လေဘေးသင့်ပြည်သူများအား ထောက်ပံ့ပေးမှုသတင်း

 

6_Pic_01

ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊အိမ်မဲမြို့နယ်၊ပါရမီဒေါင့်ကျေးရွာ အုပ်စု၊ညောင်ဝိုင်းကျေး ရွာ၊ချောင်းဝပိုင်းကျေးရွာ၊ ညောင်ပင်စု ကျေးရွာ၊ မာလာကုန်းကျေးရွာတို့တွင်(၄-၇-၂၀၁၉) ရက်နေ့တွင်ဖြစ်ပွားခဲ့သော လေဘေးကြောင့်ပြိုကျပျက်စီးခဲ့သည့် အိမ်ခြေ(၄)လုံး၊ အမိုးလန်အိမ်ခြေ(၅)လုံး စုစုပေါင်းအိမ်ခြေ(၉)လုံး၊ အိမ်ထောင်စု(၉)စုမှ လူဦးရေ (၃၅)ဦးတို့လေ ဘေးသင့်ခဲ့ပါသဖြင့် လူမှုဝန်ထမ်း ၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေး ဝန်ကြီးဌာန ၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန၊ မြောင်းမြခရိုင်ဦးစီးမှူးရုံးမှတာဝန်ရှိသူများသည်(၆-၇-၂၀၁၉)ရက်နေ့၊နံနက်(၁၀:၀၀)နာရီချိန်တွင်ပြိုကျပျက်စီးအိမ်ခြေ(၄)လုံးအတွက်(၁)အိမ်လျင် (၁၀၀,၀၀၀)ကျပ်နှုန်းဖြင့်အိမ်ခြေ(၄)လုံး အတွက် အိမ်ဆောက်ပစ္စည်းဖိုး ထောက်ပံ့ငွေ(၄၀၀,၀၀၀)ကျပ်၊ အမိုးလန်အိမ်ခြေ(၅) လုံးအတွက်(၁)အိမ်လျင်(၅၀,၀၀၀)ကျပ်နှုန်းဖြင့် (၅)လုံးအတွက်(၂၅၀,၀၀၀)ကျပ်နှင့် လူဦးရေ(၃၅)ဦး အတွက် ဆန်ရိက္ခာ(၇) ရက်စာထောက်ပံ့ငွေ (၇၃,၅၀၀) ကျပ်၊စုစုပေါင်းထောက်ပံ့ငွေ (၇၂၃,၅၀၀)ကျပ်တို့အားဘေးသင့်ပြည်သူ များထံသို့သွားရောက်ထောက်ပံ့ပေးအပ်ခဲ့ပါကြောင်း သိရှိရပါသည်။
 
#ha_sgw
#ayy_jul2019
 
 
Source: မြောင်းမြခရိုင်ဦးစီးမှူးရုံး(ဘစမ)

Sign Up

Upcoming Events