Category Archives: News
-
လေဘေးသင့်ပြည်သူများအား ထောက်ပံ့ပေးမှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှု ဦးစီးဌာန၊ မိုးညိုမြို့နယ်ဦးစီးမှူးရုံးမှတာဝန်ရှိသူများသည် (၄-၇-၂၀၁၉)ရက်နေ့၌ မိုးညိုမြို့နယ်၊ ပတ္တော် ကျေးရွာအုပ်စု၊ ကြို့ကုန်းကျးရွာတွင်ဖြစ်ပွား ခဲ့သော လေဘေးမှ အမိုးလန်နေအိမ်(၂)လုံးမှ ဘေးသင့်ပြည်သူ (၁၀)ဦးအတွက် ဆန်ရိက္ခာ ဖိုးထောက်ပံ့ငွေ (၂၁,၀၀၀) ကျပ်အား (၆-၇-၂၀၁၉)ရက်နေ့ နေ့လည် (၁၃:၃၀) နာရီအချိန်တွင် မိုးညိုမြို့နယ်၊ အ.ထ.က(မိုးညို)ရှိ သရဖူခန်းမတွင် လွှတ်တော်ကိုယ်စားလှယ် များနှင့် ပြည်သူ များတွေ့ဆုံပွဲ အခမ်းအနားတွင် အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဒေါက်တာဝင်းမြင့်မှ သက်ဆိုင်ရာ ကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူးနှင့် … Read more
-
ကျောက်ပန်းတောင်းမြို့နယ်၌ ကျောင်းသား/ ကျောင်းသူ ကလေးငယ်များအား ပဲနို့အာဟာရ တိုက်ကျွေးလှူဒါန်းခြင်း စီမံချက်စတင်ဆောင်ရွက်
ဇူလိုင် ၆၊ ကျောက်ပန်းတောင်း ရွှေပါရမီပဲနို့အာဟာရ ဖောင်ဒေးရှင်း၏ မြန်မာနိုင်ငံတစ်ဝှမ်း ကျောင်းသား/ ကျောင်းသူ ကလေးငယ်များအား ပဲနို့အာဟာရတိုက်ကျွေးခြင်း စီမံချက်အရ မန္တလေးတိုင်းဒေသကြီး၊ ကျောက်ပန်း တောင်းမြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းပေါင်း (၂၉၃) ကျောင်း၌ စီမံချက်စတင်ခြင်း အထိမ်း အမှတ်အခမ်းအနားကို ယနေ့မွန်းလွဲပိုင်းက ကျောက်ပန်းတောင်းမြို့၊ အမှတ်(၁) အခြေခံပညာအထက် တန်းကျောင်းတွင် ကျင်းပပြုလုပ်ခဲ့ပါသည်။ ရှေးဦးစွာ ပညာရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးဒေါက်တာမျိုးသိမ်းကြီး၊ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးဒေါက်တာဝင်းမြတ်အေး၊ မန္တလေးတိုင်းဒေသကြီးဝန်ကြီးချုပ် ဒေါက်တာဇော်မြင့်မောင်၊ ဒုတိယဝန်ကြီးဦးစိုးအောင်၊ တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ လွှတ်တော်ကိုယ်စားလှယ်များ၊ … Read more
-
ကမ်းပြိုနှင့် လေဘးသင့်ပြည်သူများအား ထောက်ပံ့ပေးမှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထား ရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှု ဦးစီး ဌာန၊ ရေကြည်မြို့နယ်ဦးစီးမှူးရုံးမှတာဝန်ရှိသူများသည် ရေကြည်မြို့နယ် ၊ ငါးသိုင်းချောင်းမြို့၊ ရေနံသာ ကျေးရွာအုပ်စု၊ မအူကုန်းကျေးရွာအုပ်စုနှင့် ကွင်းလျားကျေးရွာအုပ်စု တို့တွင်(၂-၇-၂၀၁၉)ရက်နေ့တွင် ဖြစ်ပွား