ဇွန် ၂၉၊ ရန်ကုန်
ပြည်ထောင်စုဝန်ကြီးဒေါက်တာဝင်းမြတ်အေးသည်ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်ဝန်ကြီးများနှင့်တာဝန်ရှိသူများလိုက်ပါလျက်ယနေ့နံနက်ပိုင်းတွင်ရန်ကုန်တိုင်းဒေသကြီး၊ ရွှေပြည်သာမြို့နယ်ရှိလူကုန်ကူးခံရသူများယာယီစောင့်ရှောက်ရေးဂေဟာတည်ဆောက်ရန်အတွက်ပန္နက်တင်အခမ်းအနားသို့တက်ရောက်၍ အမှာစကားပြောကြားပါသည်။
ပြည်ထောင်စုဝန်ကြီးကအဖွင့်အမှာစကားပြောကြားရာတွင်အစိုးရအနေဖြင့်မြန်မာနိုင်ငံတွင်နေထိုင်ကြသောပြည်သူများရသင့်ရထိုက်သောအခွင့်အရေးများကိုသာတူညီမျှခံစားရရှိအောင်ဆောင်ရွက်လျက်ရှိကြောင်း၊ဘေးဒုက္ခကြုံတွေ့နေကြရသောပြည်သူများကိုဒုက္ခမှလွတ်မြောက်အောင်ကယ်ဆယ်ကူညီဆောက်ရွက်ရန်အစိုးရတွင်တာဝန်ရှိကြောင်း၊လူကုန်ကူးခံရခြင်းသည်မြန်မာနိုင်ငံအတွက်ရင်ဆိုင်နေရသောစိန်ခေါ်မှုတစ်ခုဖြစ်ကြောင်း၊မိမိတို့ဘဝလူနေမှုအဆင့်အတန်းမြင့်မာလာရေး၊စာဝတ်နေမှုပြေလည်လာရေးတို့အတွက်ပြည်သူများအနေဖြင့်အသိ၊သတိတို့ဖြင့်ဆောင်ရွက်ကြရန်လိုအပ်ကြောင်း၊လူကုန်ကူးမခံရအောင်မိမိကိုယ်မိမိအသိဖြင့်ကာကွယ်ရန်အရေးကြီးကြောင်း၊လူကုန်းကူမှုတားဆီးကာကွယ်ရေးကိုပြည်ထဲရေးဝန်ကြီးဌာနကဦးစီးဆောင်ရွက်လျက်ရှိပြီးလုပ်ငန်းအဖွဲ့ခွဲ (၃)ခုအနက်မိမိတို့ဝန်ကြီးဌာနအနေဖြင့်လူကုန်ကူးခံရသူများပြန်လည်လက်ခံရေး၊ပြန်လည်ဝင့်ဆံ့ရေးနှင့်ပြန်လည်ထူထောင်ရေးလုပ်ငန်းအဖွဲ့ကိုတာဝန်ယူဆောင်ရွက်လျက်ရှိကြောင်း၊ပြည်ထဲရေးဝန်ကြီးဌာနကဦးဆောင်၍လူကုန်ကူးမှုတားဆီးရေးဥပဒေကိုခေတ်နှင့်လျော်ညီစေရန်ပြင်ဆင်၍ပြန်လည်ရေးဆွဲဆောင်ရွက်လျက်ရှိကြောင်း၊လူကုန်ကူးခံရသူများကိုကယ်ဆယ်ပြီးပါကယာယီစောင့်ရှောက်ရန်နေရာလိုအပ်ကြောင်း၊မြန်မာတစ်နိုင်ငံလုံးတွင်လူကုန်ကူးခံရသူများယာယီစောင့်ရှောက်ရေးဂေဟာကိုမန္တလေး၊မူဆယ်၊ကော့သောင်းနှင့်မြဝတီတို့တွင့် (၄) ခုရှိပြီးယခုရန်ကုန်တိုင်းဒေသကြီး၊ရွှေပြည်သာမြို့နယ်တွင်တည်ဆောက်မည့်ဂေဟာသည် (၅) ခုမြောက်ဂေဟာဖြစ်ပါကြောင်း၊ဤဂေဟာတည်ဆောက်ခြင်းသည်တစ်နိုင်ငံလုံးနှင့်သက်ဆိုင်သည်ကိုသိရှိစေလိုကြောင်း၊လူကုန်ကူးခံရသူများတွင်အမျိုးသမီးများသာမကအမျိုးသားများလည်းပါဝင်ကြောင်း၊အင်ဒိုနီးရှား၊ထိုင်းနိုင်ငံများမှမြန်မာရေလုပ်သားများလူကုန်ကူးခံရသူများကိုလေကြောင်းဖြင့်ပြန်လည်လက်ခံရခြင်းများလည်းရှိကြောင်း၊ယာယီစောင့်ရှောက်ရန်ရန်ကုန်တိုင်းဒေသကြီးတွင်နေရာလိုအပ်ကြောင်း၊မိမိတို့ဝန်ကြီးဌာနအနေဖြင့်ရန်ကုန်တိုင်းဒေသကြီးအစိုးရ၏ပူပေါင်းကူညီမှုဖြင့်အစိုးရ၏စီမံခန့်ခွဲသည့်မြေနေရာတွင်လူကုန်ကူးခံရသူများယာယီစောင့်ရှောက်ရေးဂေဟာကိုဖွင့်လှစ်နိုင်ခြင်းဖြစ်ပါကြောင်း၊ရွှေပြည်သာမြို့နယ်တွင်ဤဂေဟာဆောက်လုပ်ထားခြင်းကိုမြို့နယ်နေပြည်သူလူထုကပူးပေါင်းကူညီပေးရန်မေတ္တာရပ်ခံပါကြောင်း၊အစိုးရ၏ဆောင်ရွက်ချက်များသည်ပြည်သူများအတွက်ဖြစ်ကြောင်းပြောကြားခဲ့ပါသည်။
