင်သုဝဏ္ဏမိုးလုံလေလုံအားကစားရုံတွင်ကျင်းပသည့်မြန်မာအမျိုးသမီးများနေ့ကိုဂုဏ်ပြုကြိုဆိုသောအားဖြင့်မြန်မာနိုင်ငံလုံးဆိုင်ရာအမျိုးသမီးကော်မတီ၏ကြီးကြပ်မှုဖြင့်မြန်မာနိုင်ငံအမျိုးသမီးရေးရာအဖွဲ့ချုပ်ကစီစဉ်တင်ဆက်သော”ရှုတိုင်းယဉ်ဆင်တိုင်းလှဝတ်စားဆင်ယင်ထုံးဖွဲ့မှုပြပွဲ”သို့တက်ရောက်ခဲ့ပါသည်။

အဆိုပါအခမ်းအနားတွင်မြန်မာနိုင်ငံလုံးဆိုင်ရာအမျိုးသမီးကော်မတီ၏ဂုဏ်ပြုသီချင်းတေးသီချင်းကိုတေးသံရှင်ပိုးမီကအဖွင့်တွင်သီဆိုခဲ့ပြီးမြန်မာနိုင်ငံအမျိုးသမီးရေးရာအဖွဲ့ချုပ်ဂုဏ်ပြုသီချင်း”အင်းအားသစ်များနှင့်အတူ” တေးသီချင်းကိုတေးသံရှင်စိုးပြည့်သဇင်နှင့်ကေကေတီတို့ကလည်းကောင်း၊ဒီဇိုင်နာမေမြတ်ဝါဆို၏”ပန်းပန်းချီရေး၊မြင်သူငေး”မြန်မာ့ရိုးရာဆင်ယဉ်ထုံးဖွဲ့မှုကိုလည်းကောင်း၊ဒီဇိုင်နာစုစုဝေ၏”မောင်မယ်တွဲဘက်၊လက်ချင်းယှက်”ဆင်ယဉ်ထုံးဖွဲ့မှုကိုလည်းကောင်း၊”မီးအိမ်ရှင်”တစ်ခန်းရပ်ပြဇာတ်ကိုလည်းကောင်း၊ဒီဇိုင်နာသျှတ္တရ၏”ကြာနွယ်ဖြင့်ဆင်း၊ခေတ်ဆန်းယဉ်” ဆင်ယဉ်ထုံးဖွဲ့မှုကိုလည်းကောင်း၊ဒီဇိုင်နာယုံးယုံး၏”ပုလဲကုံးသီသံစဉ်ညီ၊ချိုမြတေးပန်းချီ”တို့ဖြင့်လည်းကောင်း၊တစ်ခန်းရပ်ဟာဒယရွှင်ဆေးအားလည်းကောင်း၊ဒီဇိုင်နာမျိုးမင်းစိုး၏”လက်ဆင့်ကမ်းဝေ၊သာသနာအမွေ”ကိုလည်းကောင်း၊”ဘယ်သူပိုမိုက်လည်း”ပြဇာတ်တို့ဖြင့်ဖျော်ဖြေခဲ့ကြပြီးပြည်ထောင်စုဝန်ကြီးကဂုဏ်ပြုမှတ်တမ်းလွှာနှင့်ဂုဏ်ပြုပန်းခြင်းများကိုပေးအပ်ခဲ့ပါသည်။

ဆက်လက်၍မြန်မာနိုင်ငံအမျိုးသမီးရေးရာအဖွဲ့ချုပ်မှတာဝန်ရှိသူများကဂုဏ်ပြုပန်းခြင်းများဆက်လက်ပေးအပ်ခဲ့ပြီးစုပေါင်းမှတ်တမ်းတင်ဓါတ်ပုံရိုက်ကူးခဲ့ကြောင်းသတင်းရရှိပါသည်။

 

 

 

 

Sign Up

Upcoming Events