ခဲ့သော ကမ်းပြိုဘေးကြောင့် ကြိုတင်ဖျက်သိမ်းပြောင်းရွှေ့ခဲ့ရသည့် နေအိမ်(၂)လုံးအတွက် အိမ်ဆောက် ပစ္စည်းဖိုး(၂၀၀,၀၀၀)ကျပ်၊လူဦးရေ(၆)ဦးအတွက် (၇)ရက်စာရန်ပုံငွေ (၁၂၆,၀၀၀)ကျပ်၊ (၄-၇-၂၀၁၉) ရက်နေ့ တွင်ဖြစ်ပွားသောေ လဘေးကြောင့် (ပြိုကျ/ပျက်စီး)ခဲ့သည့်နေအိမ် (၄)လုံးအတွက် အိမ်ဆောက်ပစ္စည်းဖိုး (၄၀၀,၀၀၀) ကျပ်၊ လူဦးရေ(၁၄)ဦးအတွက် (၇)ရက်စာရန်ပုံငွေ(၂၉,၄၀၀)ကျပ်၊ စုစုပေါင်းရန်ပုံငွေ (၆၄၂,၀၀၀) ကျပ်နှင့် … Read more
-
ပဋိပက္ခအတွင်းအမျိုးသမီးများအား အကြမ်းဖက်မှုတားဆီး ကာကွယ်ရေးနှင့် တုံ့ပြန်ဆောင်ရွက် ရေးဆိုင်ရာ အမျိုးသားအဆင့်ကော်မတီ ဒုတိယအကြိမ် လုပ်ငန်းညှိနှိုင်း အစည်းအဝေးကျင်းပ
ဇူလိုင် ၅၊ နေပြည်တော် ပဋိပက္ခအတွင်းအမျိုးသမီးများအား အကြမ်းဖက်မှုတားဆီးကာကွယ်ရေးနှင့် တုံ့ပြန် ဆောင်ရွက်ရေးဆိုင်ရာ အမျိုးသားအဆင့်ကော်မတီ ဒုတိယအကြိမ် လုပ်ငန်းညှိနှိုင်းအစည်းအဝေး (၂/၂၀၁၉) ကို ယနေ့မွန်းလွဲပိုင်းတွင် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေး ဝန်ကြီးဌာန စုပေါင်းအစည်းအဝေးခန်းမ၌ကျင်းပရာ အဆိုပါကော်မတီဥက္ကဋ္ဌ ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေးက ဆွေးနွေး အမှာစကားပြောကြားပါသည်။ ပြည်ထောင်စုဝန်ကြီးက မိမိတို့နိုင်ငံတွင် ပဋိပက္ခများအတွင်း အမျိုးသမီးများအား အကြမ်းဖက်မှု တားဆီးကာကွယ်ရေးနှင့် တုံ့ပြန်ဆောင်ရွက်ရေးဆိုင်ရာ အမျိုးသားအဆင့် လုပ်ငန်းကော်မတီ၏ ညှိနှိုင်းအစည်းအဝေးမှာ ဒုတိယအကြိမ် ဖြစ်ပါကြောင်း၊ မိမိတို့နိုင်ငံသည် အမျိုးသမီးများနှင့်ပတ်သက်လျှင် ပဋိပက္ခများအတွင်း အကြမ်းဖက်မှုကိစ္စများသာမကဘဲ အမျိုးသမီးများ၏အခွင့်အရေးများကို ဖော်ဆောင်ပေးလျက်ရှိပါကြောင်း၊ … Read more
-
ပြည်ထောင်စုဝန်ကြီးဒေါက်တာဝင်းမြတ်အေး ကုလသမဂ္ဂဌာနေ ကိုယ်စားလှယ်နှင့် အမျိုးသမီး အဖွဲ့အစည်းများမှ တာဝန်ရှိသူများအား သီးခြားစီလက်ခံတွေ့ဆုံ
ဇူလိုင် ၅၊ နေပြည်တော် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဒေါက်တာဝင်းမြတ်အေးသည် ကုလသမဂ္ဂဌာနေကိုယ်စားလှယ်နှင့် လူသားချင်းစာနာ ထောက်ထားမှုဆိုင်ရာ ညိုနှိုင်းရေးမှူးဖြစ်သူ Mr. Knut Ostby ဦးဆောင်သောအဖွဲ့နှင့် အမျိုးသမီးအဖွဲ့အစည်းများဖြစ်သည့် ကျား၊မ တန်းတူညီမျှရေးကွန်ရက် ဥက္ကဋ္ဌ ဒေါ်စန္ဒာသန့်နှင့် မြန်မာအမျိုးသမီးများကွန်ရက်မှ ဒုတိယဥက္ကဋ္ဌ ဒေါ်ကေသီဝင်းတို့ ဦးဆောင်သောအဖွဲ့အား ယနေ့နံနက်ပိုင်းတွင် အဆိုပါ ဝန်ကြီးရုံး မေခလာခန်းမ၌ သီးခြားစီလက်ခံတွေ့ဆုံခဲ့ပါသည်။ ကုလသမဂ္ဂဌာနေကိုယ်စားလှယ်နှင့် လူသားချင်းစာနာ ထောက်ထားမှုဆိုင်ရာ ညှိနှိုင်းရေးမှူး Mr. Knut Ostby နှင့်တွေ့ဆုံရာတွင် … Read more