ထို့နောက်လျှပ်စစ်၊စက်မှုနှင့်လမ်းပန်းဆက်သွယ်ရေးဝန်ကြီးဒေါ်နီလာကျော်ကဆောက်လုပ်ရေးလုပ်ငန်များလုပ်ဆောင်ရာတွင်အရည်အသွေးကိုအဓိကထားဆောင်ရွက်စေလိုကြောင်း၊တိုင်းဒေသကြီးအစိုးရအနေဖြင့်အဆောက်အဦရေရှည်တည်တံ့ရေးပူးပေါင်းဆောင်ရွက်သွားမည်ဖြစ်ပါကြောင်းပြောကြားခဲ့ပါသည်။ထို့နောက်တာဝန်ရှိသူများကသက်ဆိုင်ရာနေရာများ၌ပန္နက်တင်မင်္ဂလာအခမ်းအနားကိုပြုလုပ်ကြပြီးစုပေါင်းမှတ်တမ်းတင်ဓါတ်ပုံရိုက်ကူးခဲ့ကြပါသည်။
ထို့နောက်ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည်ရန်ကုန်တိုင်းဒေသကြီး၊လူမှုဝန်ထမ်းဦးစီမှုးရုံး၌ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိလူမှုဝန်ထမ်းဦးစီးဌာနနှင့်ပြန်လည်ထူထောင်ရေးဦးစီးဌာနတို့တွင်တာဝန်ထမ်းဆောင်လျက်ရှိသောဝန်ထမ်းများနှင့်တွေ့ဆုံရာတွင်ရန်ကုန်တိုင်းဒေသကြီးလူမှူဝန်ထမ်းတိုင်းဒေသကြီးဦးစီမှူးကတိုင်းဒေသကြီးအတွင်းလက်ရှိဆောင်ရွက်ထားရှိမှူများ၊အားနည်းချက်၊အားသာချက်များနှင့်ရှေ့လုပ်ငန်းစဉ်များကိုတင်ပြခဲ့ရာပြည်ထောင်စုဝန်ကြီးကရာထူးအဆင့်ဆင့်သည်တာဝန်ယူဆောင်ရွက်ကြရခြင်းဖြစ်၍မိမိတို့၏ထမ်းဆောင်ရမည့်တာဝန်ကိုသိရှိကြရန်လိုအပ်ကြောင်း၊မိမိတို့လုပ်ဆောင်မှူများကြောင့်ပြည်သူများမည်မျှအကျိုးဖြစ်ထွန်းမှုရရှိသည်ကိုသိရှိရန်ကြိုးစားကြစေလိုကြောင်း၊ဝန်ကြီးဌာန၊ဦးစီးဌာနတို့၏မူဝါဒများကိုသိရှိပြီးဆောင်ရွက်ကြစေလိုကြောင်း၊ဝန်ထမ်းများအနေဖြင့်ပြည်သူများကိုအလုပ်အကျွေးပြုရမည်ဖြစ်ကြောင်း၊ငွေးကြေးထောက်ပံ့မှုများတွင်ပြည်သူ့ဘဏ္ဍာငွေများကိုပြည်သူ့ထံသို့စနစ်တကျရောက်ရှိအောင်ဆောင်ရွက်ပေးခြင်းဖြစ်ကြောင်း၊ဝန်းထမ်းများသည်ထမ်းဆောင်ရမည့်တာဝန်၊လိုက်နားရမည့်စည်းကမ်း၊စောင့်ထိန်းရမည့်ကျင့်ဝတ်တို့ကိုသေချာစွာမှတ်သားဆောင်ရွက်ကြရန်လိုအပ်ကြောင်း၊ပြည်သူများပါဝင်ဆောင်ရွက်ရန်ပြည်သူ့ဆန္ဒကိုအလေးထားကြရန်လိုအပ်ကြောင်း၊ဦးဆောင်သူများအနေဖြင့်မိမိနှင့်ပူးပေါင်းဆောင်ရွက်မည့်ဝန်ထမ်းများ၏အသံကိုနားထောင်ကာလိုက်ပါဆောင်ရွက်နိုင်စေရန်ပံံ့ပိုးဖြည့်ဆည်းမှုများပြု လုပ်ပေးကြစေလိုကြောင်း၊ဝန်ထမ်းများ၏စွမ်းဆောင်ရည်မြင့်မားလာမှသာလုပ်ငန်းများအချိန်မီနှင့်ထိရောက်စွာပြီးမြောက်၍ပြည်သူ့အကျိုးကိုဖော်ဆောင်နိုင်မည်ဖြစ်ကြောင်းပြောကြားခဲ့ပါသည်။ထို့နောက်ဝန်ထမ်းများကလုပ်ငန်းဆောင်ရွက်ရာတွင် တွေ့ကြုံရသည့်အခက်အခဲနှင့် လုပ်ငန်းလိုအပ်ချက် များကိုတင်ပြကြရာပြည်ထောင်စုဝန်ကြီး၊ညွန်ကြားရေးမှူးချုပ်တို့ကပြန်လည်ညှိနှိူင်းဆွေးနွေးပေးခဲ့ကြောင်းသိရှိရပါသည်။