-
လေဘေးသင့်ပြည်သူများအား ထောက်ပံ့ပေးမှုသတင်း
ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊မြောင်းမြမြို့ နယ်၊ဒေါင့်ကြီးကျေးရွာနှင့်မဒေါ့ချောင်းကျေးရွာတို့တွင်(၁-၇-၂၀၁၉) ရက်နေ့တွင်ဖြစ်ပွားခဲ့ သော လေဘေးကြောင့် ပြိုကျပျက်စီးခဲ့သည့်အိမ်ခြေ(၁)လုံး၊ အမိုးလန်အိမ်ခြေ(၄)လုံး စုစုပေါင်းအိမ်ခြေ(၅)လုံး၊ အိမ်ထောင်စု (၅)စုမှ လူဦးရေ(၂၁)ဦး တို့လေဘေးသင့်ခဲ့ပါသဖြင့် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ မြောင်းမြခရိုင်ဦးစီးမှူးရုံးမှတာဝန်ရှိသူများသည် (၆-၇-၂၀၁၉) ရက်နေ့၊ နံနက်(၁၀:၀၀) နာရီချိန်တွင်ပြိုကျ ပျက်စီးအိမ်ခြေ(၁)လုံး အတွက်အိမ်ဆောက်ပစ္စည်းဖိုး ထောက်ပံ့ငွေ(၁၀၀,၀၀၀)ကျပ်၊ အမိုးလန်အိမ်ခြေ(၄)လုံး အတွက်(၁)အိမ်လျင်(၃၀,၀၀၀)ကျပ်နှုန်းဖြင့် (၄)လုံးအတွက်(၁၂၀,၀၀၀)ကျပ်နှင့် လူဦးရေ(၂၁)ဦး အတွက် ဆန်ရိက္ခာ(၇) ရက်စာထောက်ပံ့ငွေ (၄၄,၁၀၀)ကျပ်၊ စုစုပေါင်းထောက်ပံ့ငွေ(၂၆၄,၁၀၀)ကျပ်တို့အား ဘေးသင့် ပြည်သူများထံသို့သွားရောက်ထောက်ပံ့ပေးအပ်ခဲ့ပါကြောင်း သိရှိရပါသည်။ #ha_sgw #ayy_jul2019 … Read more
-
လေဘေးသင့်ပြည်သူများအား ထောက်ပံ့ပေးမှုသတင်း
ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊အိမ်မဲမြို့နယ်၊ပါရမီဒေါင့်ကျေးရွာ အုပ်စု၊ညောင်ဝိုင်းကျေး ရွာ၊ချောင်းဝပိုင်းကျေးရွာ၊ ညောင်ပင်စု ကျေးရွာ၊ မာလာကုန်းကျေးရွာတို့တွင်(၄-၇-၂၀၁၉) ရက်နေ့တွင်ဖြစ်ပွားခဲ့သော လေဘေးကြောင့်ပြိုကျပျက်စီးခဲ့သည့် အိမ်ခြေ(၄)လုံး၊ အမိုးလန်အိမ်ခြေ(၅)လုံး စုစုပေါင်းအိမ်ခြေ(၉)လုံး၊ အိမ်ထောင်စု(၉)စုမှ လူဦးရေ (၃၅)ဦးတို့လေ ဘေးသင့်ခဲ့ပါသဖြင့် လူမှုဝန်ထမ်း ၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေး ဝန်ကြီးဌာန ၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန၊ မြောင်းမြခရိုင်ဦးစီးမှူးရုံးမှတာဝန်ရှိသူများသည်(၆-၇-၂၀၁၉)ရက်နေ့၊နံနက်(၁၀:၀၀)နာရီချိန်တွင်ပြိုကျပျက်စီးအိမ်ခြေ(၄)လုံးအတွက်(၁)အိမ်လျင် (၁၀၀,၀၀၀)ကျပ်နှုန်းဖြင့်အိမ်ခြေ(၄)လုံး အတွက် အိမ်ဆောက်ပစ္စည်းဖိုး ထောက်ပံ့ငွေ(၄၀၀,၀၀၀)ကျပ်၊ အမိုးလန်အိမ်ခြေ(၅) လုံးအတွက်(၁)အိမ်လျင်(၅၀,၀၀၀)ကျပ်နှုန်းဖြင့် (၅)လုံးအတွက်(၂၅၀,၀၀၀)ကျပ်နှင့် လူဦးရေ(၃၅)ဦး အတွက် ဆန်ရိက္ခာ(၇) ရက်စာထောက်ပံ့ငွေ (၇၃,၅၀၀) ကျပ်၊စုစုပေါင်းထောက်ပံ့ငွေ (၇၂၃,၅၀၀)ကျပ်တို့အားဘေးသင့်ပြည်သူ များထံသို့သွားရောက်ထောက်ပံ့ပေးအပ်ခဲ့ပါကြောင်း … Read more
-
သဘာဝဘေးအသိပညာပေး ဟောပြောပွဲကျင်းပပြုလုပ်မှုသတင်း
လူမှုဝန်ထမ်း ၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေး ဝန်ကြီးဌာန ၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန ၊ မိုင်းဆတ်ခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည်(၆-၇-၂၀၁၉) ရက်နေ့ နံနက် (၁၀:၀၀)နာရီမှ (၁၁:၀၀)နာရီထိ မိုင်းဆတ်မြို့နယ်၊ မယ်နင်အုပ်စု ၊ မယ်နင်ရပ်ကွက်တွင် ပြည်သူလူထု အင်အား (၆၀)ဦးအား သဘာဝဘေးအသိပညာပေး ဟောပြောခြင်း၊ လက်ကမ်းစာစောင်များပေးကမ်းဝေငှခြင်းများ ပြုလုပ်ခဲ့ကြောင်း သိရှိရပါသည်။ #ar #shn_2019 Source: မိုင်းဆတ်ခရိုင်ဦးစီးမှူးရုံး (ဘစမ)
-
ကမ်းပြိုဘေးသင့်ပြည်သူများအား ထောက်ပံ့ပေးမှုနှင့် Cyclone Shelter များကိုကြည့်ရှု့စစ်ဆေးမှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီး ဌာန၊ ဖျာပုံခရိုင်ဦးစီးမှူးရုံးမှတာဝန်ရှိသူများသည် (၅-၇-၂၀၁၉) ရက်နေ့တွင် ဖျာပုံမြို့နယ်၊ အမာမြို့၊ နောက်မီး ကျေးရွာအုပ်စု၊ ဦးပေကျေးရွာတွင် ဦးပေချောင်းသည် (၁၅-၅-၂၀၁၉)ရက်နေ့မှ စတင်၍ ချောင်းရေတိုက်စား မှုကြောင့် ကမ်းပြိုမှုဖြစ်ခဲ့ရာ ကမ်းနှင့်မလွတ်ကင်းသည့် နေအိမ် (၃၂)အိမ်အတွက် ကြိုတင်ပြောင်းရွေ့ ရမည် ဖြစ်ခြင်းအတွက်အိမ်ခြေ/ အိမ်ထောင်စု(၃၂)စုအတွက် အိမ်ဆောက်ပစ္စည်းဖိုးငွေ (၁,၆၀၀,၀၀၀) ကျပ်၊ ဆန်ဖိုး ငွေလူဦးရေ(၁၃၉)ဦးအတွက် (၂၉၁,၉၀၀) ကျပ်တို့ကို ဖျာပုံမြို့နယ်ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် အဖွဲ့နှင့် အတူကမ်းပြိုဘေးဖြစ်ပွားသည့် … Read more
-
School Cum Shelter တည်ဆောက်နေမှုအား သွားရောက်စစ်ဆေး ကြည့်ရှု့မှု သတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီး ဌာန၊ စစ်ကိုင်းတိုင်းဒေသကြီးဦးစီးမှူး(ဘစမ)နှင့် တာဝန်ရှိသူများသည် ခန္တီးခရိုင်၊ ဟုမ္မလင်းမြို့နယ်၊ မုက္ကလိကျေးရွာတွင် တည်ဆောက်လျှက်ရှိသော School Cum Shelter တည်ဆောက်နေမှုအား ဟုမ္မလင်းမြို့နယ် အရည်အသွေး စီစစ်ရေးကော်မတီများနှင့်အတူ (၆-၇-၂၀၁၉)ရက်နေ့တွင် သွားရောက်စစ်ဆေးကြည့်ရှု့ခဲ့ ကြောင်း သိရှိရပါသည်။ #sgg_jul2019 Source: ခန္တီးခရိုင်ဦးစီးမှူးရုံး (ဘစမ)









